Phue Ngon Pwint Wai Photography

Phue Ngon Pwint Wai Photography Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phue Ngon Pwint Wai Photography, NationalUnityParty compound, KyaingTon Road, Namsang.

မှတ်ထိုက်ပေစွတကားးးး!
16/05/2023

မှတ်ထိုက်ပေစွတကားးးး!

လ္ဘက်ရည်ဆိုင်ရှင်များအား အသိပေးခြင်း
===============

လ္ဘက်ရည်တစ်ခွက် 800
တစ်ငုံစာပဲ ပါတယ်

ဘီယာတစ်ခွက် 800
လေးငါးခါ ငုံလို့ရတယ်

ဘီယာသောက်ရင်
ကားတွေ ရွှေတွေ ငွေတွေ
နောက်ဆုံး ဘီယာ freeပေါက်နိုင်သေးတယ်

မင်းတို့ဆိုင်က လ္ဘက်ရည်မှာ
ယင်ကောင်တွေ ဘာတွေပဲ ပေါက်ဖူးတယ်

ဘီယာ 3ခွက်သောက် တစ်ခွက် အလကားတိုက်တယ်

မင်းတို့ လ္ဘက်ရည်ဆိုင်မှာ
ဘယ်လောက်သောက်သောက် အပိုမရဘူး😎

ဘီယာဆိုင်ဆို
ကြက်ဂွေးတောက် မြေပဲဆားလှော်
အလကားချပေးတယ်😋

မင်းတို့ လ္ဘက်ရည်ဆိုင်မှာ
ရေနွေးကြမ်းတောင် တစ်အိုးထက်ပိုရင်
ချမပေးချင်တော့ဘူး😩

ဘီယာက ဆီးရွှင်တယ်😅

လ္ဘက်ရည်က
အခန့်မသင့်ရင် ဆီးချို ဖြစ်နိုင်တယ်😁

ဘီယာက အိပ်လို့ကောင်းတယ်
အသောက်များရင် ခလော ခလူးနဲ့တောင်မြည်သေး😴

မင်း လ္ဘက်ရည်က
အသောက်များရင် အိပ်မရဘူး😵

ဝန်ထမ်းချင်းလည်း ယှဉ်ကြည့်ဦး

နှပ်ချေးတွဲလောင်း မဲတူးညစ်ပေနေတဲ့
လက်နဲ့ လ္ဘက်ရည်လာချပေမယ့်

ဘီယာဆိုင်မှာဆို

ပေါင်တံဖွေးဖွေး ချက်ဖွေးဖွေးနဲ့
မျက်စိပဒသ ဖြစ်စေတယ်
ရွှေရင်အေးစေတယ်
တစ်ချို့ဆိုင်တွေဆို အမြည်းတောင်မှာစရာမလိုဘူး
အပြုံးတင်နဲ့ ပြီးတယ်😜

မင်းတို့လ္ဘက်ရည်ဆိုင်က
စားသုံးသူကို မယုံသလိုလိုနဲ့
မီးခြစ်တောင် ကြိုးနဲ့ချည်ထားတာ😞

ဘီယာဆိုင်ဆို
မီးတောင် လာညှိပေးတာ
ငါဆို အခြစ်ခံချင်လွန်းလို့
မီး ခဏ ခဏ သေရတယ်😉

ဘီယာနဲ့ရေချိုးရင် အသားအရေလှတယ်ကွ

လ္ဘက်ရည်နဲ့ ရေချိုးကြည့်ပါလား
စေးကပ်ကပ်နဲ့ ပုရွက်ဆိတ် အကိုက်ခံရဦးမယ်😂

Sorryပဲ ငါ့ကောင်
ဒီနေ့ကစပြီး
မင်း လ္ဘက်ရည်ဆိုင် မထိုင်တော့ဘူး

ရှင်းလား ။😏😏😏

Just for fun.စီအာဒီ

"သမီး"ရှင်ဘ၀ကို ပိုအားရှိစေတဲ့ စာကောင်းပေမွန်...!
12/05/2023

"သမီး"ရှင်ဘ၀ကို ပိုအားရှိစေတဲ့ စာကောင်းပေမွန်...!

