Honest bribable

Honest bribable A honest is the rarest person in the world.

20/04/2025

မင်းကို အမြဲစောင့်ကြည့်ပြီး
လိုက်ပြော၊ သဝန်တိုနေတာ ...
ကိုယ့်ရဲ့မင်းအပေါ်မှာစစ်မှန်တဲ့ ...
ချစ်ခြင်းမေတ္တာတရား၊ သစ္စာတရားတွေ ဆူးမှာစိုးရိမ်လို့ ...✌️

20/04/2025

ငွေကြောင့် အမှန်အမှား မခွဲခြားတော့ဘဲ၊ ပြောင်းလဲသွားကြလို့
"ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး၊ အများနည်းတူ ...
စိတ်ဓာတ်မပျက်ပြားအောင် ...
တည်ဆောက်ပြီး၊ သစ္စာတရားကို ပိုမြတ်နိုးတန်ဖိုးထားတတ်လာတယ်"
ဝဋ်ဆိုတဲ့ "လောကနိယာမ" သဘောတရားကို နားလည်ထားလို့
နောင်ဘဝအထိပါ ကိုယ်ပေးတဲ့
သစ္စာမေတ္တာတရားဘဲ ဆူးချင်တယ်
✌️✊

10/01/2025

ငါက တချို့တချို့ပြောတဲ့
"ဝါးပြီးထွေးထုတ်တယ်" ဆိုတဲ့ စကား‌ထဲတော့ မပါခဲ့ဘူး ...
ဒါ‌ပေမယ့် ဖရဲသီးစေ့လို "မဝါးဘဲ ထွေးထုတ်ခံရတဲ့" အထဲတော့
ငါပါတယ် ... 🙂😁✌️

17/10/2023

လစ်ဟာနေသော "သစ္စာ"
အရမ်းဝေးကွာလွန်းလှတဲ့ ...
ကောင်းကင်ပေါ်က ... ကြယ်လေးတစ်လုံး ... မှိတ်တုတ်မှိတ်တုတ်ရှင်သန်နေတာကြည့်ပြီး ... ပျော်ရွှင်‌ကြည်နူးရတဲ့အခိုက်အတန့်ကနေ ...
အဲ့ကြယ်လေး ... ကြွေကျလာပါစေဆိုပြီး ...... ဆုတောင်း‌နေလို့မရဘူးဆိုတာသိပေမယ့် ...
တစ်နေ့ ကြွေကျလာခဲ့ရင်တော့ ...
ရှိတဲ့ကိုယ်ပိုင်အလင်းပေးပြီး ...
ကိုယ်ပိုင်ကမ္ဘာလေးတည်ဆောက်လို့ ....
အိပ်မက်မက်ဖြစ်တော့မယ် ...

ဇာတ်ကားတစ်ကားဆိုတာ အနုပညာဖန်တီးနိုင်စွမ်းဘယ်လောက်ထိ လုပ်နိုင်သလဲ?ဆွဲဆောင်နိုင်သလဲ? ခံစားမှုအနှစ်သာရတွေကို ပေးတာ... ပျော်...
17/09/2023

ဇာတ်ကားတစ်ကားဆိုတာ အနုပညာဖန်တီးနိုင်စွမ်းဘယ်လောက်ထိ လုပ်နိုင်သလဲ?
ဆွဲဆောင်နိုင်သလဲ? ခံစားမှုအနှစ်သာရတွေကို ပေးတာ... ပျော်ရွှင်စေတဲ့ဟာသ၊ ဗဟုသုတ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအသိပညာ ... အစရှိသဖြင့်
ဇာတ်လမ်းနဲ့ဇာတ်ကောင်တွေပေါ်မှာ အမျိုးမျိုး စိတ်ခံစားမှုကိုပေးတယ်...

