Renji Vlog

Renji Vlog Let me show you the beautyful places

ရန်ကုန်မြို့ရဲ့ လူမစည်သေးသောညနေခင်း
10/03/2026

ရန်ကုန်မြို့ရဲ့ လူမစည်သေးသောညနေခင်း


2025၏ တစ်ပိုင်းတစ်စ
17/01/2026

2025၏ တစ်ပိုင်းတစ်စ

16/01/2026


#မြန်မာ့မီးရထား

11/07/2025


10/07/2025

ပိတ်ချင်းမြောင် သုံးထပ်ရေတံခွန် 💚

#သဘာဝနှင့်တွေ့ဆုံခြင်း

07/07/2025
ဒီတစ်ခေါက် ပြင်ဦးလွင်ဘက် ခရီးထွက်ရင်း သဘာဝနဲ့တွေ့ဆုံဖြစ်ခဲ့ပုံလေးတွေ
07/07/2025

ဒီတစ်ခေါက် ပြင်ဦးလွင်ဘက် ခရီးထွက်ရင်း
သဘာဝနဲ့တွေ့ဆုံဖြစ်ခဲ့ပုံလေးတွေ

အားလုံးဘဲ မင်္ဂလာပါR a z o r page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် ဒီနေ့ ရောက်ခဲ့တဲ့ ကော်ဖီဆိုင်လေးကတော့ " ကို လူ...
13/02/2025

အားလုံးဘဲ မင်္ဂလာပါ
R a z o r page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်
ကျွန်တော် ဒီနေ့ ရောက်ခဲ့တဲ့ ကော်ဖီဆိုင်လေးကတော့
" ကို လူ ကြမ်း ကဖေး "ဘဲဖြစ်ပါတယ်
တကူးတက သွားတာလဲ မဟုတ်တာကြောင့်
ဖုန်းအားမရှိလို့ ပုံလေးတွေတော့သေချာမရိုက်ဖြစ်ခဲ့ပါဘူး
ထင်ထားတာထက် ပိုလှနေတာဖြစ်လို့မရောက်ဖူးသေးဘူးဆို
တစ်ပုံချင်းဆီက စာလေးတွေဖတ်ပြီး
သွားကြည့်ဖို့အကြံပေးပါတယ်ဗျာ
ဆိုင်လေးက တာမွေ သီတာလမ်းအဆုံးနားလေးမှာရှိတာမို့
သီတာမှတ်တိုင်မှာ ဆင်းပြီးရင် လမ်းလေးနည်းနည်းတော့
10မိနစ် လောက် ထပ်လျှောက်ရပါတယ်
ရောက်တဲ့ နံပါတ်တွေကတော့ တာမွေ ကျောက်မြောင်းကို ရောက်တဲ့
ဘယ်ကားမဆို စီးလို့ရပါတယ် နံပါတ်တွေ အရမ်းများလို့
အနည်းကျဉ်းလောက်ဘဲရေးပါတော့မယ်
9/20/25/27/64/65/85/129 နောက်ထပ်လည်းရှိပါသေးတယ်နော်

ဒါဆို ဆိုင်ရဲ့ အားသာချက် အားနည်းချက်လေးတွေအဆုံးထိ
ဖတ်ပေးသွားပါအုံးဗျ🤍



#ကိုလူကြမ်းကဖေး

Bagan Part [2]💚
11/02/2025

Bagan Part [2]💚

ပုဂံသွားပြီးတာတော့ ကြာပေမဲ့ပုံလေးတွေတော့ခုမှဘဲ edit ပြီးတင်ဖြစ်ပါတော့တယ်အကုန်လုံးက ကိုယ်တိုင်ရိုက်ထားတာပါ🤍Bagan Part (1)
04/02/2025

ပုဂံသွားပြီးတာတော့ ကြာပေမဲ့
ပုံလေးတွေတော့ခုမှဘဲ edit ပြီးတင်ဖြစ်ပါတော့တယ်

အကုန်လုံးက ကိုယ်တိုင်ရိုက်ထားတာပါ🤍

Bagan Part (1)

အားလုံးဘဲ မင်္ဂလာပါ ကျွန်တော် ဒီနေ့ ရောက်ခဲ့တဲ့ ဆိုင်လေးကတော့"Dunamis" လို့ခေါ်တဲ့ coffee shop လေးဖြစ်ပါတယ်ဒီဆိုင်လေးက တ...
12/01/2025