ကိုယ်ဝန်ဆောင်အမျိုးသမီးက သူ့အမျိုးသားကို မေးတယ်။
"သားသားလေး လိုချင်လား။ မီးမီးလေး လိုချင်လား"
ခင်ပွန်းကဖြေတယ်။
"သားလေးမွေးခဲ့ရင် သားလေးကို သင်္ချာသင်ပေးမယ်၊ အားကစားအတူလုပ်မယ်၊ ငါးမျှားသင်ပေးမယ် "
ဇနီးဖြစ်သူက ရယ်တယ်။
"ဟဟ သမီးလေးဆိုရင်ကော။"
ခင်ပွန်းက မဆိုင်းမတွ ပြောလိုက်တယ်။
"ငါတို့သမီးလေးသာမွေးခဲ့ရင်
ဘာမှ သင်ပေးစရာ မလိုဘူး။
ဘာလို့လဲဆို​တော့ သမီးကပဲ ငါ့ကို ဝတ်​စားဆင်​ယင်​ပုံ၊ ဘယ်လိုစားရမလဲ၊ပြောသင့်တာနဲ့ မပြောသင့်တာ စတဲ့အရာရာတိုင်းကို သင်​​ပေးမယ့်​သူတစ်​​ယောက်​ဖြစ်​​လာမယ်။​အတိုချုပ်​ပြောရရင်​ သမီးလေးက ငါ့အတွက်ဒုတိယ​အမေ ဖြစ်​လာမှာပါ..။ ငါက ထူးထူးခြားခြား ဘာမှ လုပ်မပြရင်တောင်မှ ငါ့ကို သူ့ရဲ့ စံပြပုဂ္ဂိုလ်လို့ သတ်မှတ်ပြီး တခုခုအတွက် ငါ မလုပ်ပေးနိုင်ခဲ့ရင်လည်း အမြဲတမ်း ငါ့ကို နားလည်ပေးမှာပါ။
သမီးလေး အိမ်ထောင်ကျ ခင်ပွန်းရတဲ့အခါ သူ့အမျိုးသားကို ငါနဲ့ အမြဲနှိုင်းယှဥ်နေမှာ။သမီးလေး အသက်ဘယ်လောက်ပဲရှိရှိ သူ့ကို ငါတို့က ကလေးလို ဆက်ဆံသင့်တယ်လို့ အမြဲဆန္ဒရှိနေမှာပါ။ သမီးလေးက ငါ့အတွက် ကမ္ဘာကြီးနဲ့ ရန်ဖြစ်ပေးမှာ ဖြစ်ပြီး တစ်စုံတစ်ယောက်က ငါ့ကို နာကျင်အောင်လုပ်ရင် အဲဒီလူကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”
ဇနီးက အလိုမကျသလို ပုံစံနဲ့ မေးတယ်။
"ဒါဆို သမီးကသာ အဲဒါတွေ အကုန်လုပ်မယ်လို့ ပြောတာလား။ သားလေး မွေးလားရင် သားလေးက အဲ့ဒါတွေ မလုပ်ဘူးပေါ့”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ သားလည်း ဒီလိုပဲ လုပ်နိုင်လိမ့်မယ်၊ ဒါပေမယ့် သားဆိုရင် ဒီပညာတွေ မွေးကတည်းကပါ မလာဘူး။ သင်ယူပြီးမှ တတ်မြောက်လိမ့်မယ်။ သမီးတွေက မွေးလာကတည်းကပါလာတာ။ သမီးတယောက်ရဲ့ ဖခင်ဖြစ်ရတာက ယောက်ျားတိုင်းအတွက် ဂုဏ်ယူစရာပဲ"

"ဒါပေမယ့် သမီးက ငါတို့နဲ့ ထာဝရရှိနေမှာ မဟုတ်ဘူးလေ”

"ဟုတ်တယ်၊ သမီးနှလုံးသားထဲမှာ ငါတို့ထာဝရရှိနေမှာပါ။ ဒါကြောင့်သမီး အဝေးရောက်သွားလည်း သိပ်တော့မထူးခြားပါဘူး။သမီးတွေဆိုတာ ကောင်းကင်က နတ်သက် ကြွေလာတဲ့ နတ်သမီးလေးတွေပါပဲ”

#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်

So that is called "Mother"
12/05/2023

So that is called "Mother"

ဘဝကူးတော့မယ့် မိခင်တစ်ဦးရဲ့ နောက်ဆုံးဆန္ဒ

အမျိုးသားတစ်ဦးဟာ သူနေထိုင်ရာမြို့နဲ့ အလှမ်းကွာတဲ့ အခြားပြည်နယ်တစ်ခုမှာ အလုပ်ရခဲ့တယ်။
အမေနဲ့ အတူ နေသူမို့ သူ့အမေကို အတူခေါ်သွားရင် အဆင်မပြေမှာစိုးလို့ အမေ့ကို ဒေသခံ ဘိုးဘွားရိပ်သာမှာ ထားခဲ့ဖို့ ဆုံးဖြတ်ပြီး လိုက်ပို့ခဲ့တယ်။ပထမသုံးလမှာတော့ အပတ်တိုင်း အလုပ်ပိတ်ရက်တွေမှာ သူ့အမေကို လာတွေ့ခဲ့တယ်။ဒါပေမယ့် နောက်ပိုင်းမှာ သူက အလုပ်များလာတယ်။ရာထူးတိုးလာ လစာတိုးလာတော့ ရုံးပိတ်ရက် စနေနေ့တွေမှာပါ အလုပ်ဆင်းခဲ့ရတယ်။အပတ်တိုင်း သူ့ဇာတိပြည်နယ်ကို ခရီးရှည်ပြန်သွားရတာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားလာရတယ်။ဒါနဲ့ပဲ ရုံးပိတ်ရက်တွေ မပြန်ဖြစ်တော့ဘူး။သူ့အမေကို နောက်ဆုံးတွေ့တာ တော်တော်ကြာနေပြီ။