Ransomed (2023) ဇာတ်ကားကိုကြည့်မယ်ဆိုရင်
"ဇာတ်လမ်းက တောင်ကိုရီးယားနိုင်ငံ သံတမန်က လက်ဘနွန်နိုင်ငံ (Lebanon Country) ကို သံတမန်ရေးရာကိစ္စနဲ့သွားရောက်ရာကနေ ...
ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး၊
တောင်ကိုရီးယားနိုင်ငံ အရှေ့အလယ်ပိုင်းဒေသ၊ လက်ထောက်ညွှန်ကြားရေးမှူး "အီမင်ဂျွန်း" ဆိုတဲ့ဇာတ်ကောင်အနေနဲ့၊ အမေရိကန်ရုံးကို၊ တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖို့၊ လက်နက်ကိုင်အဖွဲ့အစည်းများပြီး၊ သံတမန်ရေးရာနဲ့ပတ်သက်ပြီး လုံခြုံမှုမရှိတဲ့ လက်ဘနွန်နိုင်ငံကို ပစ္စည်းတစ်ခု အလဲအလှယ်လုပ်ရင်း၊ အန္တရာယ်တွေကြားကနေ၊
လွန်ခဲ့တဲ့တစ်နှစ်က ပြန်‌ပေးဆွဲခံခဲ့ရတဲ့
တောင်ကိုရီးယားသံတမန်ကို ကယ်တင်တဲ့
ဇာတ်ဝင်ခန်း‌" တွေအပေါ်၊
ကျွန်တော့်အမြင် ...............

ဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက်၊ ဇာတ်ကောင်ပိုင်းမှာ အဓိကကျသွားပြီ။ ရွေးချယ်ရိုက်ကူးထားတာကလဲ ကျရာ ဇာတ်ဝင်ခန်းမှာ သရုပ်ဆောင်ဖို့ character ပိုင်းဆိုင်ရာရွေးချယ်ထားတာ... နာမည်ကြီးသရုပ်ဆောင်တွေ (အဲ့ဒါကြောင့်လဲ ဝင်ကြည့်ဖြစ်သွားတယ်)

ဒီဇာတ်ကားက တောင်ကိုရီးယားနိုင်ငံရဲ့
ဒီမိုကရေစီစတင်ဖွံ့ဖြိုးတဲ့အချိန် ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဆိုတော့ ... ဘယ်လို feeling မျိုးတွေ ၊ ဘယ်လို တွေးခေါ်မှုပုံစံတွေ (thinking of the knowledge) ကိုပေးသလဲဆိုရင် ...

ပထမတစ်ချက်ကတော့ ...
ဇာတ်လမ်းအစမှာတင် ... နိုင်ငံ့တာဝန်ကို ချမှတ်ထားတဲ့ သက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းကို တသွေမတိမ်း လိုက်နာပြီး၊ ကိုယ့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုတဲ့စိတ်ဓာတ် (အဲ့လိုတာဝန်ကျေပွန်ဖို့ကလဲ အရင်ဆုံးလိုအပ်တာက "သတ္တိ" နဲ့ "ယုံကြည်မှု" ကိုတည်ဆောက်ပြီး၊ တည်ကြည်ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်ကို ချပြသွားတယ်)

ဒုတိယတစ်ချက်အနေနဲ့ကျတော့ ...
သံတမန်တစ်ယောက်အနေနဲ့ ... တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံတဲ့အခါမှာ ... ရိုးသားမှုကိုအခြေခံပြီး၊ ကတိသစ္စာနဲ့ အလုပ်လုပ်သွားတာကိုပြသွားတာ တော်တော်‌လေးမိုက်တယ် (ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး၊ ထည့်ပြောဖို့မလိုလို့ ထည့်မရှင်းတော့ဘူး) အဲ့လိုတည်ဆောက်ခဲ့တော့ ... ဇာတ်ကားရဲ့နောက်ဆုံး ကြီးမားတဲ့ ပြဿနာကြုံတဲ့အခါ ... "Please" ဆိုတဲ့ စကားလုံး‌လေးတစ်လုံးကိုဘဲ ... အန္တရာယ်ကြားမှာ ... ပို့လိုက်နိုင်ပေမယ့် နောက်ဆုံးမှာ ပြဿနာကိုဖြေရှင်းလိုက်နိုင်တယ်... (အဲ့ခေတ်ကဆို ကြေးနန်းပို့စာပေါ့) "Please" ဆိုတဲ့စကားလုံးကိုရေးဖို့ဆိုတာတောင် ... တော်တော်လေးစဉ်းစားဆုံးဖြတ်ပြီးမှ ... ရေးခဲ့တာဆိုတော့
တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ယောက်အနေနဲ့ ... တာဝန်ယူနိုင်တယ်ဆိုတဲ့ မျက်နှာကို သေချာလေး ပီပီပြင်ပြင် ပြသသွားတာ ... ဇာတ်ကောင်အနေအထားနဲ့ လုံးဝကိုက်ညီချက်ဘဲ ...

