We love myint myat aung & shine wanna aung

We love myint myat aung & shine wanna aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We love myint myat aung & shine wanna aung, Yangon.

21/11/2023

မိမိမှာ Hiv လား / ကာလသား လား ဆိုတာကို ဝေဖန်မနေဘဲ သွေးလာစစ်ကြည့်ကြပါလား?
- လူတချို့က မေးကြတယ်
- Hiv ရောဂါ ဘယ်လိုလက်ခဏာ ပြလဲ?
-ကာလသား ရောဂါဘယ်လိုလက်ခဏာ ပြလဲ?
တချို့ Hiv နဲ့ ကာလသား က လက်ခဏာ မပြပါဘူးဗျ။ သွေးစစ်ဆေး ကြည့်မှသာ မိမိမှာ Hiv& ကာလသား ရှိမှန်း သိရတာမျိုးပါ။

-တချို့Hiv နဲ့ ကာလသား က လက်ခဏာ ပြကြတယ်။
-Hiv လက်ခဏာ တချို့က
- အသားတွေ မဲခြောက်လာတယ်
-ပိန်လာတယ်
-ထိုင်းမှိုင်းပြီး နုန်းလာတယ်
-ညညဆို အိပ်မပျော်တာတွေ ဖြစ်လာတယ်
-ချောင်းတွေ ဆိုးလာတယ်
-ညနေခင်းဆို အဖျားဝင်လာသလို ဖြစ်တက်တယ်
-ဆံပင်တွေ ကျွတ်လာတယ်(ဆံပင်တွေ ဆွဲရင် အပြုံလိုက်ပါလာသလိုမျိုး)
-နေရာအနှံ့ အကြိတ်တွေ ထလာတယ်
-အစားအသောက်တွေပျက်လာပြီး အိပ်ပြီးရင်း အိပ်ချင်လာတယ်။(လည်ပင်း/ပေါင်ချိုင်)
စတဲ့လက်ခနာတချို့ ပြတက်ကြတယ်။
(အကာကွယ် မဲ့ လိင်ဆက်ဆံ ပြီး (၃)လကနေ (၆) လအတွင်း လက်ခနာ ပြပါတယ်။/ကိုယ်ခံအား နည်းနေလျှင် ၂လအကျော်တွင် ပြတက်သည်။)

ကာလသား လက်ခဏာ တချို့က
-ဆီးပူ/ ဆီးကျင် ဖြစ်လာမယ်
-လိင်တံမှ ပြည်ကျလာမယ်
-နေရာအနှံ့ အနီစပ်တွေ ထလာမယ်
-လိင်တံနှင့် စအို တဝိုက်မှာ ပွေး/ဝဲ/ ညှင်း အရေပြား
အနာတွေထလာမယ်
ကာလသားရောဂါ ဟာ အကာကွယ်မဲ့ လိင်ဆက်ဆံ ပြီး (၇)ရက်အတွင်း ပြကြတာများတယ်။

Hivရောဂါဟာ ရာသီတုတ်ကွေးနဲ့ ဆင်တူရိုးမှား ရှိတာကြောင့် မိမိမှာ Hiv သံသယ ဝင်နေရင် အခမဲ့
အမြန်ဆုံး သွေးလာစစ်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

-Hiv / ကာလသား / တီဘီ
အခမဲ့ စစ်ဆေးခြင်း
အခမဲ့ ကုသခြင်း
အခမဲ့ ဆေးဝါများ ပေးခြင်း များ ကို
အခကြေးငွေ (လုံးဝ )တောင်းခံခြင်း မရှိဘဲ ကူညီဆောင်ရွက်ပေးပါတယ်။

တာမွေမြို့နယ် ရန်ကုန်မြို့
စျေးလေးမှတ်တိုင်အနီး
မေတ္တာညွှန့်ဘူတာအနီး
ဆက်သွယ်ရန်-09 756028765 (ရန်ကုန်)
Viber-09 763650640

Hiv ကြိုတင်ကာကွယ်ဆေး Prep. များကို လဲ အခမဲ့ ထုတ်ပေးနေပါသည်။
💊💊💊

  ဆေးကိုအခမဲ့ထုတ်ယူလိုက်ပါလိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေးလိင်အပျော်အပါးလိုက်စားသူတိုင်း သိထ...
23/10/2023

ဆေးကိုအခမဲ့ထုတ်ယူလိုက်ပါ

လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး
လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေးအကြောင်းလေး ဆက်ကြည့်လိုက်ရအောင်နော်။

