31/07/2026
ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့က ငှက်ကြီးဝန်ပိုတွေ မိုးယွန်းကြီးအင်းထဲမှာ ရောက်နေကြပြီဆိုပြီး သတင်းရတာနဲ့ ငှက်ဓါတ်ပုံရိုက်ကြတဲ့ညီကိုတွေနဲ့ စုပြီး ဓါတ်ပုံသွားရိုက်ဖြစ်ပါတယ်။ သတင်းရတာနဲ့ ချက်ချင်းစီစဉ်ပြီးသွားခဲ့ပေမယ့် နယ်ခံအစ်ကိုတွေရဲ့ အစစအရာရာ သေချာပြင်ဆင်ပေးထားမှုနဲ့ပဲ ငှက်ကြီးဝန်ပိုတွေကို တွေ့ခွင့်၊ ဓါတ်ပုံရိုက်ခွင့် ရခဲ့ပါတယ်။
ပထမမနက်ပိုင်း ၂ နာရီကျော် အင်းထဲမှာ လှေနဲ့လိုက်ရှာပေမယ့် ငှက်မတွေ့တာနဲ့ စိတ်ဓါတ်နည်းနည်းကျခဲ့ပေမယ့်၊ နေ့လည်စာ ထမင်းစားသောက်ပြီးလို့ ပြန်အထွက်မှာ အခုလို ငှက်ကြီးဝန်ပိုစုံတွဲကို ဓါတ်ပုံ ရိုက်ခွင့်ရခဲ့တော့ အတိုင်းမသိ ပျော်ခဲ့ရပါတယ်။
ငှက်ကြီးဝန်ပိုတွေအကြောင်းပြောရရင် ဒီငှက်ကြီးတွေက ကျွန်တော်တို့နဲ့ မစိမ်းကြပါဘူး။ ဟိုးငယ်ငယ် ကျွန်တော်တို့ ကလေးဘဝကတည်းက သူတို့အကြောင်း ကဗျာတွေ၊ စာတွေ၊ ပုံပြင်တွေနဲ့ ထိတွေ့ဖူး ကြားဖူးကြမှာပါ။ အဲ့ထဲက အမှတ်ရတာလေး ရှိသေးရင် Comment မှာ ပြောပေးခဲ့ပါဦး။ လိုက်ဖတ်ချင်လို့ပါ။ 🤩🤩
Bird ID - Spot-billed Pelican
Myanmar Name - ငှက်ကြီးဝန်ပို
Scientific Name - Pelecanus philippensis
Location - Moe Yun Gyi Wildlife Sanctuary, Bago, Myanmar
Photography © Aung Htay Oo
Gears;
OM System OM-1 Mark II with
Olympus M.Zuiko ED 300mm F4 IS Pro