Captured Moments from Burma

Captured Moments from Burma Photos from Everywhere

24/02/2026

တောက်စ်
ငါအိမ်မှာ မရှိတာနဲ့ ဇာတ်လမ်းကစပြီ 🫩
အချင်းချင်း သင့်သင့်မြတ်မြတ်နေကြမယ်မရှိဘူး 😤

စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်တချို့အရာတွေက မရှိကြတော့ဘူး။
22/10/2025

စကားပြောရင်
အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်
တချို့အရာတွေက မရှိကြတော့ဘူး။

အခင်းမြက်ကမြကော်ဇောလားပန်းဖောက်ထားတဲ့ လမ်းသွယ်လေးတွေခေတ်အဆက်ဆက် အရစ်တတ်တဲ့ရွှေလိမ်းသုတ်ထားတဲ့ မင်းတို့ နန်းဆောင်တွေဝင်းဝ...
11/10/2024

အခင်းမြက်ကမြကော်ဇောလား

ပန်းဖောက်ထားတဲ့ လမ်းသွယ်လေးတွေ

ခေတ်အဆက်ဆက် အရစ်တတ်တဲ့ရွှေ

လိမ်းသုတ်ထားတဲ့ မင်းတို့ နန်းဆောင်တွေ

ဝင်းဝါနေသော မန္တလာမြေ

အမြဲသာယာတဲ့နန်းတော်ရှေ့

မခွဲနိုင်တော့ဘူး

မပြန်ချင်ပါဘူး ဟင်္သာရေ။

မြစ်မင်းဧရာဝတီညှင်းညှင်းသွဲ့သွဲ့စီးကာနေသည်အရှေ့ဆီကိုနေရောင်သွန်းတော့ငွေမှုန်ပွင့်တွေ လက်လက်ထသည်။အနောက်ဆီကိုနေရောင်ယွန်းတ...
06/10/2024

မြစ်မင်းဧရာဝတီညှင်းညှင်းသွဲ့သွဲ့စီးကာနေသည်

အရှေ့ဆီကိုနေရောင်သွန်းတော့

ငွေမှုန်ပွင့်တွေ လက်လက်ထသည်။

အနောက်ဆီကိုနေရောင်ယွန်းတော့

ရွှေမှုန်ပွင့်တွေ လက်လက်ထသည်။

ရွှေမင်းဝံတောင်တန်းဆီ မြူခိုးတွေ‌အုံ့မှိုင်းရီ

ရှုတိုင်းတွေသာတဲ့ပြည်…

စစ်ကိုင်းတောင်ကိုလှမ်းလို့ကြည့်ရင်.....

ဇေယျာရွှေမြေမျှော်တိုင်း…မဝေးတော့ပြီ။

Pictures taken today 🫵
05/10/2024

Pictures taken today 🫵

ရင်နာစရာဇာတ်လမ်းလေးတပုဒ်ကိုငါအခုပြောပြမယ် ဇာတ်လမ်းလေးကဒီလိုစတယ်....မာလာဆောင်သီချင်းထဲကလူကြီးတိုင်းပေါ့ကွယ် အချစ်ကြီးလွန်...
19/06/2024

ရင်နာစရာဇာတ်လမ်းလေးတပုဒ်ကိုငါအခုပြောပြမယ် ဇာတ်လမ်းလေးကဒီလိုစတယ်....
မာလာဆောင်သီချင်းထဲကလူကြီးတိုင်းပေါ့ကွယ် အချစ်ကြီးလွန်းတော့ငိုရတယ်"

ရိုက်ပြီး gallery ထဲမှာ သိမ်းဆည်းထားခဲ့တဲ့ပုံလေးတွေအကြောင်းအမျိုးမျိုးကြောင့် page လေး မ run ဖြစ်ပြန်ဘူးအလားတူ လူတစ်ချို...
28/02/2024

ရိုက်ပြီး gallery ထဲမှာ သိမ်းဆည်းထားခဲ့တဲ့ပုံလေးတွေ

အကြောင်းအမျိုးမျိုးကြောင့် page လေး မ run ဖြစ်ပြန်ဘူး

အလားတူ
လူတစ်ချို့မှာလည်း crush လေးကို အကြောင်းအမျိုးမျိုးကြောင့် ဖွင့်မပြောဖြစ်ကြပဲ အချစ်တွေကို ရင်ထဲမှာပဲ သိမ်းထားတတ်ကြတယ်

