Love Poem

Love Poem ���

🥀🥀🥀
07/12/2022

🥀🥀🥀

"နှလုံးသားလေး ဖျားသွားပြီ..."နေတတ်ဖို့ သင်ယူခဲ့ရတဲ့ အချိန်တွေကအရမ်းနောက်ကျ နေပြီ၊နှလုံးသား နာမကျန်းဖြစ်လာမှ ထိခိုက်လာမှန...
10/09/2022

"နှလုံးသားလေး ဖျားသွားပြီ..."

နေတတ်ဖို့ သင်ယူခဲ့ရတဲ့ အချိန်တွေက
အရမ်းနောက်ကျ နေပြီ၊
နှလုံးသား နာမကျန်းဖြစ်လာမှ
ထိခိုက်လာမှန်းသိလာတဲ့အခါမှာတော့
ပြုပြင်စရာမရတော့တဲ့၊ ပြိုလဲသွားမယ့်
အိမ်ဟောင်း အို တစ်အိမ်လို၊
အစ စ အရာရာ၊ နောင်တ တွင်းထဲ
နစ်မွန်းနေရတဲ့ ဘဝက၊ နောက်ထပ်
ချစ်ခြင်းမေတ္တာ နဲ့ လွဲပါစေလို့ပဲ
ဆုတောင်းရတော့တယ်။

ကိုယ့်ဘက်က မက်မက်မောမော၊
ယုယပြခဲ့တာတွေ....
ကိုယ့်ဘက်က ထဲထဲ ဝင်ဝင် ပွင့်လင်း
ပြခဲ့တာတွေ....
ကိုယ့်ဘက် တိတိကျကျ ရိုးသားခဲ့တာတွေ...
ကိုယ်ကမ်းပေးခဲ့တဲ့ လက်တစ်စုံဟာ၊
ခု တုံး ဖြစ်သွား ရတယ် ဆိုတာ
ခံစားရတာ ဘယ်လောက် ကျဉ်းကြပ်သလဲ
ဆိုတာတွေ၊ မင်း သိရဲ့လား။

မင်းဆီမှာ ဆိုက်လာတဲ့ ကျနော့်ရဲ့
ချစ်ခြင်းတွေက မြောင်းထဲ ပစ်ချ
ခံလိုက်ရသလို၊
ပြန်ကုန်းကောက်လို့ မရတော့တဲ့အထိ
ဒီ နှလုံးသားက နာကျင်မှု ပြင်းထန်တယ်။

ကိုယ်ချစ်သလိုမျိုး၊ ကိုယ့်ကိုယ်ပြန်
မချစ်နိုင်တဲ့ သူတွေနဲ့ ၊
ဘဝအဆက်ဆက်
ရေ စက်တွေ ပြန်မဆုံချင်တော့ဘူး......

ကိုယ်ကတော့ သူပျော်ပါစေ ဆိုတဲ့ စိတ်နဲ့ နေခဲ့တယ်﹒﹒﹒သူကတော့ 。。。  🥀
15/07/2022

ကိုယ်ကတော့ သူပျော်ပါစေ ဆိုတဲ့ စိတ်နဲ့ နေခဲ့တယ်﹒﹒﹒

သူကတော့ 。。。

🥀

26/06/2022

ပြန်သွားမှာ ကြောက်လို့

ဖိနပ်လေး ဝှက်ထားဖူးတယ်

ဖိနပ်မရှိဘဲ လမ်းမလျှောက်နိုင်ဘူးဆိုတဲ့

ကလေး အတွေးလေးနဲ့ပေါ့......


🥀

26/06/2022

ဆုံဖို့ကံပါလာရင် မဆုံချင်လည်း ဆုံရတယ် "
ဝေးဖို့ကံပါလာရင် မဝေးချင်လည်း ဝေးရတယ် "

ကိုယ့်သဘောဆန္ဒမပါလည်း
အရာရာက ဖြစ်ချိန်တန်ရင် ဖြစ်သွားရတာပါပဲ။

ကျွန်တော်တို့ချစ်တဲ့သူတွေကို အနားမှာနေပါဆိုပြီး အတင်းဆွဲထားလို့မရသလို တစ်ဖက်က အလိုမရှိတော့လို့ ထွက်သွားမယ်ဆိုလည်း တားမြစ်ပိုင်ခွင့်မရှိပါဘူး။

အချိန်တန်ရင် . . .
ကိုယ့်အနားက ထွက်ခွာသွားကြမယ့်သူတွေချည်းပါပဲ။ ဒါကြောင့်လည်း ကျန်နေခဲ့ရမယ်ဆိုတဲ့ အသိစိတ်လေးနဲ့ပဲ လူတွေကို ချစ်ဖြစ်တော့တယ်။

Crd.
I'm lonely 🥀
🥀

25/06/2022

"ဒီမာ ဒီမာ.....