PrEP ဆေးဆိုတာဘာလဲ။
ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။
အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။
HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုး ရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။
နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရက် ရှိဖို့ လိုအပ်ပါတယ်။
နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ပိုး ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။
ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ပိုး ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။
မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။
ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။
PrEP ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။
ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။
၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။

PEP ဆေးကို ဘာအတွက် သောက်တာလဲ။
Post-exposure prophylaxis လို့ အမည်ရတဲ့ PEP ဆေးဟာ အရေးပေါ် သောက်ရတဲ့ HIV ပိုးကာကွယ်ဆေးဖြစ်ပါတယ်။
ကိုယ့်မှာတော့ HIV ရောဂါပိုးမရှိဘူး။ ဒါပေမယ့် HIV ရှိတယ်လို့ သံသယဖြစ်ရတဲ့ သူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ဒီဆေးကို အရေးပေါ်အနေနဲ့ သောက်ဖို့ လိုပါတယ်။
လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်မှ ဆေးရဲ့ အာနိသင်ကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။
အထူးသဖြင့် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရပြီးနောက် HIV ပိုး ကူးစက်ခံရခြင်းမဖြစ်စေဖို့ PEP ဆေးကို စောနိုင်သမျှ အစောဆုံး သောက်ပေးရပါမယ်။
အရေးပေါ် ကာကွယ်ဆေးဖြစ်တဲ့အတွက် နေ့စဉ်သောက်ပေးဖို့ မလိုပါဘူး။
PrEP ဆေးလိုပဲ မူးဝေတာ၊ အော့အန်တာ၊ ခေါင်းမူးတာ၊ ကိုယ်လက်မအီမသာဖြစ်တာ အစရှိတဲ့ ဓာတ်မတည့်လက္ခဏာတချို့ကို တွေ့ရတတ်ပါတယ်။
ဒီဆေးကို သောက်ဖို့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

prep ဆေးကိုအခမဲ့ရယူရန်
09756028765
09662865582

HIV အသိပညာHIV ပိုး (HN) ကို နည်း ၃ မျိုးဖြင့် ကူးစက်နိုင်ပါသည်။               .1. လိင်ပိုင်းဆိုင်ရာ               .2. သွ...
22/10/2023

HIV အသိပညာ
HIV ပိုး (HN) ကို နည်း ၃ မျိုးဖြင့် ကူးစက်နိုင်ပါသည်။

.1. လိင်ပိုင်းဆိုင်ရာ
.2. သွေးမှတဆင့် ရောဂါရှိသူ၏သွေးကိုလက်ခံခြင်း သို့မဟုတ် ရောဂါရှိသူများနှင့်ဆေးထိုးအပ်များမျှဝေအသုံးပြုခြင်း
.3. ကိုယ်ဝန်ဆောင်စဉ် မိခင်မှကလေးသို့ ကူးစက်ခြင်း မီးဖွားစဉ် သို့မဟုတ် နို့တိုက်ကျွေးခြင်းမှကူးစက်ခြင်း
HIV ကူးစက်မှု၏ အစောပိုင်းလက္ခဏာမှာ ခန္ဓာကိုယ်အနှံ့တွင်ကြီးမားသော တက်စေ.များဖြစ်ပေါ်စေနိုင်ပါသည်။ နောက်ပိုင်းတွင် ပါးစပ်တွင်မှိုပိုးဝင်ခြင်း၊ ရေယုန်ပေါ််ပေါက်ခြင်း ၊ မကြာခဏဝမ်းလျှောခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းစ သည့်ရောဂါလက္ခဏာများပိုမိုပြသလာသည်။ နောက်ဆုံးတွင်အေအိုင်ဒီအက်စ်ရောဂါလက္ခဏာများသည် ဦးနှောက်မှိုကဲ့သို့သောရောဂါလက္ခဏာများ၊ ပြင်းထန်သောအဆုတ်ရောင်ရောဂါ၊ ကင်ဆာ၊ စိတ်ကျရောဂါများပေါ်လာလိမ့်မည်။ ရောဂါအစမှ AIDS အဆင့်အထိရောဂါလက္ခဏာများသည် နှစ်တွေကြာနိုင်ပါသည်။ ရောဂါလက္ခဏာများမကုသဘဲထားပါက 2-3 နှစ်အတွင်း သေဆုံးနိုင်ပါသည်။

အခမဲ့စစ်ဆေးနိုင်ဖို့
ဆက်သွယ်ရန်
ဖုန်း-
09756028765 09662865582

ဂနို(သို့မဟုတ်)ဆီးပူညောင်းကျရောဂါသည် Neisseria Gonorrheae သို့မဟုတ် gonococcus ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော...
19/10/2023