အားလုံးဘဲ မင်္ဂလာပါ
ကျွန်တော် ဒီနေ့ ရောက်ခဲ့တဲ့ ဆိုင်လေးကတော့
"Dunamis" လို့ခေါ်တဲ့ coffee shop လေးဖြစ်ပါတယ်

ဒီဆိုင်လေးက တော်တော်များများသတိမထား
မိလောက်မဲ့ ဆိုင်မျိုးလေးပေါ့နော်
နေရာလေးက လှည်းတန်းက ဇေယျာသီရိလမ်းထဲမှာဗျ
ကျွန်တော်တောင် လှည်းတန်းခဏခဏရောက်ပေမဲ့သတိ
မထားမိဘူးပေါ့နော် ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင်
ဒီဆိုင်လေးမှာ ထိုင်ခဲ့မိပါတယ် ။

သင်က ဓာတ်ပုံလှလှလေးတွေရိုက်ချင်တယ်ဆိုရင်တော့
ဒီဆိုင်‌လေးက သင့်အတွက်မဟုတ်ပါဘူး
လှည်းတန်းမှာ သင်တန်းတက်နေတဲ့သူတွေ အတန်းပြီးရင်
အေးဆေးလာ chill လို့ကောင်းတဲ့ဆိုင်လေးပါ ။

ဆိုင်လေးထဲမှာ ဘာတွေရှိလဲ
ဘယ်လိုလေးတွေအားသာလဲ အားနည်းလဲဆိုတာ
အောက်က တစ်ပုံချင်းစီမှာကြည့်သွားပေးပါအုံးဗျ 🤍



#ကော်ဖီဆိုင်

ဒီနေ့သွားခဲ့တဲ့ Cafe shopလေးတစ်ခုအကြောင်းကိုsharing လုပ်ပေးချင်ပါတယ်ဗျ အစကတော့ video vlogလေးလုပ်ချင်ပေမဲ့အသံသွင်းဖို့အခက...
06/01/2025

ဒီနေ့သွားခဲ့တဲ့ Cafe shopလေးတစ်ခုအကြောင်းကို
sharing လုပ်ပေးချင်ပါတယ်ဗျ
အစကတော့ video vlogလေးလုပ်ချင်ပေမဲ့
အသံသွင်းဖို့အခက်အခဲရှိနေတာကြောင့်
စာလေးနဲ့ဘဲရေးတင်ပါအုံးမယ် နောက်မှ videoတွေနဲ့လာပါမယ်ဗျ

ခုတင်တဲ့ post‌ လေးကတော့ ဒီဆိုင်ကိုသွားဖို့စဉ်းစားထားတဲ့သူ‌‌တွေအတွက်‌ ရွေးချယ်လို့သင့်မသင့်တင်‌‌ပေးတာဖြစ်ပါတယ်ဗျာ။

တော်တော်များများတော့သတိထားမိမယ်ထင်တဲ့
"အချစ်ကဖေး" ဆိုတာလေးကို ဒီနေ့သွားခဲ့တယ်ပေါ့နော်
ကျွန်တော်ရောက်ရောက်ခြင်းဆိုင်ထဲကို ဝင်လိုက်တော့သူ့ဆိုင်က
ထူးထူးဆန်းဆန်းတော့ဖြစ်နေပါတယ် cafe shopဆိုတာထက်
Mini restaurant ပုံစံမျိုးလေးပေါ့နော် အစားအစာ menuတွေများတယ်
Cafe shop vibeတော့သိပ်မရပါဘူး ပုံများများရိုက်ချင်တဲ့သူတွေအတွက်တော့ရွေးချယ်လို့ကောင်းမဲ့ထဲမပါပါဘူးဗျ
ကျန်တာလေးတွေတော့မဆိုးဘူးမို့ အောက်က တစ်ပုံချင်းဆီမှာ
ရေးထားတာတွေကိုဝင်ကြည့်သွားလိုက်ပါအုံးဗျ

Bus နဲ့လာမယ်ဆို 95/8/33တို့ရောက်ပြီး ကန်တော်ကြီး ကရဝိတ်ဖောင်ကိုသွားတဲ့အပေါက်ကနေဝင်သွားရင် ဆိုင်လေးကို လှမ်းမြင်ရပါတယ်


#အချစ်ကဖေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Renji Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category