16/08/2026
"ပုဂံဝိဉာဉ် ..."
..(ဈ)...
(၁)...
ပုဂံရဲ့ ဆောင်းရက်စွဲ လပြည့်ညတွေဟာ...
အဖော်စုံသူတွေအဖို့....
ကြည်နူးစရာကောင်းသလောက်...
တကိုယ်တည်း အထီးကျန်...
အဖော်မဲ့တဲ့ သူတွေအတွက်တော့...
လွမ်းဆွတ်ဖွယ်အတိပါ...။
(၂)...
တချို့သူတွေက နွေဦးညတွေကို...
လွမ်းမောစရာ အကောင်းဆုံးလို့ ဆိုကြပါတယ်...
မြူတွေဆိုင်းတဲ့ မှိုင်းပြပြညချမ်းလေးတွေ...။
တချို့တွေကျ...
စည်းချက်ပြင်းတဲ့ မိုးညတွေက....
လွမ်းဆွတ်လို့ အကောင်းဆုံးပါတဲ့...။
(၃)...
ကျနော်ကတော့ ဆောင်ညချမ်းလေးတွေကို အချစ်ဆုံးပါ...
ကြယ်တွေစုံတဲ့ည...
ကောင်းကင်မှာ လပြည့်ဝန်းကြီးကလည်း ဝိုင်းဝိုင်းစက်စက် သာလို့ပေါ့...။
(၄)...
ဆောင်းညရဲ့လပြည့်ညတွေထဲမှာ...
ကျနော်ဖြတ်သန်းဖူးတဲ့ အမှတ်တရညတွေ ရှိခဲ့ပါတယ်...
ဘယ်အချိန်ပြန်တွေးတွေး...
ကြည်နူးမှုတဝက် လွမ်းဆွေးမှုတဝက်နဲ့...။
(၅)...
တနည်းဆိုရသော်...
မဟာပုဂံရဲ့လပြည့်ည...
(သို့မဟုတ်)...
မင်္ဂလာစေတီ၏လပြည့်နေ့...။
ဆောင်းညချမ်းမှာ...
မြောက်ပြန်လေးကလေးကလည်း ဖျန်း...
တစ်ချက်တချက် ဥယျာဉ်တော်ဆီက...
ပုရစ်ကလေးတွေရဲ့ အော်မြည်သံတွေ ....
ကျေးငှက်သာရကာတွေကလည်း...
သံချိုနှောလို့ပေါ့...
ရင်ဝယ်အေးမြမြ...
စိတ်ဝယ်လွမ်းတသသ...။
(၆)...
ဤနေရာတွင်...
နရသီဟပတေ့မင်းနဲ့ မိဖုယားစောလုံ...
သူတို့နှစ်ဦးတို့...
ချစ်ခဲ့ကြဖူးသည်...
ပျော်ခဲ့ကြဖူးသည်...
ခုတော့ လွမ်းစရာတွေ ဖြစ်ကြရပြီပေါ့...။
(၇)...
ကင်မရာကိုင်တဲ့ကျနော့်လက်...
ကလောင်ဖက်သို့ လှည့်သွားတော့သည်...
နှလုံးသားနှင့်ရင်း၍ပါ စောလုံ...
နရသီဟပတေ့မင်းရဲ့ လွမ်းချင်းပေါ့...။
(၈)...
"စောလုံတမ်းချင်း..."
(၁)...
💑...
မင်္ဂလာစေတီ နေရီရီဝယ်...
လွမ်းဘွယ်သာမော ဥယျာဉ်တောမှ...
ဥသြတွန်သံ သူတေးသံကို...
စိတ်ဝယ်ထင်မှား ကျွန်ုပ်ကြားသည်...
စောလုံခလှည့် ခပါလှည့် ဟု...။
တရုတ်ပြေးဘုရား စေတီအနားက...
ရွှေချိုးကူသံ သူ့တေးသံကို ...
စိတ်ဝယ်ထင်မှား ကျွန်ုပ်ကြားသည်...
စောလုံခလှည့် ခပါလှည့် ဟု ...။
လွမ်းဆွတ်သောစိတ် ရင်ဝယ်သိပ်၍...
အိပ်စက်သောချိန်...
ညဥ့်သန်းကောင်ယံ ...
အိမ်မြှောင်စုတ်ထိုး သူလေနှိုးသည်...
သူစုတ်ထိုးသံ ကျွတ်ကျွတ်သံကို...
စိတ်ဝယ်ထင်မှား ကျွန်ုပ်ကြားသည်...
စောလုံခလှည့် ခပါလှည့် ဟု...။
(၂)...
စကြ နောက်ကြ ကျီစယ်ကြနှင့်...
ရယ်ကြ မောကြ ရွှင်ပျော်ကြသည့်...
မောင်နှံကြည်နူး သည်နွေဦးကို...
တမ်းတပါဘိ လွမ်းပါဘိ...။ ။....
ကိုလှမိုး (အမှတ်တရပုဂံမြေ)...😊
( မင်္ဂလာစေတီ၊ပုဂံမြေ...)
....♡♡♡...
(ဆက်၍ရေးပါအုံးမည်)...