တတိယတစ်ချက်အနေနဲ့ကျတော့ ...
တစ်ယောက်နဲ့တစ်ယောက် ပစ်ခတ်တိုက်ခိုက်ခံရင်း ပြေးလွှားအရေးကြုံနေတဲ့အချိန်မှာ ... အခုမှစပြီးတွေ့လိုက်တဲ့ လူတစ်ယောက်နဲ့ ရှေ့ဆက်လျှောက်ဖို့ ... ပထမဆုံး ငွေ (service money)၊ ပြီးမှ သူ့ရဲ့‌လုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေအပေါ် သုံးသပ်ပြီး ယုံကြည်မှုတစ်ခုတည်ဆောက်တယ်။ ပြီးတော့လူတိုင်းကို လွယ်လွယ်နဲ့မယုံကြည်ဖို့ဆိုတဲ့အချက်ကိုလဲထောက်ပြသွားတယ်... အကြောက်တရားနဲ့ကြုံလို့ အခက်အခဲဖြစ်နေတဲ့အချိန်မှာ ... တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးတစ်ယောက်ရဲ့ မာန်မာနကို "အလွယ်တကူ" ချပြသွားတယ်...
လုံးဝ ရင်ဝ အရှိုက်ကိုထိစေတဲ့ အပိုင်းကတော့
ဌာနတစ်ခုရဲ့ နိုင်ငံဝန်ထမ်းများအနေနဲ့ စည်းလုံးညီညွတ်မှု နဲ့ သစ္စာရှိမှုကိုပြသသွားတဲ့ အခန်းမှာ မျက်ရည်မကျရင် ကြိုက်သလိုပြောဗျာ... တကယ်ထိတယ် (ကျွန်တော့်အတွက်တော့)

နောက်ဆုံးစတုတ္ထမြောက်အချက်ဖြစ်တဲ့
ဇာတ်ဝင်ခန်းကတော့ တစ်ကယ်ကောင်းလွန်းပါတယ်...
ရဲ့ရင့်တဲ့စိတ်ဓာတ်နဲ့ လေးစားမှုကိုချပြသွားတာ ...

ပြောစရာတွေကတော့ အများကြီးဆိုပေမယ့်အများကြီးရေးရင် အမှားပါသွားမှာစိုးလို့ ဒီလောက်နဲ့ဘဲ အဆုံးသတ်ပြီး၊ ကြည့်ဖို့ထိုက်တန်တဲ့ ဇာတ်ကားဖြစ်လို့၊ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ ...

အမှားပါရင်ခွင့်လွှတ်ပါ။✌️

15/09/2023

ညီလေး .....
ဟိုးမှာ ကြည့်လိုက်စမ်းကွာ ...
အဆုံးမရှိတဲ့လှေကားထစ် (Infinity Ladder) ပေါ်ကို အလုအယက်တိုး‌ဝှေ့ပြီး တက်နေတာ ...
မင်းအနေနဲ့ တိုးဝှေ့ပြီးတက်နေတဲ့သူတွေလို .....
အပြိုင်အဆိုင်မတက်ဘဲ ... ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်လို့ ... မေတ္တာတရား နဲ့ ကိုယ်ချင်းစာတရားထားပြီး ..
တက်သွားကြည့်ကွာ ...
အကယ်လို့ ...........
မင်း‌ထိုက်သင့်သလောက်ကြိုးစားခဲ့တာတောင် ...
ပြန်ပြုတ်ကျလာတယ်ဆိုရင်တော့ ...
မင်းတွေ့ဆုံခဲ့ရတဲ့သူတွေအပေါ် ...
ဟန်ဆောင်မေတ္တာတရားတွေထားခဲ့လို့ဘဲ... ✌️