အားမငယ်ပါနဲ့
အခု မင်မင်ပုံတင်ပြီး follower တွေကို စိတ်ဒုက္ခခံခိုင်းသလိုမျိုး ကိုယ်ချစ်တဲ့လူသားလေးကို ဖွင့်ပြောပြီး အငြင်းခံလိုက်ကြပါ 🤭

နန်းတော်ရှေ့ဆရာတင် သီကာစပ်ကုံးသည့် "ယဉ်မရိုင်းစစ်ကိုင်းတောသူ"သူတို့ဌာနေ ဧရာဝိုင်းစစ်ကိုင်းမြေမှရွှေတောင်ဦးမော်ပေါ်မှသည်မ...
03/01/2024

နန်းတော်ရှေ့ဆရာတင် သီကာစပ်ကုံးသည့်
"ယဉ်မရိုင်းစစ်ကိုင်းတောသူ"
သူတို့ဌာနေ ဧရာဝိုင်းစစ်ကိုင်းမြေမှ
ရွှေတောင်ဦးမော်ပေါ်မှသည်
မန်းမြေကိုမျှော်ကာမှန်းသော်
မှုန်ပြပြ မြင်ရသောရှုမြှော်ခင်းနှင့်
ငွေသားသင်ဖြူးလား ထင်ယောင်မှားဖွယ်
ဧရာဝတီမြစ်ပြင်ကျယ်နှင့်
ဇေယျာရွှေမြေ-မန္တလာမြေကို
သွယ်ကာဆက်ထား စစ်ကိုင်းတံတားခေါ်
ဧရာဝတီမြစ်ကူးတံတားရတနာပုံ..

Guysမနက်ဖြန်ကစပြီး အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ဖြတ်သန်းနိုင်ကြပါစေဗျာအတိတ်ဆိုးများကိုလည်း အတိတ်မှာ ချန်ထားခဲ့နိုင...
31/12/2023

Guys
မနက်ဖြန်ကစပြီး အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ဖြတ်သန်းနိုင်ကြပါစေဗျာ
အတိတ်ဆိုးများကိုလည်း အတိတ်မှာ ချန်ထားခဲ့နိုင်ကြပါစေ

2023/4

မနက်ကရိုက်ထားတဲ့ပုံကို ခုမှ တင်ရလို့ ဆောတီးပါဗျ

ဧရာဝတီအနောက်ဘက်ကမ်းဘေးက ထုံးရောင်ဖွေးဖွေးနဲ့ သပ္ပာယ်လှတဲ့ မင်းကွန်းဂုဏ်ဆောင်မြသိန်းတန်စေတီ။မြသိန်းတန်စေတီဟာဆိုရင် မင်းဖြ...
19/12/2023

ဧရာဝတီအနောက်ဘက်ကမ်းဘေးက ထုံးရောင်ဖွေးဖွေးနဲ့ သပ္ပာယ်လှတဲ့ မင်းကွန်းဂုဏ်ဆောင်မြသိန်းတန်စေတီ။
မြသိန်းတန်စေတီဟာဆိုရင်
မင်းဖြူမှန်မှန်ပြော(၅၅၅၅၅)ကြေးပိဿာချိန်ရှိ မင်းကွန်းခေါင်းလောင်းကြီး။
အဝ မြို့ကမြင်ရအောင်တည်ဆောက်မယ်ဆိုတဲ့
မင်းကွန်းပုထိုးတော်ကြီး တို့လိုထင်ရှားလှတဲ့အတွက် မင်းကွန်းကိုအလ‌ည်သွားဖြစ်ကြရင် မင်းကွန်းမြသိန်းတန်စေတီကိုဖူးဖြစ်အောင် ဖူးပြိီးပုသိမ်ထီးလေးငှား ကလေးတွေကိုမုန့်ဖိုးပေးပြီး ဓာတ်ဖမ်းလို့လည်းကောင်းတဲ့နေရာလေးတခုဆိုလည်းမမှားပါဘူး။
ဒါနဲ့ မင်းကွန်းကိုလာရင် ခိုတောင်မှာ ခိုတောင်မုန့်တီဝင် စားဖို့လည်းမမေ့ကြနဲ့နော်။


Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Captured Moments from Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category