Koe V_log

Koe V_log Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Koe V_log, Sakura Tower, Yangon.

31/10/2021

နေ့တိုင်းတွေ့ချင်တာ

ဓါတ်ပုံ ပညာကို ၀ါသနာပါရုံ မဟုတ်ဘူး။ဓါတ်ပုံနဲ့ ပတ်သက်လို့ ဓါတ်ပုံ တပုံချင်းစီ ကနေကျတော့်ကို ခံစားမှု ရသ ပေးနေသလိုကို ခံစာ...
28/10/2021

ဓါတ်ပုံ ပညာကို ၀ါသနာပါရုံ မဟုတ်ဘူး။

ဓါတ်ပုံနဲ့ ပတ်သက်လို့ ဓါတ်ပုံ တပုံချင်းစီ ကနေ
ကျတော့်ကို ခံစားမှု ရသ ပေးနေသလိုကို ခံစားတတ်တာ။

ငယ်ငယ်တည်းက ဓါတ်ပုံတွေ အများကြီး ရိုက်ပြီး
ကြီးပျင်းခဲ့ရသလို။

သူများကို ဓါတ်ပုံ လှလှ ရိုက်ရတာကိုလဲ
စိတ်၀င်စားခဲ့တာ။

ကောင်းကောင်းမွန်မွန် ပြောရင် ကျ အားလုံး အဆင်ပြေပြီး။သူတို့ဘက်က အချိုးမပြေလည်နားလည် ဆက်ဆံ ပေးတတ်ပေမယ့်ဒေါသထွက်အောင် လုပ်တ...
11/09/2021

ကောင်းကောင်းမွန်မွန် ပြောရင် ကျ အားလုံး
အဆင်ပြေပြီး။

သူတို့ဘက်က အချိုးမပြေလည်နားလည်
ဆက်ဆံ ပေးတတ်ပေမယ့်

ဒေါသထွက်အောင် လုပ်တာတောင်
အဆုံးအထိ သီးခံ ပေးနိုင်တဲ့အထိ သီးခံတယ်။

တခါတလေ စိတ်တွေရှုပ်နေလို့
စိတ်တိုအောင် လုပ်လို့ ပြောမိလို်က်ရင်

ရိုင်းတဲ့အခါကျရင် အရမ်းရိုင်းတာပဲ ဆိုပြီး
လူတွေ သတ်မှတ်လိုက်ကြတယ်။

စိတ်တိုအောင် အမြဲ လုပ်သူတွေရဲ့ အ​ေ၀းမှာပဲ
နေချင်တယ်။

နားလည်မှု ရှိရှိ သူဘက် ကိုယ့်ဘက် ကြည့်ပြီး
ဆက်ဆံ တတ်တဲ့ သူ အရမ်းရှားတယ်။

လူတယောက်က အလုပ်တခုကို ထူးချွန်အောင်လုပ်နိုင်တယ်ဆိုတာ...(1) သူ့ရဲ့ အတွေးကို ​လေးစားပြီး လွတ်လပ်ခွင့်ပေးထားတဲ့ အသိုင်းအဝို...
26/08/2021

လူတယောက်က အလုပ်တခုကို ထူးချွန်အောင်
လုပ်နိုင်တယ်ဆိုတာ...

(1) သူ့ရဲ့ အတွေးကို ​လေးစားပြီး လွတ်လပ်ခွင့်
ပေးထားတဲ့ အသိုင်းအဝိုင်း...

(သို့မဟုတ်)

(2) လုပ်သမျှကို ပံ့ပိုးပေးနိုင်တဲ့ အသိုင်းအဝိုင်း

အဲ့လို အသိုင်းအဝိုင်းတွေ ​ပိုင်ဆိုင်ထားတဲ့ သူဟာ
သူများထပ် ပိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိ
သလို...

အရာအားလုံးက ကြိုးစားရင် ကြိုးစားသလောက်
ဖြစ်မှာပဲလေ... .... ....

သူဌေးများမဖတ်ရ။"မနေ့က bar တစ်ခုမှာ ညစာသွားစားကြတော့အရက်မသောက်တာမို့  သုံးသောင်းလောက်ပဲကျသင့်ပါတယ်။ပြန်အမ်းငွေ ၇၅၀ ယူရမှာ...
25/08/2021

သူဌေးများမဖတ်ရ။"

မနေ့က bar တစ်ခုမှာ ညစာသွားစားကြတော့
အရက်မသောက်တာမို့ သုံးသောင်းလောက်ပဲကျသင့်ပါတယ်။
ပြန်အမ်းငွေ ၇၅၀ ယူရမှာကို ကျွန်တော်ကစောင့်နေတော့
သူငယ်ချင်းကပြောပါတယ်......
"ဘာလို့ယူနေမလဲ ထားခဲ့တော့လေ"တဲ့...
"ဟင့်အင်း ယူရမယ်" ဆိုပြီးယူခဲ့တယ်။
ကားပေါ်ရောက်တော့ ပြန်အမ်းငွေရာဂဏန်းလောက်ကို
စောင့်ယူရမလားဆိုပြီး ပြောပါတယ်

ကျွန်တော်ပြောလိုက်တယ်....