တစ်နေ့တော့ ဘိုးဘွားရိပ်သာ ဖုန်းဝင်လာတယ်။
"ကျေးဇူးပြုပြီး မြန်မြန်လာခဲ့ပါ"လို့ သူနာပြုဆရာမက စိုးရိမ်နေတဲ့ လေသံနဲ့ လေးနက်စွာပြောတယ်။သူရောက်သွားတဲ့အခါ သူ့အမေရဲ့ ကျန်းမာရေးအခြေအနေက အရမ်းစိုးရိမ်ရတယ်ဆိုတာကို သိလိုက်ရတယ်။

သူက ပိုက်ဆံရှာရင်း အလုပ်ရှုပ်နေချိန်မှာ သူရဲ့ အမေရောဂါက ပိုပြီးတော့ ဆိုးရွားလာတာကို သူသိလိုက်ရတယ်။
သူ့အမေရဲ့ အိပ်ရာဘေးမှာ ထိုင်ချလိုက်ပြီး အမေလက်ကို ခပ်ဖွဖွကိုင်ပြီး ပြောလိုက်တယ်
“အမေ သား အမေ့အတွက် ဘာလုပ်ပေးရမလဲ ”.
သူ့အမေဟာ ဒီတောင်ကို မကျော်နိုင်တော့ဘူးဆိုတာ သိရတော့သူ့နှလုံးသားက ဝမ်းနည်းမှုတွေနဲ့ နာကျင်နေခဲ့တယ်။
သူ့အမေက မောနေတဲဲ့ကြားက ကြိုးစားပြီး ပြောရှာတယ်။
"ငါ့သား ဘိုးဘွားရိပ်သာမှာ မင်း ပန်ကာတပ်ပေးနိုင်မလား။ ဒီမှာ ပန်ကာမရှိဘူး"
“အစားအစာတွေ တာရှည်အောင် ထိန်းသိမ်းလို့ရတဲ့ ရေခဲသေတ္တာလည်း လှူပေးပါ။ အမေ ဒီမှာ အစာမစားဘဲ အိပ်ရတဲ့အချိန်တွေ သိုးနေတဲ့အစာတွေ စားရတဲ့ညတွေ အများကြီးရှိတယ်။”
သားဖြစ်သူက လုံးဝအံ့အားသင့်သွားပြီး သူ့အမေကို မေးခဲ့တယ်။
“အမေ၊ အမေ အရင်က အဲဒါတွေဘာလို့ မပြောခဲ့တာလဲ။အခု အမေ့ဘဝနေဝင်ချိန်မှ ဘာလို့ ဒါတွေအားလုံးကို ပြောပြနေတာလဲ"

အမေဖြစ်သူက ကြိုးစား ပြုံးကာ သူ့သားကို ပြောတယ်။
"သားလေးရယ် ဒီ အပူ၊ ဆာလောင်မှုတွေနဲ့ ဝေဒနာတွေက အမေ့အတွက် နေသားကျနေပါပြီ။ အမေ ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် သားအသက်ကြီး အိုမင်းလာချိန် မြေးလေးတွေက သားကို ဒီနေရာပို့လိုက်ရင် ဒီဒုက္ခတွေ သား ခံနိုင်ရည်မရှိမှာ အမေ ကြောက်လို့ပါကွယ်"
အမေ့စကားအဆုံးမှာ သားဖြစ်သူက မျက်ရည်ကျလာတယ်။ သူ့အမေကို ပွေ့ဖက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။

မိဘတွေကို ချစ်ပါ။မေတ္တာထားပြီး ဂရုစိုက်ပါ။ တန်ဖိုးထားပေးပါ။မိဘတွေ မရှိတော့မှ မိဘတန်ဖိုးသိရရင် ပိုမို နောင်တရတတ်ပါတယ်။
အများစုက မိဘတွေ သက်ရှိထင်ရှား ရှိတုန်းက ဂရုမစိုက်ကြဘဲ ကွယ်လွန်သွားမှ
ပြုစုစောင့်ရှောက်ချင်တယ်ပြောကြတယ်။
အချိန်မနှောင်းမီ မိဘတွေကို ချစ်ပါ ဂရုစိုက်ပါ။

#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်

27/01/2023

Say Something...!