မင်းကလဲ သူဖြစ်နေလို့ မာနတွေမထားပဲ ကပ်တွယ်နေတာ

သူကလဲ မင်းဖြစ်နေလို့ကို မာနတွေထားပြီး ပြတ်သားပြနေတာ

မှတ်ထားပါ.....
လူတစ်ချို့က သူတို့အပေါ် မပြတ်သားနိုင်မှန်းသိရင် သိပ်ရက်စက်ချင်ကြတာ"

🥀

23/06/2022

ဘာလို့ အဲ့လောက်တာ ခံစားရတာလဲကွာ......🥀💔

အသဲတွေ ကြွေကျလုမတက်ပါပဲလား......🥀💔

💔🥀

23/06/2022

ဒဏ်ရာ ခနခနရလာတော့ တခါတခါအသက်ရှူတိုင်း ရင်ဘက်ထဲက အောင့်အောင့်လာတယ်🥀💔

🥀💔

15/06/2022

ကိုယ့်ကို ကြိုဆိုနေတဲ့သူဆီကျ မသွားချင်ပဲ.....😌

မလာပါနဲ့ ဆိုတဲ့သူဆီကိုမှ သွားချင်နေပြန်ရော.....🥀

ဘဝက အဆင်‌‌တေပြေနေရော.....,🥀💔

🥀

12/06/2022

ချစ်ခြင်းမေတ္တာဆိုတာ
တကယ်ချစ်တတ်တဲ့သူတွေဆီမှာ
အနေကြာတတ်လေသလားပဲ

ဟိုးအရင်က ဘာဆက်နွယ်မှုမှမရှိခဲ့ဘဲ
တစ်ချိန်ချိန်မှာ တစ်ယောက်ကိုတစ်ယောက်
မေ့မရတဲ့ထိ နီးမလိုလိုနဲ့ဝေးသွားရတဲ့
အကြောင်းအရင်းကို အချစ်လို့ခေါ်မယ်

ငါလည်း အချစ်နဲ့ထိတွေ့ဖူးတယ်
မင်းလည်းအချစ်ကို ခံစားတတ်ခဲ့ဖူးတယ်
ဘာလို့ဆို ငါတို့နီးခဲ့ဖူးတယ်
မုန်းတယ်မပြောဘဲ ဝေးသွားကြတာဟာ
တကယ်ချစ်ခဲ့လို့များလား.....

အခြားတစ်ယောက်ရင်ခွင်ကို
ပြေးဝင်သွားတဲ့အခါ ဘယ်လိုဖြေသိမ့်မှုမျိုးနဲ့
လက်ခုပ်တီးပေးရပါ့မလဲ အချစ်ရယ်.....

ပြန်လာဦးမယ်ဆိုတဲ့အတွေးနဲ့
တကယ်ဝေးသွားကြတာလို့
မသိစိတ်ကယုံကြည်မိတဲ့အခါ
ကမ္ဘာတွေကအထပ်ထပ်ခြားနေပါပြီ.....။

🥀

12/06/2022

ဘဝမှာ အပင်ပန်းဆုံး အလုပ်က
မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာ
အပင်ပန်းဆုံးပဲ၊

မျှော်လင့်ချက်တွေ ကိုယ်ထင်သလို
ဖြစ်မလာတဲ့အခါ.....
- ဆက်သွယ်နေတာလည်း ဖြတ်ရမယ်၊
- ဖက်တွယ်နေတာလည်း ရပ်ရမယ်၊

ဒါမှပဲ အေးအေးချမ်းချမ်းနဲ့
ရှေ့ဆက်ရှင်သန်နိုင်မယ်။

🥀

Address

Maubin

Telephone

+959764399699

Website

Alerts

Be the first to know and let us send you an email when Love Poem posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Love Poem:

Share

Category