12/12/2021
ဘာကြောင့် စာဖတ်ဖို့လိုသလဲ
======================
ဆရာကြီးဦးအောင်သင်းရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား
လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင်
လူကသာတယ်လိုပဲ ဖြေကြတယ်
စဉ်းစားကြည့်ရအောင်
မြင်းလောက် အပြေးသန်သလား
ဆင်လောက် ခွန်အားကြီးသလား
ငါးလောက် ရေကူးကျွမ်းသလား
ကျီးကန်တို့ လဒတို့လောက် မျက်စိလျှင်လား
အယ်ဇေးရှင်းခွေးလောက် အနံ့ခံကောင်းလား
အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့ စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့
ပျားတွေလောက်မစည်းလုံးဘူးနော်
ပျားတွေဟာ သိပ်ဝီရိယကောင်းတယ်
ပန်းပွင့်မညိုးခင် မနက်စောစော ကတည်းက လုံ့လစိုက်ပြီး အလုပ်လုပ်တယ်။
ပျားတစ်ကောင်ဟာ ပန်းဝတ်ရည်ကို တွေ့လာရင် သတင်းလာပို့တယ်
သူက ဦးဆောင်ခေါ်သွားတယ်
နောက်က ပျားတွေကလည်း ထပ်ကြပ်မကွာလိုက်တယ်
သူတို့ယူလာတဲ့ဝတ်ရည်ကို သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်
ဘယ်ပျားကမှ မခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ
ရှဉ့်လျှောက်လို့ရအောင် လမ်းချန်ပေးထားတယ်
သူများသွားလမ်းပိတ်မထားဘူး။
လူတွေလို ဘယ်သူသေသေ ပြီးပြီးရောဆိုတဲ့ စိတ်ယုတ်မရှိဘူး။
ပျားအုံကို ထိရင် အသေခံကာကွယ်တယ်။
ပျားတွေ နိုင်ငံတော်သည် ဘယ်လောက်အားကျဖို့ကောင်းလဲ
ဘယ်လောက်အတုယူဖို့ကောင်းလဲ
ကောင်းပြီ ဆက်စဉ်းစားကြရအောင်
လူတွေဟာ တိရစ္ဆာန်တွေထက် ဘယ်နေရာသာသလဲ အဖြေထုတ်ကြည့်ရင် သုံးမျိူးပဲရှိတယ်
၁။ အလှအပကိုခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း။
၂။ ကိုယ့်ကျင့်တရားရှိခြင်း။
၃။ ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း ဥာဏ်ပညာရှိ
ခြင်း။
လူတွေဟာ အလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်
တိရစ္ဆာန်တွေမှာ ကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်
မကောင်းတာ ကောင်းတာ သူတို့မသိဘူး
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး
လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင် တိရစ္ဆာန်နဲ့ မခြားနားဘူး
ကျိုးကြောင်းဆင်ခြင်ဥာဏ် ပညာကြီးတယ်။
ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်။
ကိုယ့်ထက်အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်
မြင်းကို ပါးချုပ်တက်ပြီး ခွစီးတယ်
လှည်းတပ်ဆွဲခိုင်းတယ်
ရေကူးကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့များတယ် ပိုက်နဲ့ဖမ်းတယ်
ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်
ဒါဘာလို့လဲ
လူတွေကတိရစ္ဆာန်တွေထက် အကျိူးအကြောင်းဆင်ခြင်နိုင်လို့ ဉာဏ်ပညာကြီးလို့ပေါ့
လူတွေက တိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဥာဏ်ပိုကြီးလို့
ဒါဆိုရင်လူအချင်းချင်းရော
စဉ်းစားနော် သေချာစဉ်းစား
လူတွေမှာလည်း ပညာကြီးတဲ့လူက ပညာနည်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့
သူများနိုင်ငံမှာသွားပြီး ပညာသင်ရတယ်
သူများနိုင်ငံမှာသွားပြီး အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ
ဒါကို တို့နိုင်ငံက လူတွေက အခုချိန်ထိ ပညာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး
အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့
အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများ ခေါင်းပုံဖြတ်တာမခံရအောင်
သူများ လူလည်ကျတာမခံရအောင်
သူများ အနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ
စာဖတ်ရမှာပေါ့
စာဖတ်တယ်ဆိုတာ သူများအမှား ကိုယ်ဆက်မမှားအောင်လုပ်တာ
သူများအတွေအကြုံ ကိုယ့်အတွေအကြုံအဖြစ် ရယူတာ
စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို ခွန်အားဖြစ်စေ
မယ့် စာမျိူး များများဖတ်ပါ ။
ဘဝကို ဦးနှောက်က ဦးဆောင်တာ
အသိပညာရစေမယ့် စာတွေ များများဖတ်စေချင်တယ်
________________________________________________
ဆရာကြီးအား လေးစားလျက်