05/02/2024
မနေ့က ယူနိုက်တက်ပွဲကို လာကြည့်ရင်း ဗန်ပါစီနဲ့ ဆာအဲလက်စ်တို့ ပြန်လည်ဆုံဆည်းခဲ့ပါတယ်။ ဗန်ပါစီကတော့ ယူနိုက်တက်မှာ အချိန်ခဏတာပဲ ကစားခဲ့တယ်ဆိုပေမယ့်လည်း တော်တော်လေးသံယောဇဉ်ကြီးမားပုံရပါတယ်။
အသင်းဟောင်းအာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲကြီးပွဲကောင်းရှိပေမယ့် သူ သွားမကြည့်ခဲ့ပါဘူး။ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ချိန်မှာ အာဆင်နယ်ပရိသတ်တွေက သူ့ဂျာစီကို မီးရှို့ခဲ့တာ၊ အာဆင်နယ်-ယူနိုက်တက် ပြန်ဆုံတွေ့ချိန်မှာ သူ့အပေါ် ကြိုဆိုခဲ့ပုံတွေကြောင့် အာဆင်နယ်ဆီကို မသွားတော့ဘူးလို့လည်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။