22/05/2026
မူကြိုကျောင်းစတက်တော့မယ့်သားသားမီးမီးလေးတွေအတွက် စိတ်မချဖြစ်နေသောဖေဖေမေမေ တွေအတွက် ယုံကြည်စိတ်ချမှုအပြည့်ရရှိနိုင်မည့် မူကြိုကျောင်းလေးကို ရှာဖွေနေပါက Bright Star Future Preschool လေးရှိကြောင်း သတင်းကောင်းလေးပေးပါရစေနော်။
စကားပြောနည်းသော သားသားမီးမီးလေးများအတွက် လူမှုဆက်ဆံရေးနှင့် မိမိကိုယ်ကို အားကိုးတတ်လာစေဖို့အတွက် Social Skills,Individual Skills များလည်း လေ့ကျင့်သင်ကြားပေးပါမည်။
စာသင်ကြားမှုတစ်ခုတည်းသာမဟုတ်ပဲ ပျော်ရွှင်စိတ်ဝင်စားဖွယ် သင်ကြား၊သင်ယူမှုရရှိလာစေရန်အတွက်လည်း games,art and craft လုပ်ဆောင်မှုများနှင့် activity လေးများကို ကိုယ်တိုင်လုပ်ဆောင်သင်ယူကြရခြင်းဖြင့် သားသားမီးမီးလေးများ အတွက် ပျော်ရွှင်ဖွယ်မူကြိုအမှတ်တရများကို ရရှိစေနိုင်ပါတယ်။
Communication Skills များတိုးတတ်ကောင်းမွန်စေဖို့အတွက် သားသားမီးမီးလေးတို့ရဲ့ အသက်အရွယ်နဲ့ သင့်လျော်သော group project များအတူ ပူးပေါင်းပြုလုပ်စေခြင်း၊ဘာသာစကားဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် Story Telling Time များဖြင့် သင်ကြားပေးခြင်းတို့ကြောင့် အပြောမရဲ ကြောက်တတ်သော သားသားမီးမီးများအတွက် ဖေဖေမေမေတို့ စိတ်အေးကြရစေပါမယ်။
ဖေဖေမေမေတို့အနေဖြင့် သားသားမီးမီးလေးများရဲ့ ပညာရေးအတွက် စိတ်အေးရစေဖို့၊ ဘက်စုံဖွံ့ဖြိုးတိုးတက်သော သားသားမီးမီးများဖြစ်လာစေဖို့ အလေးထားပြုစုပျိုးထောင်ပေးလျက်ရှိသော Bright Star Future Preschool တွင် လာရောက်စုံစမ်း အပ်နှံနိုင်ဖို့ အတွက် အမြဲကြိုဆိုလျက်ရှိပါတယ်နော်။
ကျောင်းလခလေးများကိုလည်း မိဘအများစုလက်လှမ်းမှီအောင် ကျောင်းဘက်မှ အဆင်ပြေတဲ့ပမာဏ ဖြစ်အောင် အတတ်နိုင်ဆုံး စီစဉ်ပေးထားပါတယ်နော်။
Bright Star Future Preschool
Contact - 09 683 778 416
လိပ်စာ- အိမ်အမှတ် (ဟခ၊၁၈၉)ဟိုခိုမိုင်ရွာ၊ဖန်မင်အုပ်စု၊တာချီလိတ်မြို့။