ဂနို(သို့မဟုတ်)ဆီးပူညောင်းကျရောဂါသည် Neisseria Gonorrheae သို့မဟုတ် gonococcus ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော ကာလသားပိုးတမျိုးဖြစ်သည်။

လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံး မပြုခြင်းကြောင့် အမျိုးသား၊အမျိုးသမီး နှင့် အခြား
မည်သူမဆို ဂနို(သို့မဟုတ်)ဆီးပူညောင်းကျရောဂါပိုး ကူးစက်နိုင်သည်။

မိန်းမကိုယ်၊ ပါးစပ်နဲ့ စအို တို့ဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံစဉ်မှာ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

ဂနိုရောဂါပိုး ကူးစက်ခံရပါက အောက်ပါလက္ခဏာအချို့ပြလေ့ရှိသည်။

-အမျိုးသား၊အမျိုးသမီး လိင်အင်္ဂါများမှ ပြည်ကျခြင်း

-ဆီးမကြာခဏသွားမယ်၊ဆီးသွားတဲ့အခါ ပူစပ်၊ပူလောင်နာကျင်မှုခံစားရမည်။

-ဝှေးစေ့ရောင်ရမ်းမယ်၊နာမယ်။

-ပါးစပ်တွင် ကူးစက်ခံရပါက လည်ချောင်းနာခြင်းများလည်းဖြစ်ပေါ်စေနိုင်ပါသည်။

ဂနို(ကာလသားရောဂါပိုး)သည် တခါတရံ ရောဂါလက္ခဏာများ မပြတတ်ပါ။

ဆီးပူညောင်းကျ ဂနိုရောဂါကို ကုသနိုင်ပြီး ပျောက်လည်းပျောက်ကင်းနိုင်ပါသည်။

ဆီးပူညောင်းကျခြင်းကို စနစ်တကျ မကုသပါကပိုမိုပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သည်

အခမဲ့စစ်ဆေး / ကုသရန်
ဖုန်း 09756028765
09662865582

HIV ကာကွယ်ဆေး(prep) အခမဲ့ လာရောက်ထုပ်ယူလို့ရပါပြီဗျ 09-75602876509-662865582
14/08/2023

HIV ကာကွယ်ဆေး(prep) အခမဲ့ လာရောက်ထုပ်ယူလို့ရပါပြီဗျ
09-756028765
09-662865582

  ☂
05/08/2023

 #မိုးရာသီ #ရာသီအကူးအပြောင်းမှာ #တုတ်ကွေးရောဂါ တွေကာကွယ်သင့်သလို  ကိုလဲ ကာကွယ်ဆိုတာလိုအပ်ပါတယ်💊PrEP ဆိုတာ HIVပိုး မရှိသေ...
18/07/2023

#မိုးရာသီ
#ရာသီအကူးအပြောင်းမှာ
#တုတ်ကွေးရောဂါ တွေကာကွယ်သင့်သလို
ကိုလဲ ကာကွယ်ဆိုတာလိုအပ်ပါတယ်
💊PrEP ဆိုတာ HIVပိုး မရှိသေးသူများ HIVပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် နေ့စဉ်ကြိုတင် သောက်သုံးရတဲ့ HIV ကြိုတင် ကာကွယ်ဆေးဖြစ်ပါတယ်။

💊 PrEP သည် စနစ်တကျ သောက်သုံးခြင်းဖြင့် HIV ကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်သော ဆေးဖြစ်သည်။ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံမှုရှိသူများ၊ မိမိရဲ့ ပါတနာမှာ HIV ရှိနေသူများ အပါအဝင် HIV ပိုးကူးစက်နိုင်ခြေ မြင့်မားသူတွေအတွက် အသုံးပြုသင့်သော ကာကွယ်ရေးနည်းလမ်းဖြစ်သည်။

💊 PrEP ဆေးသည် HIVပိုးတမျိုးထဲသာကာကွယ်ပေးနိုင်တာကြောင့် ကွန်ဒုံးကိုပါ တွဲဖက်အသုံးပြုပေးခြင်းက ကာလသားရောဂါနှင့် လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

💊PrEPဆေးကို မိမိသဘောဖြင့် သောက်တာ၊ ရပ်တာ မပြုလုပ်သင့်ပါ။

✔️တတ်ကျွမ်းနားလည်သော ကျန်းမာရေးဝန်ထမ်းများနှင့် အရင်ဆုံးဆွေးနွေးတိုင်ပင်ရန်လိုအပ်ပါတယ်။

