09/06/2026
⚽ 2026 World Cup ball - Adidas Trionda ⚽
✅1. Trionda ရဲ့အဓိပ္ပာယ် 🏆
"Tri" = 3, "Onda" = wave/လှိုင်း စပိန်စကား
ဆိုတော့ "3 waves" = "လှိုင်း 3 ခု"
2026 World Cup က USA, Mexico, Canada 3 နိုင်ငံပူးတွဲကျင်းပမှာမို့ နိုင်ငံ 3 နိုင်ငံကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ် ။
✅2. Symbols ပါဝင်တဲ့ သင်္ကေတများ 🏆
Trionda ဘောလုံးမှာ ပါတဲ့ သင်္ကေတ 3 ခု
1. Maple Leaf - မေပယ်ရွက် 🍁
Canada ကိုကိုယ်စားပြုတာ
အနီရောင်ပိုင်းမှာ ပါမယ်။ Canada ရဲ့ အမျိုးသားသင်္ကေတပဲ
2. Eagle - သိမ်းငှက် 🦅
Mexicoကို ကိုယ်စားပြုတာ
အစိမ်းရောင်ပိုင်းမှာ ပါမယ်။ Mexico အလံမှာပါဝင်တဲ့ သိမ်းငှက်ပဲဖြစ်ပါတယ် ။
3. Star - ကြယ်ပွင့် ⭐
United States/USA ကိုကိုယ်စားပြုတာ
အပြာရောင်ပိုင်းမှာ ပါမယ်။ USA အလံထဲက ကြယ်ပွင့် 50 ကို ကိုယ်စားပြုပါတယ် ။
✅3. Tech ပိုင်း 🏆
ဘောလုံးအတွင်းဘက်မှာ sensor ပါပြီး offside VAR, goal-line tech တွေကို ပိုမြန်မြန်ဆန်ကူပေးမယ်
CTR-CORE + SPEEDSHELL surface သုံးထားတော့ လေထဲမှာပိုတည်ငြိမ်၊ ခြေထောက်နဲ့ထိတာပိုတိကျမယ်လို့ ဆိုပါတယ် ။