Tommy Mello

Tommy Mello PARASITE SAGA

16/05/2026

Kap Kap Universe

ပုံဆွဲဖို့ ဝယ်ထားတဲ့ Pen နဲ့ လက်ကမြင်းထားတာလေးတချို့နောက်ပိုင်း process တွေကိုတော့ ဒီအကောင်လေးတွေရဲ့Kap Kap Universe မှာ...
12/05/2026

ပုံဆွဲဖို့ ဝယ်ထားတဲ့ Pen နဲ့
လက်ကမြင်းထားတာလေးတချို့

နောက်ပိုင်း process တွေကိုတော့ ဒီအကောင်လေးတွေရဲ့
Kap Kap Universe မှာ ဆက်လက်တင်ပေးသွားပါမယ်

KapKap ( Prototype ) Mark i, ii & iii


စီးရီးအသစ်ထွက်မယ်လုပ်တော့ ဘာလိုနေလဲဆိုရင်ကျွန်တော် ဇာတ်လမ်းတစ်ပုဒ်ကို အစအဆုံး အကြမ်းဖျင်းပြောပြဖို့လိုနေတာ။ ရေးထားတဲ့ ဇာ...
22/04/2026

စီးရီးအသစ်ထွက်မယ်လုပ်တော့ ဘာလိုနေလဲဆိုရင်
ကျွန်တော် ဇာတ်လမ်းတစ်ပုဒ်ကို အစအဆုံး အကြမ်းဖျင်းပြောပြဖို့လိုနေတာ။ ရေးထားတဲ့ ဇာတ်လမ်းကလည်း ကာတွန်းစာအုပ် ဒါမှမဟုတ် animation တစ်ခု မဟုတ်နေရင် ကျွန်တော်ပြောချင်တဲ့ ဇာတ်အိမ်ကို မြင်လာဖို့က မလွယ်ပြန်ဘူး။ မလွယ်ပေမယ့် ပြည်တွင်းက artist တွေနဲ့ ပေါင်းပြီး တစ်ခုခုထွက်လာဖို့တော့ လုပ်နေပါတယ်။
လောလောဆယ်တော့ ကျွန်တော်ကိုယ်တိုင် audience ကို ပေါ့ပေါ့ပါးပါး ပြောပြနေတဲ့ narrative ပုံစံတစ်ခုအရင်လုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ မူရင်း ဇာတ်လမ်းက ဇာတ်ကောင်တွေရဲ့ dialogue တွေ emotion တွေကိုတော့ ချန်လှပ်ထားပါကြောင်း။
ဒီမှာဖတ်ရမယ့် A PARASITE STORY ကတော့
2022 ကနေယနေ့အချိန်ထိ ကျွန်တော်ဆွဲနေတဲ့ပုံတွေရဲ့
ချက်ဆက်မှုတစ်ခုကို မြင်သာအောင်ပြောပြထားခြင်းပဲဖြစ်ပါတယ်။

So...enjoy!

( တကယ့် series က မထွက်သေးပါ။ ဒါက မထွက်ခင် သိထားသင့်တဲ့ အပိုင်းလေးတစ်ခုပါပဲ။ )


ယနေ့ည ( 8 ) နာရီ တင်ချင်တင်မည်...
21/04/2026

ယနေ့ည ( 8 ) နာရီ တင်ချင်တင်မည်...

Coming soon...
19/04/2026

Coming soon...


09/04/2026

Mouse အားကုန်သွားရင်
ဘယ်လို paint လဲ...?


The Others & Limbo are now available in Liquid Laminated Archival Prints.Artwork DetailsSize - 18in x 24in Material - Li...
08/04/2026

The Others & Limbo are now available in Liquid Laminated Archival Prints.

Artwork Details

Size - 18in x 24in
Material - Liquid Laminated Archival Print
Total edition - 3 ( never reprinted )

Collector Details
•Every piece is signed, numbered, and dated.
•Full buyout gives the collector complete ownership of all editions.
•All works come with a Certificate of Authenticity.

DM to order.
+95676792684 ( Viber / Telegram )