🏳️‍🌈 HIV/ကာလသား စစ်ဆေးကုသပေးခြင်း နှင့် PrEP (HIV ကြိုတင်ကာကွယ်ဆေး)ကိုလည်း အခမဲ့ ရရှိနိုင်ပါတယ်ခင်​ဗျာ...
09-756028765
09-662865582

တကယ်တမ်းကတော့ ကျား၊ မ မရွေး အရွယ်ရောက်ပြီးတဲ့သူတိုင်း ပုံမှန်စစ်ဆေးမှု ခံယူတာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ ပိုးရှိတယ်ဆိုတာ...
09/07/2023

တကယ်တမ်းကတော့ ကျား၊ မ မရွေး အရွယ်ရောက်ပြီးတဲ့သူတိုင်း ပုံမှန်စစ်ဆေးမှု ခံယူတာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ ပိုးရှိတယ်ဆိုတာ စောစောသိရင် စောစောစီးစီး ကုသမှုခံယူနိုင်တဲ့အတွက် ပိုပြီးတောင် ကျန်းကျန်းမာမာနေနိုင်သွားမှာပါ။ အထူးသဖြင့်

လိင်အပျော်အပါး လိုက်စားသူတွေ
လိင်ဆက်ဆံဖော် တစ်ဦးထက်များတဲ့သူတွေ
လိင်ဆက်ဆံနေစဉ် ကွန်ဒုံးအသုံးမပြုတဲ့သူတွေ
HIV ပိုး ရှိသူနဲ့ ဆက်ဆံမိတဲ့အခါ
ကိုယ့်ချစ်သူမှာ HIV ပိုးရှိနေတယ်ဆိုရင်
မူးယစ်ဆေးဝါးအသုံးပြုသူတွေ
ဆေးဘက်ဆိုင်ရာမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ ၃လတစ်ကြိမ် ပုံမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။

08/07/2023
05/07/2023

PrEP💊 ဆိုတာ HIVပိုး မရှိသေးသူများ HIVပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် နေ့စဉ်ကြိုတင် သောက်သုံးရတဲ့ HIV ကြိုတင် ကာကွယ်ဆေးဖြစ်ပါတယ်။

PrEP💊 သည် စနစ်တကျ သောက်သုံးခြင်းဖြင့် HIV ကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်သော ဆေးဖြစ်သည်။ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံမှုရှိသူများ၊ မိမိရဲ့ ပါတနာမှာ HIV ရှိနေသူများ အပါအဝင် HIV ပိုးကူးစက်နိုင်ခြေ မြင့်မားသူတွေအတွက် အသုံးပြုသင့်သော ကာကွယ်ရေးနည်းလမ်းဖြစ်သည်။

PrEP💊 ဆေးသည် HIVပိုးတမျိုးထဲသာကာကွယ်ပေးနိုင်တာကြောင့် ကွန်ဒုံးကိုပါ တွဲဖက်အသုံးပြုပေးခြင်းက ကာလသားရောဂါနှင့် လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

PrEPဆေးကို💊 မိမိသဘောဖြင့် သောက်တာ၊ ရပ်တာ မပြုလုပ်သင့်ပါ။

တတ်ကျွမ်းနားလည်သော ကျန်းမာရေးဝန်ထမ်းများနှင့် အရင်ဆုံးဆွေးနွေးတိုင်ပင်ရန်လိုအပ်ပါတယ်။

🏳️‍🌈 HIV/ကာလသား စစ်ဆေးကုသပေးခြင်း နှင့် PrEP (HIV ကြိုတင်ကာကွယ်ဆေး)ကိုလည်း အခမဲ့ ရရှိနိုင်ပါတယ်ခင်ဗျာ...

ဆစ်ဖလစ်ဆိုတာ ကာလသားရောဂါတစ်မျိုးဖြစ်ပါတယ် ။ ဆစ်ဖလစ်ကူးစက်ခံရတဲ့အခါ သွေးစစ်ဆေးခြင်းဖြင့် ရောဂါရှိမရှိသိနိုင်ပါတယ် ။ဆစ်ဖလစ...
29/06/2023

ဆစ်ဖလစ်ဆိုတာ ကာလသားရောဂါတစ်မျိုးဖြစ်ပါတယ် ။ ဆစ်ဖလစ်ကူးစက်ခံရတဲ့အခါ သွေးစစ်ဆေးခြင်းဖြင့် ရောဂါရှိမရှိသိနိုင်ပါတယ် ။

