Yi Wai Lynn

Yi Wai Lynn Never stop moving towards where you want to be.⛳🧳🏞️
A smile you sent, will always return.😸🌟

🌿☔🌦️တကယ်က နေ့တိုင်း မိုးရွာပါတယ်ကိုယ်က နေ့တိုင်းအပြင်ထွက်ရတော့ မိုးကာပါလည်း မိုးတွေစို 💧
31/05/2026

🌿☔🌦️
တကယ်က နေ့တိုင်း မိုးရွာပါတယ်
ကိုယ်က နေ့တိုင်းအပြင်ထွက်ရတော့ မိုးကာပါလည်း မိုးတွေစို 💧

သင်္ကြန်တွင်း ဘုရားသွား ကုသိုလ်ယူ 🙏🪴
16/04/2026

သင်္ကြန်တွင်း ဘုရားသွား ကုသိုလ်ယူ 🙏🪴

လွန်ခဲ့တဲ့ ၅နှစ် ၆ နှစ်ကျော် အရင်တုန်းကဆိုရင်သူငယ်ချင်းတွေ ဖုန်းကြိုဆက်ပြီး လာမယ်ပြောပြီး ရေလာလောင်းတဲ့သူတွေလည်းရှိမပြော...
15/04/2026

လွန်ခဲ့တဲ့ ၅နှစ် ၆ နှစ်ကျော် အရင်တုန်းကဆိုရင်

သူငယ်ချင်းတွေ ဖုန်းကြိုဆက်ပြီး လာမယ်ပြောပြီး ရေလာလောင်းတဲ့သူတွေလည်းရှိ

မပြောမဆို ရုတ်တရက် ရောက်လာပြီး ရေလောင်းတဲ့သူတွေရှိနဲ့

အားလုံးနီးပါး အတူခရီးထွက်ခဲ့ရတဲ့အချိန်လည်း သတိရတယ်

သူငယ်ချင်းတွေ ဆုံရတာ ပျော်စရာကောင်းခဲ့တဲ့ အမှတ်တရတွေ

အခုတော့ တစ်ယောက်တည်း ဘယ်သူနဲ့မှ မနီး

တစ်ယောက်တစ်နေရာစီ အဝေးရောက်နေကြတော့ အလွယ်တကူ မဆုံနိုင်ကြတော့ဘူး

၄/၅နှစ်သမီး အရွယ်ကတည်းက နှစ်တိုင်း သင်္ကြန်အတူဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့တောင်သင်္ကြန်ရက် မဆုံဖြစ်ကြတော့တာ ၅ နှစ် ရှိပြီလား

တကယ်တော့ ဒီရက်ပိုင်း အစ်ကို/အစ်မ တွေရော အရင်က အသိ/သူငယ်ချင်းတွေကိုပါ သတိရနေမိတာ

ဖြတ်သန်းလာတဲ့ နှစ်(၂၀)ကျော် အတွင်း သိခဲ့၊ ခင်ခဲ့ သူတွေမှ အများကြီးဆိုတော့

တစ်ချို့ဆို လုံးဝ ဆက်သွယ်မရတော့တာလည်း အများကြီး သတိရပေမယ့် အရင်က ပုံစံပဲ မှတ်မိပြီး ခုပြန်တွေ့ခဲ့ရင်တောင် မမှတ်မိနိုင်လောက်တော့ဘူး

-------------------------------------

ဒီနှစ် ပိတောက်ပန်း မရသေးဘူး အကြိုနေ့မှ ယူလာ‌ပေးကြမယ်ထင်တယ်🌿◕⁠ᴗ⁠◕⁠✿🌼
11/04/2026

ဒီနှစ် ပိတောက်ပန်း မရသေးဘူး အကြိုနေ့မှ ယူလာ‌ပေးကြမယ်ထင်တယ်

🌿◕⁠ᴗ⁠◕⁠✿🌼

09/03/2026

💧🌴🌻🍀
မအိပ်သေးလို့🙂

တန်ဆောင်းမုန်းလဆုတ်(၁)ရက် ဒီ‌နေ့မနက်မှာ နှင်းတွေကျ ဒီနေ့မှ ရှေ့ဆံမြိတ်မချဘဲ သွားခါမှကျယ်နေတဲ့ နဖူးလည်း နှင်းရေ စိုလို့😂အ...
05/11/2025