ကြက်တောင်ပံကြော် ၄ခုကို ၇၅၀၀ပေးပြီးစားခဲ့ရတယ်
ကျန်တဲ့ထမင်းကြော် ဘာညာက
သာမန်ဆိုင်တွေထက် တပွဲကိုနှစ်ထောင်လောက်စျေးပိုကြီးနေတယ်
နောက် အရသာကောင်းလားဆိုမကောင်းပြန်ဘူး
အခွန်လည်း တစ်ထောင်ကျော်ဆောင်ထားတယ်
မှာပြီးရင်သေအောင်ကြာတဲ့
ခေါ်မကြားအော်မကြား waiter တွေအတွက်
service tax ၂၅၀၀ ပေးခဲ့ရတယ်
ဒါကိုကျွန်တော်က ဘာအတွက်နဲ့
ပြန်အမ်းငွေကိုမယူဘဲထားပစ်ခဲ့ရမှာလဲ???

ဘယ်သူပဲရှင်းခဲ့ရှင်းခဲ့
ရှင်းရတဲ့ပိုက်ဆံတွေဟာ ကျွန်တော်တို့ပိုက်ဆံတွေဖြစ်တယ်....
အလကားရထားတာမဟုတ်ဘဲ
အလုပ်လုပ်ပြီးရှာထားရတဲ့ပိုက်ဆံတွေဖြစ်တယ်....
ဒါကြောင့်နှမြောပါတယ်။

ခရီးတွေသွားလို့ hotel တွေမှာတည်းရင်
သူတို့ပေးတဲ့ ဆပ်ပြာ သွားတိုက်တံ
body lotion shampoo တွေကို ထားမပစ်ခဲ့ပါဘူး
အကုန်သယ်ပါတယ်။
အိမ်မှာတစ်ယောက်ယောက်ဖြစ်ဖြစ်
ဧည့်သည်လာရင်ပဲဖြစ်ဖြစ် ရံဖန်ရံခါအသုံးတည့်ပါတယ်။
(တခါတရံအိမ်ကကောင်မလေးတွေလဲသုံးလို့ရပါတယ်..)
ကျွန်တော်တို့ပေးထားတဲ့ hotel ခတွေဟာ
အဲဒီဝန်ဆောင်မှုတွေအတွက်ပါ
ထည့်ရှင်းထားပြီးသားဖြစ်ပါတယ်။
Breakfast ကိုလည်းစားဖြစ်အောင်စားပါတယ်။

ညစာစားပွဲတွေမှာလည်း
ဘယ်သူကပဲကျွေးကျွေး
ဘယ်သူကပဲရှင်းရှင်း
ကုန်နိုင်သလောက်သာ မှာပါတယ်။
မကုန်လောက်ဘူးလို့ ယူဆရင်တော့
ဟင်းပွဲတွေကိုမစားခင် သီးသန့်ဖယ်ထားပြီး
ဖော့ဘူးနဲ့ထည့်ခိုင်းပါတယ်။
ကိုယ့်မိတ်ဆွေတွေပဲပြန်သယ်သယ်
ကိုယ်ပဲပြန်သယ်သယ်
အိမ်မှာသန့်သန့်လေးစားလို့ရပါတယ်။
ဒါမှမဟုတ် အပြန်လမ်းမှာတွေ့နိုင်တဲ့
ထမင်းမစားရသေးတဲ့ လမ်းပေါ်က
ကလေးတချို့ကိုလည်းပေးခဲ့နိုင်ပါသေးတယ်။
တရိစ္ဆာန်ချစ်သူတစ်ယောက်ဆိုရင်လည်း
လမ်းပေါ်ကလေလွင့် ခွေးလေးတွေကြောင်လေးတွေကို
ကျွေးနိုင်သေးတာပဲ.....
(အားလုံးဟာ အကျန်မဟုတ်ဘဲ
သီးသန့်ဟင်းပွဲအသစ်တွေပါ)

ဒါဆို နည်းနည်းထပ်တွေးကြည့်ရင်....

