ခါညို -Khar Nyo

ခါညို -Khar Nyo လုံမငယ်တစ်ဦး (teenager)in late teens

07/12/2023
20/11/2023

မင်းတွေးကြည့်ဖူးလား။

တကယ်လို့များ...
မနက်ဖြန်တိုင်းဟာ
ဖြစ်မလာနိုင်တော့ ဘူးဆိုရင်

ပစ္စုပ္ပန်ဟာလည်း
ခါး သက် သက်နဲ့

အတိတ် ဟာ လည်း
လျော့တိလျော့ရဲ

လူတစ်ယောက် ပျော်ရွှင်ဖို့ရယ်
အကြောင်းပြချက်များလိုသေးလို့လား။

ဘဝမယ်......
ဘာတွေများ ရှင်သန်ဖို့ရယ် လိုအပ်တယ်။

ရှင်ရယ် သူရယ်
ကျွန်မဆီက ဘာတွေများ ထပ်ပြီး
တောင်းဆိုချင်နေသေးတာလဲ။

ရှင် နင်းချေပြီးသား အသဲတစ်စုံ နဲ့
ခြေသုတ်ဝတ်ကလေး ကျွန်မအဖြစ်ရယ်

ကွဲပြီးသားအသဲ ဟာ ထပ်ခွဲခံရပြီး

ကောင်မလေးတစ်ယောက်ကတော့ ဖန်ကွဲစတွေကို လိုက်ကောက်နေလေရဲ့။

ခါညို-Khar Nyo
မှတ်စု အဟောင်းလေးကို ပြန်လည်ပြီး မွန်းမံထားတာပါ ရှင်။

📷ရေဆေးပန်းချီပုံစံလေးထွက်သွားတယ်။ 😍
17/11/2023

📷ရေဆေးပန်းချီပုံစံလေးထွက်သွားတယ်။ 😍

17/11/2023

တဒင်္ဂ၊ တစ်ခဏတာ ချို မြိန်ခြင်းလား။
ငတ်မွတ်ခေါင်းပါးခြင်း တိုင်းပြည်က
ပေါ့ပြက်ပြက် ထမင်းဆိုင်လား။

ရေတိုင်ကီထဲက ပူစီဖောင်းလေးတွေက ငါ့ကို ပြောတယ်။
သင် အဆင်ပြေရဲ့လားတဲ့။

ပန်းပွင့်လေးတွေရဲ့ ငိုရှိုက်သံ
လေတွေ တဖြူ းဖြူ းတိုက်တဲ့ ကမ်းပါးယံက ငါခုန်ချခဲ့။

လွတ်လပ်ပေါ့ပါးခြင်းရဲ့ အရသာ
ချို မြိန်လေစွ။

အသင့်ခင်းထားတဲ့လမ်း
ငါ ငြင်းဆန်ခဲ့။

နှုတ်ခမ်းပါးလေးတစ်စုံ
ကွေးသွားတယ်။

သံလွင်မြစ်ကြီးထဲက
ဝိုင်ခွက်လေးတစ်ခွက်ရဲ့
အထီးကျန်မှု။

ဘယ်သူ နားလည်မှာလဲ။

ဘယ်လိုတွေရော ဆက်ဖြစ်မှာလဲ။

ခါးသက်သက် ရေနွေးကြမ်းလေးရဲ့
သမိုင်း

စိတ်ဟာ ကစဉ့်ကလျား
အပြေးတစ်ပိုင်း။

ခါညို - Khar Nyo
မေ ၂၁

စက္ကူပန်း-Bougainvillea
01/11/2023

စက္ကူပန်း-Bougainvillea

Halloween ညမှာ ချစ်သူငယ်ချင်းအလှ​ လေးကိုရိုက်ပေးထားတဲ့ ပုံတွေပါ။Model-မဆုမြတ်နိုး📷- ခါညို - Khar Nyo
01/11/2023

Halloween ညမှာ ချစ်သူငယ်ချင်းအလှ​ လေးကိုရိုက်ပေးထားတဲ့ ပုံတွေပါ။

Model-မဆုမြတ်နိုး
📷- ခါညို - Khar Nyo

''အဆုံးမဲ့ မိုးသားထဲကို ငါ ပျံသန်း ခဲ့ငါ့ရဲ့ နှလုံးသား ထဲမှာ​ေလလွင့် ခြင်း ငှက် ''             ေလ လွင့် ခြင်း လမ်းမများ....
25/10/2023

''အဆုံးမဲ့ မိုးသားထဲကို
ငါ ပျံသန်း ခဲ့
ငါ့ရဲ့ နှလုံးသား ထဲမှာ
​ေလလွင့် ခြင်း ငှက် ''

ေလ လွင့် ခြင်း လမ်းမများ.......... ထူးအိမ်သင်

22/10/2023

Inertia

တချို့သော အရာတွေက
အနည်ထိုင်နေရမယ့် အရာတွေ

တချို့သော အရာတွေက
တစိမ့်စိမ့်စွဲစားရမယ့် သကြားလုံးလေးတွေ

ဘာပဲဖြစ်ဖြစ်
တချို့သောအရာတွေကတော့
တချို့သောအရာတွေပါပဲလေ။

''အန္တရာယ်ရှိသည်'' ဆိုတဲ့ ဆိုင်းဘုတ်ကို
ကျော်လွန်ပြီးကာမှ

ဘာအတွက် နောင်တရရမှာ
ဘာတွေအတွက်ရော ပျော်နေရမှာ

ဒီလိုပါပဲ
နေ့ရက်တွေကို ဖြတ်ကျော်ရင်း
လေသာပြတင်းက မိုးစက်တွေကို
ငေးနေခဲ့မိတယ်။
...............,...........................................ခါညို-Khar Nyo

Address

No. 36, Inya Myaing Street, Shwe Taung Kyar Ward
Yangon
11021

Website

Alerts

Be the first to know and let us send you an email when ခါညို -Khar Nyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share