19/05/2023
စာသင်ခန်းထဲမှာ ဆရာ/မ များ မဖြစ်မနေ ပြောရမည့် စကားများ
******************************
8. Register ( ကျောင်းခေါ်ကြိမ်)
Who isn't here today?
ဒီနေ့ ဘယ်သူပျက်လဲဟေ့။
Who is absent today?
ဒီနေ့ ဘယ်သူ ပျက်လဲဟေ့။
Why were you absent yesterday, ...... ?.... ရေ မင်းဘာလို့ မနေ့က ကျောင်းပျက်တာလဲ။
(Eg. Kyaw Kyaw, Aung Aung,....)
Why were you absent last Friday, ...... ?.... ရေ မင်းဘာလို့ ပြီးခဲ့တဲ့သောကြာနေ့က ကျောင်းပျက်တာလဲ။
(Eg. Kyaw Kyaw, Aung Aung,....)
Whats the matter with ...... today?..... ဒီနေ့ ဘာဖြစ်နေတာလဲ။
( ..... ဒီနေ့ နေမကောင်းဘူးလား/ဖျားနေတာလား )
(Eg. Kyaw Kyaw, Aung Aung,....)
Whats wrong with Kyaw Kyaw today?
ကျော်ကျော် ဒီနေ့ ဘာဖြစ်နေတာလဲ။
( ..... ဒီနေ့ နေမကောင်းဘူးလား/ဖျားနေတာလား )
(Eg. Kyaw Kyaw, Aung Aung,....)
***********************************
9. သင်ခန်းစာအဆုံးသတ် စာဖြေချိန်တွင် သုံးရမည့် စကားများ။
When the bell rings, we will give you question papers.
ခေါင်းလောင်းထိုးလျှင် မေးခွန်း ဝေပါ့မယ်။
Think carefully before you answer.
မဖြေခင် သေချာ စဉ်းစားပါ။
Its almost time to stop.
စာဖြေချိန် ကုန်ခါနီးပြီ။ ( လက်စသပ်ချိန် ရောက်ပြီ။)
Time's up.
အချိန်စေ့ပြီ။
Only fifteen minutes left.
အချိန်စေ့ဖို့ တစ်ဆယ့်ငါးမိနစ်သာ ကျန်တော့တယ်နော်။
( အချိန်စေဖို့ တစ်ဆယ့်ငါးမိနစ်သာ လိုတော့တယ်နော်။)
Finish your answers.
အဖြေတွေ လက်စသပ်ကြတော့။
Check your answers again.
အဖြေတွေ မှန်မမှန် ပြန်စစ်ကြဦး။
Have you finished?
ဖြေပြီးကြပြီလား။
Im afraid its time to finish now.
အားတော့နာတယ်ဟေ့။ အခု စာဖြေချိန် စေ့သွားပါပြီ။
Weve run out of time.
အချိန်ကုန်သွားပါပြီ။ ( အချိန်စေ့သွားပါပြီ)
Well have to stop here.
(စာဖြေတာ) ဒီမှာပဲ ရပ်ရပါလိမ့်မယ်။
Well, lets stop now.
ကဲ...ကဲ အခု တော်ကြရအောင်။
Its time to finish now.
အခု အချိန်စေ့သွားပြီ။
Theres the bell. Its time to stop.
ခေါင်လောင်းတီးပြီ။ အချိန်စေ့ပြီ။
Thats all for today.
ဒီနေ့တော့ ဒီလောက်ပါပဲ။
Let's call it a day.
ဒီနေ့တော့ ဒီလောက်ပါပဲ။
You can go now.
မင်းတို့ သွားနိုင်ပြီ။ ( စာဖြေခန်း အပြင်ကိုထွက်လို့ရပြီ)
Stop now.
ဖြေနေတာတွေ အခု ရပ်တော့။
Any questions?
မေးစရာ ရှိလား။
Pack your books up.
စာအုပ်တွေ သိမ်းသွားဦး။
One minute to finish that activity.
Activity ပြီးဖို့ တစ်မိနစ်ပဲ လိုတော့တယ်နော်။
Its nearly time to come in.
စာဖြေခန်းထဲ ဝင်ချိန် ရောက်လုနီးပါးပဲ။
( စာဖြေခန်းထဲ ဝင်ချိန်ရောက်တော့မယ်။)
Are your desks tidy?
မင်း စာရေခုံတွေက သေသပ်ရဲ့လား။
( မင်း စာရေခုံတွေက သပ်သပ်ရပ်ရပ် ရှိရဲ့လား။)
Dont forget to bring your tomorrow.
မနက်ဖြန်မှာ ..... ယူလာဖို့ မမေ့ကြပါနဲ့။
(Eg. Ruler, ball-pen, chemical stencil,.....)
Look at the time.
အချိန် ကြည့်ပါဦး။ ( နာရီကြည့်ပါဦး )
Check the time.
အချိန် ကြည့်ပါဦး။ ( နာရီကြည့်ပါဦး )
What time is it now?
အခု ဘယ်အချိန်ရှိနေပြီလဲ။ ( ဘယ်နှစ်နာရီ ထိုးနေပြီလဲ။)
Well have to finish this tomorrow/ in the next lesson
မနက်ဖြန်/နောက်သင်ခန်းစာမှ ဒါ အဆုံးသတ်လိမ့်မယ်။
Thats all (we have time) for today.
ဒီနေ့ အချိန်ရတာက ဒီလောက်ပဲလေ။
The next class is waiting outside/ to come in.
နောက်တစ်တန်းက အပြင်မှာ/ဝင်ဖို့ စောင့်နေတယ်။
***********************************
10. Lateness = နောက်ကျခြင်း။
ကျောင်းသား နောက်ကျတဲ့အခါ ပြောဆိုပုံများ။
We started ten minutes ago.
လွန်ခဲ့တဲ့ ၁၀ မိနစ်ကတည်းက သင်ခန်းစာ စခဲ့တာ။
( စာသင်တာ ၁၀မိနစ်တောင် ရှိနေပြီ။)
What have you been doing?
မင်းဘာလုပ်နေလို့လဲ။
Did you oversleep?
အအိပ်လွန်နေတာလား။
Dont let it happen again.
နောက်ထပ် ဒါမျိုး မဖြစ်စေနဲ့။
Where have you been?
မင်း ဘယ်ရောက်နေတာတုန်း။
Did you miss your bus?
ဘက်စ်ကား မမီလို့လား။
Traffic jam?
ကားလမ်း ပိတ်တယ်လို့ ဆင်ခြေပေးဦးမယ် မိုလား။
M. Haron