05/04/2026

ဒီပုံမှာ ပထမဦးဆုံး ပြောပြချင်တာကတော့ sketch အကြောင်းပါ။ Sketch ကို ကျွန်တော် Game Poster တစ်ခုကနေ inspiration ရပြီး လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဆွဲခဲ့တာဖြစ်ပါတယ်။ ရှေ့မှာ The Others ဆိုတဲ့ ဇီးကွက်ရုပ်တွေနဲ့ ပုံတစ်ပုံလည်း ထွက်ထားတာမို့အခုပုံမှာတော့ တခြား မြန်မာရိုးရာအရုပ်တွေကို ပိုပြီး အသားပေးဖော်ပြမယ့် ပုံစံကို စဉ်းစားခဲ့တာပါ။
Sketch ဆိုတော့ Composition ချတာပါမယ်။
ကျွန်တော့် series က Character ပါမယ်။ Detailsတော့ မဆွဲထားပေမယ့် ပုံတစ်ပုံက အဆုံးသတ်မှာ ဘယ်လိုပုံစံဖြစ်မလဲဆိုတာလောက်ကို စိတ်ကူးပုံဖော်လို့ရရင် digital ပေါ်မှာ ဆက်ဆွဲလို့ရပါပြီ။
ပုံအတွက် Theme ရွေးတော့ Steampunk ပုံစံမျိုး မဆွဲဖူးသေးတဲ့အတွက် စမ်းပြီးဆွဲကြည့်ဖို့ စိတ်ကူးလိုက်ပါတယ်။ ကျွန်တော်ဆွဲနေကျ Futuristic, Space, Cyperpunk, Imagination ပုံစံတွေကနေ ခွဲထွကိကြည့်ချင်တာလည်းပါပါတယ်။
ပုံမှာ ကြည့်တဲ့သူကို အိပ်ယာဝင်ပုံပြင်တစ်ပုဒ် နားထောင်နေရသလို ခံစားချက်မျိုးရယ် လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို သူငယ်ငယ်ကအကြောင်းတွေပြောပြနေတဲ့ ခံစားချက်မျိုးပေးးဖို့လည်းစိတ်ကူးရှိခဲ့တယ်။
ကျွန်တော်တို့ငယ်ငယ်က မြင်ဖူူး ကြားဖူး ထိတွေ့ ကစားဖူးတဲ့ အရာတွေ...ဒီပုံမှာတော့ မြန်မာအရုပ်တွေကို ဦးစားပေးတာမို့ အရုပ်တွေပေါ့လေ။ အဲ့ဒါတွေကို တစ်ခုချင်းစီ list လုပ်ပြီးထည့်လိုက်ပါတယ်။

ငယ်ဘဝအကြောင်းတွေပြောရမယ်ဆိုရင်တော့
စာအုပ််တွေပါမယ်၊ အရုပ်တွေပါမယ်၊ ကစားကွင်းကအကြောင်းတွေပါမယ်၊ ယွန်းထည်ပစ္စည်းလေးတွေပါမယ်။အိုးပုတ်ပါမယ်။ ကျွန်တော်ဒီပုံလက်စမသတ််ခင် အချိန်အနည်းငယ်အလိုမှာ ငယ်ငယ်တုန်းက လေးဂွတစ်လက်နဲ့ လျှောက်သွားခဲ့တာ သတိရသွားလို့ အိမ်က လေးဂွကို ဓာတ်ပုံရိုက်ပြီးထည့်လိုက်ပါသေးတယ်။

အဲ့လိုကနေ အသေးအမွှားလေးတွေလိုက်ထည့်ရင်း
Final Artwork က ဒီပုံရလာပါတယ်။ ပုံနောက်ကွယ်က ဖန်တီးမှုကတော့ ဒီမှာပြီးပါပြီ။

----------------------
Storyline ကတော့ ဒီ Kap Kap ဆိုတဲ့ အကောင်လေးတွေရဲ့ စွန့်စားခန်းအကြောင်းပါ။ သူတို့ရောက်သွားတဲ့နေရာဟာ စွန့်ပစ်ခံထားရတဲ့နေရာတစ်ခုနဲ့ ဆင်တူပြီးတော့ သူတို့ ဖြစ်တည်လာတဲ့ ပတ်ဝန်းကျင်တစ်ခုကို
တခါပြန်ရောက်သွားသလိုမျိုး ဆွဲထားတာဖြစ်ပါတယ်။

[ Kap Kap ဟာ Parasite ဖြစ်ပါတယ်။
Parasite တွေ ရဲ့ Original Story ကိုတော့ page ထဲမှာ ရှာဖတ်နိုင်ပါတယ် ]

" Limbo " လို့အမည်ပေးထားပါတယ်။
ဒီartwork က Limited Number နဲ့ထုတ်တဲ့
ပုံဖြစ်တာမို့ Reserved လုပ်ထားတာတွေဖယ်လိုက်ရင်
2 ပုံပဲ ကျန်ပါတော့မယ်။ ဝယ်ယူချင်တယ်ဆိုရင်တော့
ကျွန်တော့်ရဲ့ profile မှာရှိတဲ့ ဖုန်းနံပတ်ကိုဆက်ပြီး
မှာယူနိုင်ပါတယ်။

အဆုံးထိဖတ်ပေးလို့ကျေးဇူးပါ✌️



04/04/2026

The Making of " Limbo "


The Others - 2026 [ 18 x 24 လက်မ ]Print ထုတ် ဘောင်ခတ်ပြီး...
21/03/2026

The Others - 2026 [ 18 x 24 လက်မ ]
Print ထုတ် ဘောင်ခတ်ပြီး...


Address

Mandalay

Alerts

Be the first to know and let us send you an email when Tommy Mello posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tommy Mello:

Share