တန်ဆောင်းမုန်းလဆုတ်(၁)ရက် ဒီ‌နေ့မနက်မှာ
နှင်းတွေကျ

ဒီနေ့မှ ရှေ့ဆံမြိတ်မချဘဲ သွားခါမှ
ကျယ်နေတဲ့ နဖူးလည်း နှင်းရေ စိုလို့😂

အလယ်တန်းတုန်းက ကျောင်းကို လယ်ကွင်းတွေ ဖြတ်ပြီးသွားရတော့ ထဘီတွေ နှင်းစိုတာ သတိရမိ

ကျောင်းရောက်ရင် ဆောင်းတွင်းမနက် အေးလွန်းလို့ စာရေးလို့ မရ တကယ်အခက်တွေ့ခဲ့တာ

ကျောင်းကို အစောကြီးရောက်ပြီး ကျောင်းမတက်ခင်အချိန်ထိ ဆူဆူညံညံဆော့ကြတာ အရမ်းပျော်ခဲ့တယ်

စာသင်ပြီဆိုရင်တော့ ငြိမ်တဲ့အထဲ ပါပါတယ်😅

ဒီနေ့ တိမ်ဖြူ"လေးတွေကို တောက်လျှောက် ကြည့်လာလိုက်တယ်⛅ရွာမှာတုန်းက တိမ်လေး‌တွေနဲ့ လှကြတာ အတူတူပဲကိုယ်က မိုးပြာပြာ တိမ်ဖြူ...
26/10/2025

ဒီနေ့ တိမ်ဖြူ"လေးတွေကို တောက်လျှောက် ကြည့်လာလိုက်တယ်⛅

ရွာမှာတုန်းက တိမ်လေး‌တွေနဲ့ လှကြတာ အတူတူပဲ
ကိုယ်က မိုးပြာပြာ တိမ်ဖြူဖြူလေးကို အရင်ကတည်းက အရမ်းသဘောကျတယ်⛅💙

အထက်ပိုင်းမှာ ရှိသလို ဒီမှာလည်း ရှိတယ်
ဒီမှာက သွားလိုက်ပြန်လိုက်
အလုပ်မအားလိုက် မိုးချုပ်လိုက်နဲ့
ခဏခဏ မကြည့်ဖြစ်ဘူး

အချိန်ပေးပြီး ဓာတ်ပုံရိုက်ချင်ပေမယ့်လည်း အဖေက မအားလို့
အဖြစ်အနေနဲ့ ဒီပုံလေးတွေပဲရ😁

ပထမက စဉ်းစားထားတာ ဒီနေ့ Sunday မှာ အပြင်သွားမယ် လှတဲ့နေရာလေးတွေကို သွားကြည့်မယ်ပေါ့

ခုတော့ အိမ်မှာငုတ်တုတ်ကလေး မီးကမလာဘူး
အပြင်သွားဖို့ ဆိုင်ကယ်က မအားဘူး🥺😅
လူပဲ အားနေတော့ Drama ပဲ ကြည့်ရမယ်......😁😁

(⁠◍⁠•⁠ᴗ⁠•⁠◍⁠)(⁠◍⁠•⁠ᴗ⁠•⁠◍⁠)(⁠◍⁠•⁠ᴗ⁠•⁠◍⁠)(⁠◍⁠•⁠ᴗ⁠•⁠◍⁠)(⁠◍⁠•⁠ᴗ⁠•⁠◍⁠)(⁠◍⁠•⁠ᴗ⁠•⁠◍⁠)

အစားအသောက် ကြိုက်လွန်းလို့ မုန့်တွေကိုတောင် အားနာလာပြီ😄ဝယ်စားတာတော့ မဟုတ်ဘူး သူများဝယ်လာပေးတဲ့ မုန့်တွေ☺️Cake လေးကို သဘေ...
19/10/2025

အစားအသောက် ကြိုက်လွန်းလို့ မုန့်တွေကိုတောင် အားနာလာပြီ😄
ဝယ်စားတာတော့ မဟုတ်ဘူး သူများဝယ်လာပေးတဲ့ မုန့်တွေ☺️
Cake လေးကို သဘောကျလို့ ပုံယူထားတာ ပုံမှန်ဆို စားဖို့ပဲအရင်ပါ

အင်း မောနင်းပါ ပေပီလေးတွေရဲ့မနက်ခင်းစောစော အိမ်ထဲအလင်းဝင်လာအောင်လို့ ပြတင်းပေါက်လေး ဖွင့်ထားပြီး ရေသွားချိုးတာ ပြန်ထွက်လ...
19/10/2025

အင်း မောနင်းပါ ပေပီလေးတွေရဲ့
မနက်ခင်းစောစော အိမ်ထဲအလင်းဝင်လာအောင်လို့ ပြတင်းပေါက်လေး ဖွင့်ထားပြီး ရေသွားချိုးတာ ပြန်ထွက်လာတော့ သူတို့လေးတွေ အုပ်စုလိုက် ပြတင်း‌ပေါက်ကနေ လာစပ်စုကြတာ တကယ်ချစ်စရာလေးတွေပါ😄

09/10/2025

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Yi Wai Lynn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share