ကိုယ်ရှာထားရတဲ့ပိုက်ဆံကို
စျေးကြီးပေးစားရပြီး
မကုန်တဲ့ဟင်းပွဲတွေကို ဘာလို့ထားခဲ့ရမလဲ?
ကိုယ့်ငွေနဲ့ကိုယ်ဝယ်စားရတဲ့စားစရာတွေကို
အိမ်သယ်ရမှာကို ဘာလို့ရှက်နေရမှာလဲ?

"သူဌေးအစစ်တွေတောင်
ငွေကြေးချွေတာသုံးစွဲနေကြ

မင်းဟာ အမြင့်မှာနေရင်လေတိုက်ခံရမယ်အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။အလယ်မှာနေရင်မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်ဘေးထွက်န...
24/08/2021

မင်းဟာ အမြင့်မှာနေရင်
လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။

အလယ်မှာနေရင်
မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင်
မကောင်းပြောကြလိမ့်မယ် ။

မင်းကမနေနိုင်လို့လုပ်ပေးတော့
အရူးထနေတာလို့ပြောကြမယ် ။

မင်းဘာမှမလုပ်ပဲနေတော့
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက်
မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို
စောင့်နေကြတယ် ။

မင်းအောင်မြင်နေတဲ့အချိန်
မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန်
မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။

မျက်နှာဖုံးစွပ်တွေများတဲ့
လောကကြီးထဲမှာ
မိတ်ဆွေကောင်း
အင်မတန်ရှားပါးတယ် ။

မင်းမှန်တယ်ထင်ရင်
တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို
မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။

မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင်
ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့
မာန ရှိသင့်တယ် ။

အထီးကျန်နေရလို့လည်း
စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့
ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက
ပိုကောင်းပါတယ် ။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံး
အရွယ်မှာဇိမ်ခံသက်သာတဲ့လမ်းကို
မင်းမရွေးပါနဲ့ ။

တစ်သက်လုံး
ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။

Mahatma Gandhi ရဲ့
အဆို အမိန့်တစ်ခုရှိတယ်

The future depends on
what you do today "

မင်းရဲ့အနာဂါတ်ဟာ
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲ
မူတည်ပါတယ် " တဲ့

ပြဿနာတိုင်းကို
အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက
မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့်
မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။

မင်းပတ်ဝန်းကျင်က
လူတွေကြောင့် စိတ်မညစ်နဲ့

လူတိုင်းက ကိုယ်နဲ့
ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့

မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က
မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....



29 Jul 2020

" ကိုယ့်ကိုယ်ကိုယ်ချစ်လို့"🖤ရန်မဖြစ်တတ်လို့မဟုတ်ဘူး။ရန်ဖြစ်ဖို့စကားလုံးတွေတွေးတာနဲ့တင်ပူလောင်လို့ပါ။ဒေါသမရှိတာ မဟုတ်ဘူး။...
22/08/2021

" ကိုယ့်ကိုယ်ကိုယ်ချစ်လို့"🖤

ရန်မဖြစ်တတ်လို့မဟုတ်ဘူး။
ရန်ဖြစ်ဖို့စကားလုံးတွေ
တွေးတာနဲ့တင်
ပူလောင်လို့ပါ။

ဒေါသမရှိတာ မဟုတ်ဘူး။
တစ်ဖက်လူကဒုတိယ
ကိုယ်ကပထမ
ပူလောင်လို့ပါ။

မာနမရှိတာမဟုတ်ဘူး။
ရေပွက်ပမာ
ဘဝခဏတာမှာ
လူမုန်းမများချင်လို့ပါ။

အမုန်းမရှိတာမဟုတ်ဘူး။
သူတစ်ပါးအတွက်နဲ့
မိမိစိတ်အညစ်အကြေး
မစွန်းလိုပါ။

လောဘမရှိတာမဟုတ်ဘူး။
အသောမသတ်တဲ့
သေဘာတရားက
ပူလောင်လို့ပါ။

အညှိုးအတေးမရှိတာ
မဟုတ်ပါဘူး။
ပြန်တွေးမိတိုင်း
ပူလောင်လွန်းလို့
ဥပကျခောနဲ့လဲလိုကတြာပါ။

တကယ်တော့
ပုထုဇဉ်လူသား
တစ်ယောက်ပဲလေ။
အကုန်ရှိတာပေါ့။

ဒါပေမယ့်
အသိကိုသတိလေးနဲ့
ထိန်းချုပ်ရင်း
သူတပါးအတွက်နဲ့
မိမိစိတ်ကိုအရောင်
မစွန်းထင်းဖို့
မိမိစိတ်ချမ်းသာဖို့
လုပ်နေတာဟာ...
ကိုယ့်ကိုယ်ကိုယ်ချစ်လွန်းလို့ပါ။

Crd- မဟူရာ နတ်သမီး.

