06/08/2026
အချိန်တွေ ဘယ်လိုပဲကုန်ကုန်
ရာသီတွေ ဘယ်လိုပဲပြောင်းပြောင်း
နှစ်တွေ ဘယ်လောက်ကြာခဲ့ကြာခဲ့
တပည့်တွေရဲ့ ရင်ထဲ အသဲထဲ နှစ်လုံးသားထဲမှာ
ထာဝရ အမြဲတည်ရှိနေတာဟာ
ဆရာကောင်းတွေရဲ့မှတ်တိုင်တစ်ခုပါ။
ဪ ဒါကြောင့်ထင်ပါရဲ့
ဆရာဆုံးမခဲ့ဘူးတဲ့ စကား
လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ဘဝမှာ
မှတ်ကျောက် အတင်ခံနိုင်ရမယ်ဆိုတာ ခုမှသဘောပေါက်တော့တယ်။
မှတ်ကျောက်အတင်ခံနိုင်ခဲ့သော ဆရာ
မင်းတို့ ငါတို့ဆရာ🙏🙏🙏