ဆစ်ဖလစ်ကို စစ်ဆေးတွေ့ရှိပါက ဆရာဝန်ဖြင့် သွေးစစ်ထားသော အဖြေကိုပြပြီး လိုအပ်သည့်ကုသမှုများကို စနစ်တကျပြုလုပ်မည်ဆိုပါက သက်သာပျောက်ကင်းနိုင်ပါတယ် ။

ဆစ်ဖလစ်သည် ကုသလို့ပျောက်ကင်းသွားသော်လည်း အနာတွေဖြစ်ပြီး အမာရွတ်ကျန်သလိုမျိုး သွေးထဲမှာ ပိုးကောင်ခွံ ကျန်ရှိနေခဲ့တတ်သောကြောင့် သွေးပြန်စစ်သည့်အခါ ဆစ်ဖလစ်ရှိသည်ဟု အဖြေမှား ထွက်တတ်ပါတယ် ။

ထို့ကြောင့် ဆစ်ဖလစ်ကုသပြီးပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း သွေးပြန်စစ်ရမည်ဖြစ်ပြီး
ရောဂါပိုးကျန်ရှိခြင်းရှိ ၊ မရှိ ဆက်လက်ကုသရန် လို ၊ မလို ကုသပေးထားသောဆရာဝန်မှ ဆေးကုသမှုမှတ်တမ်းများ၊ ယခင်စစ်ဆေးထားသော အဖြေရလဒ်များ နှင့် နောက်ဆုံး စစ်ဆေးထားသောအဖြေရလဒ်များကို နှိုင်းယှဉ်ကာ ဆုံးဖြတ်ရသည့်အတွက် သွေးပြန်စစ်ထား တဲ့အဖြေများကို ဆရာဝန်နဲ့ပြန်လည်ပြသရန်လိုအပ်ပါတယ် ။

ဆက်သွယ်ရန် : 09756028765
09662865582
viber. 09763650640

HIV ပိုးက HIVပိုးရှိသူနဲ့ အကာကွယ်မဲ့လိင်ဆက်ဆံတာ ၊ HIV ပိုးရှိသူရဲ့သွေးသွင်းမိတာ ၊ HIV ပိုးရှိသူနဲ့ ဆေးထိုးအပ်ဆေးထိုးပြွန...
28/06/2023

HIV ပိုးက HIVပိုးရှိသူနဲ့ အကာကွယ်မဲ့လိင်ဆက်ဆံတာ ၊ HIV ပိုးရှိသူရဲ့သွေးသွင်းမိတာ ၊ HIV ပိုးရှိသူနဲ့ ဆေးထိုးအပ်ဆေးထိုးပြွန် မျှဝေသုံးစွဲမိတာ ၊ HIV ပိုးရှိသူမိခင်မှ ရင်သွေးကို ကူးစက်တာ စတဲ့ ကူးစက်ခံရနိုင်တဲ့ အခြေအနေမျိုးရှိခဲ့ရင် ကူးစက်နိုင်ပါတယ် ။

HIV ပိုး ကူးစက်ခြင်းက သွေးအမျိုးအစား တူတာ ၊ မတူတာ နဲ့ မဆိုင်ပါဘူး ။ HIV ပိုးက သွေးအမျိုးအစား မတူလည်းကူးစက်ခံရမယ့်အခြေအနေရှိခဲ့ရင် ကူးစက်ခံရနိုင်ပါတယ် ။HIV ပိုးက ဘယ်လိုလက္ခဏာမျိုးကမှ ပိုးရှိ ၊ မရှိမသိနိုင်ပါဘူး သွေးစစ်ကြည့်မှသာ ပိုးရှိ ၊ မရှိသိနိုင်တာပါ ။

ဒါကြောင့် HIVပိုးကူးစက်ခံရမယ့်အခြေအနေ ရှိခဲ့တယ်ဆိုရင် ကူးစက်ခံရမယ့်အခြေအနေဖြစ်ပြီး အနည်းဆုံးသုံးလပြည့်တဲ့အချိန် သွေးစစ်ကြည့်ပါ ။

HIV ပိုးကိုအခမဲ့ တိုင်ပင်ဆွေးနွေး စစ်ဆေး ၊ ကုသမှုခံယူတယ်ဆိုရင်တော့...

ဆက်သွယ်ရန် : 09-763650640
09-662865582

Address

Yangon

Website

Alerts

Be the first to know and let us send you an email when We love myint myat aung & shine wanna aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share