ၶၢဝ်ႇ - ႁူဝ်ယ Namt Rong News

ၶၢဝ်ႇ - ႁူဝ်ယ Namt Rong News ယိူင်းဢၢၼ်းတႃႇႁႂ်ႈပဵၼ်ၽွၼ်းလီၶၢဝ်ႇၵူႈလွင်ႈ ?

 #
28/04/2026

#

26/01/2026

#ႁဝ်းဢမ်ႇလူဝ်ႇ #တပ်ႉသိုၵ်းၵဝ်ႈၵၢင်ႉ
#ႁဝ်းဢမ်ႇၵျိူၵ်ႈ #တပ်ႉသိုၵ်းၵဝ်ႈၵၢင်ႉ
#ဢွၵ်ႇၵႂႃႇႁႂ်ႈပူၼ်ႉလႅၼ်မိူင်းႁဝ်း
#သူမႃးယႃႉၵဝ်းလႄႈမႃးၵဵပ်းၵိၼ်ၶွၼ်ႇ #ႁဝ်းၵူၼ်းမိူင်းဢမ်ႇလူဝ်ႇ #ဢမ်ႇၵျိူၵ်ႈ
#ဢွၵ်ႇၵႂႃႇ #ဢွၵ်ႇၵႂႃႇ #ႁႂ်ႈပူၼ်ႉ

14/01/2026

MNDAA #အလိုမရှိ #အလိုမရှိ
MNDAA #ဆုတ်ပေးရေး #ဒို့အရေး #ဒို့အရေး
MNDAA #အခွန်လျှော့်ပေးရေး #ဒို့အရေး #ဒို့အရေး

 #ငဝ်းလၢႆးၵိၵ်ႉတင်းသွင်ၽၢႆႇ  #သွင်ၸုမ်း  #တီႈႁူဝ်ယ ‌ေၸႊဝဵင်းမိူင်းယႆ 1.1.2026
01/01/2026

#ငဝ်းလၢႆးၵိၵ်ႉတင်းသွင်ၽၢႆႇ #သွင်ၸုမ်း #တီႈႁူဝ်ယ ‌ေၸႊဝဵင်းမိူင်းယႆ 1.1.2026

ႁဵတ်းဢမ်ႇႁဵတ်းသင်ပၼ်ၵူၼ်းမိူင်း ပေႃးမႃးႁႃယွၼ်းၵိၼ်ၶွၼ်ႇယဝ်ႉ
10/12/2025

ႁဵတ်းဢမ်ႇႁဵတ်းသင်ပၼ်ၵူၼ်းမိူင်း ပေႃးမႃးႁႃယွၼ်းၵိၼ်ၶွၼ်ႇယဝ်ႉ

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

စိုင်းခွမ်မိန်း၊ ၂၀၂၅ ဒီဇင်ဘာလ ၁၀ ရက်

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA လက်အောက်ခံ အခွန်ဌာန တာဝန်ရှိသူများမှ မြေနေရာ အကျယ်အဝန်း လိုက်လံတိုင်းတာခဲ့ပြီး လိုင်စင်စာအုပ် လုပ်ဆောင်ခိုင်းကြောင်း ဒေသခံများက ပြောသည်။