ဘာလားဟ !!!ဒီနေ့ ညီတော်မောင် မပုတင်ပျောက်၍ မိခင်ရှိရာ မွေးရပ် ပင်လုံမြို့မှာ ပျောက်ဆုံး ဘာ ညာ လာလုပ်၏။အမြန် ဘာ ညာကြေးဖြင့...
25/01/2023

ဘာလားဟ !!!

ဒီနေ့ ညီတော်မောင် မပုတင်ပျောက်၍ မိခင်ရှိရာ မွေးရပ် ပင်လုံမြို့မှာ ပျောက်ဆုံး ဘာ ညာ လာလုပ်၏။
အမြန် ဘာ ညာကြေးဖြင့် မျမာကျပ်ငွေရှစ်သောင်းကျပ်
+ နမ့်စန်မြို့ထွက် ဒိန်ချဉ်နှစ်ဘူး ညီမျှလေ၏။ နောင်ခါ
အသက်နဲ့လဲ/ရင်း ကာ စောင့်ရှောက်ထိန်းသိမ်းအပ်
ပေ၏တကားးးး

_တိုင်းပြည်လှုပ်ယဲ့ယဲ့မှာ တာ၀န်ရှိအာဏါကိုင်လူတန်း
စားတို့၏လုပ်စားခွင့်ကား ခိုင်နေဆဲဖြစ်၏။စစ်ဘေး၊ရှိုမီးဘေးတို့ ကင်းလွတ်ရာမြို့တချို့အတွက်လည်းစိတ်
မကောင်းဖြစ်ရသလို စစ်မီးတောက်ရာဒေသက အမျိုး အဆွေများ အတွက်လည်း ရင်နင့်နာရပါ၏။

မည်သို့ပင်ဆိုစေကာမူ မြန်ပြည်အေးချမ်းပါစေ...

Photo ; credit!

ပင်လုံတက္ကသိုလ်ရဲ့၂၀၂၃ စုပေါင်းမဟာဘုံကထိန် အာ ဟာ ..ဟုတ်ပါဝူး.._အစဉ်အဆက်ဘွဲ့ရများကို ယခုနှစ်ပေါင်းစည်ထုတ်လုပ်မည်ဖြစ်ရာတွင...
25/01/2023

ပင်လုံတက္ကသိုလ်ရဲ့၂၀၂၃ စုပေါင်းမဟာဘုံကထိန်
အာ ဟာ ..ဟုတ်ပါဝူး..

_အစဉ်အဆက်ဘွဲ့ရများကို ယခုနှစ်ပေါင်းစည်ထုတ်လုပ်
မည်ဖြစ်ရာတွင် ဓါတ်ပုံရိုက်စားမည့် တာတား
"ဖူးငုံပွင့်ဝေ" သည်လည်း ကျရာကဏ္ဍမှ ပါ၀င်မည်ဖြစ်ရာ လမ်းမတော်၊ မိုးဟိန်းလ္ဘက်ရည်ဆိုင်ရှေ့ ၊ပင်လုံမြို့
သို့ လာရောက်အလှပြ ရိုက်ကူးနိုင်ပြီဖြစ်ပါကြောင်း....

PangLong University 's Convocationin Jan 2023 Outdoor Special....Package; 1 Lakh for 12*18(2)pcs & 4*6 (10)PCsBooking On...
01/12/2022

PangLong University 's Convocation
in Jan 2023 Outdoor Special....
Package;
1 Lakh for 12*18(2)pcs & 4*6 (10)PCs
Booking Only 09254400300; 09792939524

(2019 Last Convocation...)

PangLong University 's Convocationin Jan 2023 Outdoor Special....Package; 1 Lakh for 12*18(2)pcs & 4*6 (10)PCsBooking On...
01/12/2022

PangLong University 's Convocation
in Jan 2023 Outdoor Special....
Package;
1 Lakh for 12*18(2)pcs & 4*6 (10)PCs
Booking Only 09254400300; 09792939524

PangLong University 's Convocation in Jan 2023တဲ့ဗျား..Conv; (1)
01/12/2022

PangLong University 's Convocation in Jan 2023
တဲ့ဗျား..

Conv; (1)

Address

NationalUnityParty Compound, KyaingTon Road
Namsang
12345

Telephone

+95 9 792 939524

Website

Alerts

Be the first to know and let us send you an email when Phue Ngon Pwint Wai Photography posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share