27/10/2023
ပင်လယ်မရှိသောမြေသို့ စာစု (၃)
(ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး)
ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီ့း့
့
ဘတ်စ်ကား လိုင်းကားစီးပြီး သွားခဲ့တာပါ၊
မယုံမရှိကြပါနဲ့ ခင်ဗျာ၊ တကယ်ကို သွားဖြစ်
ခဲ့ပါတဲ့ ခရီးတခုပါ၊ ရှန်ဂန်ဗီဇာဧရိယာထဲ ပါ
ဝင်တဲ့ နိုင်ငံနှစ်ခုကို သွားတာ ဖြစ်လို့ ဗီဇာ
လည်း မလိုပါဘူး၊ မောင်ရင်ငတေကတော့
အွန်လိုင်းကနေ ကြိုတင်လက်မှတ် ဝယ်ယူ
ပြီးမှ သွားခဲ့ခြင်းဖြစ်ပါတယ်။
အွန်လိုင်းက အဲဒီ ဝမ်းယူရိုလက်မှတ်ကို
ဝယ်နေစဉ်ကတော့ ဟုတ်မှဟုတ်ပါမလား
လို့ ယုံရခက်ခက် ဖြစ်နေသေးပါတယ်၊
ဆုံးလည်း ဝမ်းယူရို ဘာဖြစ်သေးလည်းကွာ
ဆိုပြီး စွန့်လွှတ်စိတ်နဲ့ ဝယ်ခဲ့တာပါ၊ တကယ်
တမ်း အဲဒီမြေကိုနင်း အဲဒီကားဂိတ်ကိုရောက်
တော့ ဝမ်းယူရိုဝမ်းယူရို ကြော်ငြာတွေ ပလူပျံ
တွေ့လိုက်ရတော့ ဟုတ်ချေသားလို့သာ စိတ်
ဒုံးဒုံးချ ယုံလိုက်မိရပါတော့တယ်။
နှစ်နိုင်ငံကူး ခရီး ဆိုပေမယ့်လည်း အဲဒီ ခရီးက
သိပ်အဝေးကြီးတော့ မဟုတ်ပါဘူး၊ ဆလိုဗား
ကီးယားမြို့တော် ဘရာတီဆလာဗာက သြစ
တြီးယားမြို့တော် ဗီယန်နာကိုသွားတဲ့ ခရီးပါ၊
ကီလိုမီတာ ခြောက်ဆယ်ကျော်ကျော် မိုင်အား
ဖြင့် လေးဆယ်သာသာလောက်မို့ ရန်ကုန်နဲ့ ပဂိုး
ခရီး မန္တလေးနဲ့ မေမြို့ ခရီးသာသာ ကွာဝေးတာပါ။
တကယ်တော့ သြစတြီးယားနဲ့ ဆလိုဗားကီးယား
နိုင်ငံတွေက အလျှားရှည်တဲ့ နိုင်ငံတွေလို့ ပြောလို့
ရပါတယ်၊ သြစတြီးယားအနောက်စွန်း လက်ရှ်ချင်
စတိုင်းတို့ ဆွစ်ဇာလန်တို့ရဲ့နယ်စပ်မြို့ Feldkirch
မြို့ကနေ ဆလိုဗားကီးယား အရှေ့ဖျား ယူကရိန်း
တို့ ပိုလန်တို့ နယ်စပ်က Ubľa မြို့ကို ကီလိုမီတာ
တထောင့်နှစ်ရာကျော် သုံးရာလောက် ဝေးတာပါ၊
ဒါပေမယ့် အဲဒီ နှစ်နိုင်ငံမြို့တော်တွေက တမြို့က
အရှေ့ဖျားစွန်းနားမှာ တမြို့က အနောက်ဖျားစွန်း
ကပ်ရက်မှာ တည်ရှိနေကြလို့ မြို့ညီနောင်သဖွယ်
သမိုင်းတလျှောက်မှာ တည်ရှိခဲ့ပါတယ်ပြောရင် မ
မှားနိုင်ပါဘူး၊ အဲနှစ်မြို့ဝေးတာကလည်း မိုင်ပေါင်း
၄၀ နီးပါးမျှသာရှိတဲ့အပြင် ဒန်ညုမြစ်ကမ်းနဘေးမှာ
တည်ရှိကြမို့ ကူးလူးဆက်ဆံမှုတွေက ရှေးယ္ခင် လှေ
ခေတ် လှည်းခေတ် ကာလတွေထဲကပင် အများအပြား
ရှိခဲ့မှာ သေချာလှပါတယ်။
ရောမခေတ်က တောင်ဖျား အီတလီ ဂရိဘက်ကနေ
မြောက်ဖျား ပိုလန်တို့ ရုရှားဘက်တို့ကို ပယင်း ရှာ
ဖွေဖို့အတွက် သွားခဲ့ကြတဲ့ ကုန်သွယ်လမ်းကြောင်း Amber Road ဆိုတာကြီးရဲ့ ခရီးတထောက် ကွန်း
ခိုနားရာ ရပ်ဝန်းလည်း ဖြစ်ခဲ့ဖူးတယ် ဆိုကြပါတယ်။