31/08/2022

"ကြေကွဲခြင်းများနှင့်လခစားဘဝ"
လစာထုတ်ရက် အိမ်ပြန်ချိန် အပြုံးများနဲ့
လေပြေတွေသာယာနေခိုက် စိတ်ကူးတွေယဉ်ပြီး
ကားပေါ်ကဆင်း အိမ်ကမိသားစုဝမ်းစာအတွက်
​ကုန်စုံဆိုင်ရှေ့ရောက်သောအခါ ပျော်ရွှင်နေသော
မျက်နှာ စိတ်ကူးယဉ်ပြီးကြည်နူးနေခဲ့တဲ့
အခိုက်အတန့်ပျောက်ကွယ်သွားကာ ရတဲ့လစာနဲ့
မလောက်ငှ တနေကုန်ပင်ပန်းထားလေတော့
ဗိုက်ကဆာ ဈေးဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်ထွက်
တွက်ချေမကိုက်ဘဲပြန်ထွက်လာခဲ့ကာ
ဆာလောင်နေတဲ့ဗိုက်အတွက် ခဏတာပြေပျောက် ဖို့ရန်၊ အချိုထည့်မည်ဆိုကာ လက်ဖက်ရည်ဆိုင်သို့
ချီတက် ချိုစိမ့်တစ်ခွက်မှာ သကြားပလာတာမှာရန်
ဈေးနှုန်းမေးကြည့်ပြန်တော့ အဆင်မပြေ၊ တစ်ခုပြီးတစ်ခု မေးပြန်တော့ အဆင်မပြေ
နောက်ဆုံးမှာ ဖခင်ကြီးဗိုလ်ချုပ်ရဲ့ ပဲပြုတ်နံပြားနဲ့မှ အဆင်မပြေချင်ပြေသွားတော့သည် ...
ပဲပြုတ်နံပြားကိုစားကာ၊ ဗိုလ်ချုပ်ပြောခဲ့သော
"ဖာနိုင်ငံ" ဖြစ်လာတော့မည်လားဟု
ရှေ့ရေးအတွက် ကြိုတွေးရင်း ... စိတ်ဆင်းရဲခြင်း
များစွာဖြင့် လက်မှိုင်ချကာ သာယာလှပသော
အိမ်ပြန်ခရီးမှ ဝေးကွာသွားတော့သည်။

16/08/2022

လမ်းပျောက်တယ်
ဘာလုပ်ရမှန်းမသိဘူးဆိုတာမရှိပါဘူး
တကယ်တော့လမ်းက အဆင့်သင့်ရှိမနေပါဘူး ကိုယ်တိုင်ဖောက်ရတာပါ ခက်ခဲခြင်းနဲ့လွယ်ကူခြင်းဘဲကွဲပြားသွားတာပါ

30/06/2022

'အနာဂါတ်ပျောက်သည့်နေ့'

ယခုလို IT ခေတ်ကြီးထဲမှာ .... သူခိုးများ
အရင်ခေတ်အခြေအနေနဲ့မတူ ... ခေတ်နဲ့အညီ ...
ခိုးလာကြသည်မှာ ... ရှေ့သွားနောက်လိုက်ဆိုသလို
IOS Phone တွေပါမချန် ... ခိုးလာကြသည်ကို ...
​စုံထောက်ကြီးဦးစံရှားပမာ ... ထောက်ရှုကြည့်ရင်
ဒါဟာ ... အင်မတန် ... နယ်ပယ်ကျယ်ပြန့်လာတဲ့
သဘောကိုတွေ့ရှိရတယ်ပေါ့ဗျာ၊
လကုန်သည့် ... လစာထုတ်ရက်ဖြစ်တဲ့ ...
ညနေ နေရီ နေရီ ရေခပ်ချိန်လေး နီးလာပြီဆိုသလို
သူတို့သည်မှာလည်း ... အမဲလိုက်ထွက်ကြပြီ ...
ညံ့တဲ့သူ ... တော်တဲ့ခေတ်ရောက်နေပြီဆိုတော့ ...
အခက်တွေ့ကုန်ကြပေပြီ ... သူခိုးရန်ကလွတ်ဖို့ ...
ဖုန်းများကိုပင်လက်ထဲမှာ ... တင်းတင်းဆုပ်ကိုင်လို့
လက်တဖက်က ... မြဲနေအောင်ဆုပ်ကိုင်၍ ...
ယိမ်းသမလေးများကဟန်နှင့်တူသော ... ဘတ်စ်ကား​၏လှုပ်ရမ်းမှုကိုကြံ့ကြံ့ခံကာ ...
ရှောင်ရှားကြလေပြီ ... ထို့ကြောင့်
သူခိုးများ​၏အနာဂါတ် ...ပျောက်ရလေတော့သည်။

30/06/2022

ရိုးသားစွာပေးကမ်းမှုကို ...... ကြည်ဖြူစွာလက်ခံပါ
နောက်လူ​၏ရိုးသားမှုလည်း ..... မမျှော်လေနှင့်၊
ကိုယ် ကိုယ်တိုင်လည်း ..... ရိုးသားရပေမည်။

"ရိုးသားသောဆောင်ပုဒ်”

Address

Mingaladon
Yangon

Website

Alerts

Be the first to know and let us send you an email when Honest bribable posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share