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

22/08/2021

ဒီလိုလူတွေကို ရှောင်ပါ
********************

သူများမကောင်းကြောင်း သင့်ကို ပြောတတ်သူက
သင့်မကောင်းကြောင်းလည်း သူများကို ပြောတတ်တယ်ဆိုတာ မမေ့ပါနဲ့

ဒီလိုလူက သင့်အပေါင်းအသင်းထဲမှာ ရှိနေရင် ...
သူမကောင်းကြောင်းပြောခံရတဲ့သူက သင်လည်း ဖြစ်လာနိုင်ပါတယ်

တစ်နေ့ သင့်အလှည့် ရောက်လာမယ်ဆိုတာ မမေ့ပါနဲ့

သူများမကောင်းကြောင်းကို မြိန်ရည်ရှက်ရည် နားထောင်တတ် . ပြောတတ်ရင် ...

သင့်မကောင်းကြောင်း ပြောခံရတဲ့အခါ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားဖို့တော့ လိုပါတယ်

အကောင်းဆုံးကတော့ ... ကိုယ်နဲ့ဘာမှမဆိုင်ဘဲ ... သူများမကောင်းကြောင်းပြောတတ်သူတွေကို ... ရှောင်တာတော့ အကောင်းဆုံးပါ

ကိုယ့်အတွက် အကျိုးမရှိစေမယ့် ...
သူများအကြောင်း ပြောနေ. နားထောင်နေမယ့်အစား ...

ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ... ကိုယ့်အတွက် အကျိုးရှိရှိပဲ အသုံးချတတ်အောင် ကြိုးစားကြပါနော် ...

ကိုယ့်ရဲ့အချိန်တွေတိုင်းက တန်ဖိုးရှိလွန်းပါတယ် ...

With Fri ရောက်ရှိခဲ့ကြသည်....
21/08/2021

With Fri ရောက်ရှိခဲ့ကြသည်....

20/08/2021

Brand တခု ကို Brand တခုလိုမမြင်ပဲ.....

ပစ္စည်းကောင်းတခုကို ရွေးချယ်သုံးတယ်ပဲ
မြင်မိတယ်... ...

တချို့ ပစ္စည်းတေွက Brand မဟုတ်ပဲ... ..

အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တေွရှိတယ်...
.. .... .... .... .... .... ...

အရည်အသေွးကောင်းတဲ့ ထုတ်ကုန်တိုင်းကို
ကျတော် ကြိုက်တယ်.... ....

အရာအားလုံးကို စူးစမ်းရတာ စမ်းကြည့်ရတာကြိုက်ပေမယ့်... ... ...ကျတော် မစူးစမ်း အလုပ်ရသေးတာတေွ...အများကြီး ရှိသေးတယ်... ... ...
19/08/2021

အရာအားလုံးကို စူးစမ်းရတာ စမ်းကြည့်ရတာ
ကြိုက်ပေမယ့်... ... ...

ကျတော် မစူးစမ်း အလုပ်ရသေးတာတေွ...
အများကြီး ရှိသေးတယ်... ... ..

ကျတော် စူးစမ်းလုပ်ကြည့် သွားကြည့် ချင်တာ
တေွ မသေခင်တော့ လုပ်မှာပါ.... ... ...

18/08/2021

ကျတော် ပုံစံ အမှန်က

စကားနည်းတယ်...
အနေအေးတယ်....
ကိုယ့်ဘာသာ အေးဆေးနေတတ်တဲ့ အကျင့်ရှိတယ်...
ပေါင်းသင်းဆက်ဆံရေး ညံ့တယ်လို့ ...
ကိုယ့်ကိုကိုယ် ထင်တယ်... ....

ကျတော် ပုံစံအတိုင်းပဲ နေရင် လူတေွက ကျတော့်ကို
ဘဝင်မြင့်နေတာလို့ ထင်ကြတယ် ဆိုလို့...

ကျတော် ပုံစံကို ဖျောက်ပြီး ရှင်သန်ဖို့ ကြိုးစားပေမယ့်
အဲ့လို ကြိုးစားရှင်သန်ရတာက ကျတော့် စိတ်ကို
ပင်ပန်းစေတယ်...

ဒါပေမယ့် ကျတော် ခင်တဲ့သူတေွနဲ့ဆို
ကျတော်က အရမ်းစကားများတတ်တယ်.... 😊

ဒါကြောင့် ပုံစံအမှန်အတိုင်းပဲ နေချင်တော့တယ်..

Address

Sakura Tower
Yangon
11182

Website

Alerts

Be the first to know and let us send you an email when Koe V_log posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share