24/05/2026
Relationship တစ်ခု ခိုင်မြဲချင်တယ်ဆိုရင်တော့ -
၁။ အပြန်အလှန် ချစ်ပါ - ဖုန်းချတိုင်း ချစ်တယ်ပြောပေးပါ၊ လိုင်းဆင်းတိုင်း ချစ်တယ်ပြောပေးပါ၊ အပြင်မှာတွေ့ပြီး ပြန်ခါနီးတိုင်း ချစ်တယ်ပြောပေးပါ။ ချစ်တယ်ဆိုတဲ့ စကားကို ခဏခဏ ပြောပေးပါ။
၂။ မလိမ်ပါနဲ့ - ဂိမ်းဆော့နေတာကို အိပ်နေတယ်လို့ မလိမ်ပါနဲ့၊ ဘီယာသောက်နေတာကို ထမင်းကြော်စားနေတယ်လို့ မလိမ်ပါနဲ့၊ ဘာမဆို အမှန်အတိုင်း ပြောပါ။ တကယ်ချစ်တဲ့သူက အပြစ်မမြင်ပါဘူး၊ ပြုပြင်ယူပါမယ်။
၃။ အဆက်အသွယ် မပြတ်ပါစေနဲ့ - ဖုန်းလေးတွေ ဆက်ပေးပါ၊ စာလေးတွေ ပို့ပေးပါ၊ လိုင်းပေါ်မှာ တွေ့မှ စကားပြောတာမျိုးက တကယ်ကို သူစိမ်းဆန်လွန်းပါတယ်။ လိုင်းပေါ်မှာ တွေ့မယ်ဆိုရင်လည်း ဘယ်အချိန် တွေ့မယ်ဆိုတာကို အချိန်ပေးထားပါ။
၄။ နာကျင်ရရင် ခွင့်လွှတ်ပြီး မေ့ပစ်ပါ - သူ့အတိတ်ကြောင့် ခံစားရရင်ပဲဖြစ်ဖြစ်၊ သူစိတ်ကောက်လို့ ခံစားရရင်ပဲဖြစ်ဖြစ်၊ သူ့ကို အရမ်းချစ်တယ်ဆိုတဲ့ စိတ်နဲ့ အရာရာကို ခွင့်လွှတ်ပြီး မေ့ပစ်လိုက်ပါ။
၅။ "ပြတ်မယ်"၊ "လမ်းခွဲမယ်" ဆိုတဲ့ စကားလုံးဝ မပြောပါနဲ့ - နှစ်ယောက်သား ရန်ဖြစ်စကားများတာမျိုးပဲဖြစ်ဖြစ်၊ မအားလို့ ဖုန်းမခေါ်မိတာ၊ စာမပြန်မိတာပဲဖြစ်ဖြစ် စိတ်ဆိုးစိတ်ကောက်ပြီးတော့ အဲ့လို ပြတ်မယ်၊ လမ်းခွဲမယ် ဆိုတဲ့စကား လုံးဝမပြောပါနဲ့။ အရာရာကို ခွင့်လွှတ်ပြီး မေ့ပစ်လိုက်ပါ။
၆။ မရွဲ့ပါနဲ့ - လုံးဝ မရွဲ့သင့်ပါဘူး။ "နင်တောင် နေနိုင်သေးတာပဲ၊ ငါဘာလို့ မနေနိုင်ရမှာလဲ"၊ "နင်တောင် ဖုန်းမခေါ်သေးတာပဲ၊ ငါစာမပို့ဘဲနေမယ်" ဆိုပြီး အဲ့လို ရွဲ့ရင်း ရွဲ့ရင်းနဲ့ ဝေးသွားနိုင်လို့ပါ။
၇။ မာနနဲ့ အတ္တကို မေ့ပစ်ထားပါ - ချစ်သူနှစ်ဦးကြားမှာ မာနတွေ မထားသင့်ပါဘူး။ "သူ့ထက် ငါ့ကိုယ်ငါ ပိုချစ်တယ်" ဆိုတဲ့ အတ္တတွေလည်း မထားသင့်ပါဘူး။
၈။ ကိုယ့်ဘက်က မှားရင် တောင်းပန်ပါ - ပြဿနာတစ်ခုခုဖြစ်ရင် စပြီးတောင်းပန်တဲ့သူက ပိုချစ်တဲ့သူတဲ့။ အဲ့တော့ ကိုယ်က မှားရင် စပြီး တောင်းပန်လိုက်တာက ပိုချစ်တာထက် ပိုချစ်ရာ ရောက်ပါတယ်။
၉။ Ex အကြောင်း လုံးဝ မပြောပါနဲ့ - အနာဂတ်အကြောင်းပဲ ပြောပါ၊ ကိုယ်နဲ့အတူ ရှိမနေခဲ့တဲ့ အတိတ်အကြောင်းတွေ၊ Ex အကြောင်းတွေ လုံးဝ မပြောပါနဲ့။ လက်ရှိ သူ့ကိုသာ အရမ်းချစ်ကြောင်း၊ အရမ်းမြတ်နိုးကြောင်းပဲ ရင်ဖွင့်ပြောပါ။ အတိတ်နဲ့ ပစ္စုပ္ပန်ကို လုံးဝ မနှိုင်းယှဉ်ပါနဲ့။
၁၀။ အပေးအယူ မျှတပါစေ - သူကပဲ ဖုန်းခေါ်တာမျိုး၊ သူကပဲ စာပို့တာမျိုး၊ သူကပဲ ဆိုင်တိုင်း ဘေလ်ရှင်းတာမျိုး မဖြစ်ပါစေနဲ့။
ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင်တော့ သာယာတဲ့ Relationship လေးတစ်ခု တည်ဆောက်နိုင်မှာပါနော်။😊💓