“လဆန်းတုန်းက ဈေးသည်တွေကို ကိုးကန့်ဘက်က အစည်းအဝေး ခေါ်တယ်။ နောက်နှစ် အခွန်ကောက်မယ့် ပုံစံက ဆိုင်တွေကို ပေကြိုးနဲ့ လိုက်တိုင်းပြီး တစ်ပေပတ်လည်ဆိုရင် တရုတ်ငွေ ၂ ယွမ်ကနေ ၅ ယွမ်အထိ ကောက်မယ်။ တစ်လကို ၅၀ ယွမ်ကနေ ၁၀၀ ယွမ်လောက်အထိ ကျမယ်ဆိုတော့ တချို့ဆိုင်လည်း အခွန်များလို့ ပိတ်ရမယ့်ပုံစံ ဖြစ်နေပြီ” ဟု နမ့်ပေါင်ကျေးရွာအုပ်စုမှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လာမည့်နှစ် ၂၀၂၆ ခုနှစ်အတွက် ကိုးကန့်တပ်ဖွဲ့မှ ဈေးသည်များထံ အခွန်ကောက်ခံမည့် ပုံစံမှာ ဆိုင်ခန်းနေရာ အကျယ်အဝန်းနှင့် ရောင်းချသည့် ကုန်အမျိုးအစားအလိုက် တစ်လလျှင် တရုတ်ယွမ်ငွေ ၅၀ မှ ၁၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သုံးသောင်းမှ ခြောက်သောင်းခန့်) ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှုန်းထားဖြင့် ၆ လစာ သို့မဟုတ် တစ်နှစ်စာ ကြိုတင်ကောက်ခံမည်ဟု MNDAA တာဝန်ရှိသူများ ပြောဆိုထားပြီး ဈေးဆိုင်တစ်ဆိုင်လျှင် လုပ်ငန်းအခွန်၊ ကျန်းမာရေးအခွန်နှင့် လုံခြုံရေးအခွန် စသည်ဖြင့် မြန်မာကျပ်ငွေ ၆ သိန်းမှ ၁၀ သိန်းခန့်အထိ ပေးဆောင်ရန် သတ်မှတ်ထားခြင်းကြောင့် ဈေးဆိုင်ပိုင်ရှင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် MNDAA လက်အောက်ခံ ဘဏ္ဍာရေးဌာန အခွန်ရုံးမှ အခွန်ဆောင်လက်မှတ် စာအုပ်များ ထုတ်ပေးနေပြီး ၎င်းအခွန်စာအုပ်အတွက် ဈေးသည်များမှ ကျပ်ငွေ ၅ သောင်းခန့် ပေးဆောင်ရကြောင်း၊ MNDAA ထံ ပေးဆောင်ရမည့် အခွန်ပမာဏ များပြားခြင်းကြောင့် တပိုင်တနိုင် ဈေးဆိုင်များမှာ ဆိုင်ပိတ်သိမ်းရမည့် အခြေအနေ ရောက်နေကြောင်း ဈေးသည်များက ပြောသည်။

“တချို့ရွာတွေမှာ ဆိုင်တွေ လိုက်တိုင်းနေပြီ။ အရင်လက တရုတ်စာ ထည့်ခိုင်းတဲ့ ဗွီနိုင်းဆိုင်းဘုတ်တွေလည်း သူတို့ပြောတဲ့အတိုင်း မလုပ်ထားရင် ပြန်ပြင်ခိုင်းတယ်။ အများစုက နှစ်ခါပြန်လုပ်ရတော့ ပိုက်ဆံပိုကုန်တယ်။ အရင်က မြို့နယ်စည်ပင်မှာ တစ်နှစ်စာ ၁ သောင်းခွဲပဲ ထည့်ရတာလေ၊ အခု ကိုးကန့်က ပေကြိုးတိုင်းပြီး အခွန်ကောက်တာတော့ အရမ်းများတယ်” ဟု မိုင်းရယ်မြို့နယ် ဒေသခံ ဈေးသည်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ တတိယပတ်တွင် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက်ရှိ နမ့်ပေါင်၊ ဟိုယကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အစည်းအဝေး ခေါ်ယူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာနှင့်အတူ တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် MNDAA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများထံမှ သိရသည်။

လက်ရှိတွင် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားတွင် နေရာယူတပ်စွဲထားသည့် ကိုးကန့်တပ်များမှာ နေရာ ပြောင်းရွှေ့ ဆုတ်ခွာခြင်း မရှိသည့်အပြင် စစ်ကော်မရှင်တပ်နှင့်လည်း စစ်ရေးတင်းမာမှု မရှိဘဲ မူလအတိုင်း စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောဆိုသည်။

အခြားတစ်ဖက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာရှိ စစ်ကော်မရှင်ဂိတ်တွင် တရုတ်နယ်စပ်မှတစ်ဆင့် တင်သွင်းလာပြီး ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသများကို ဖြတ်သန်းလာသည့် တရုတ်ထုတ်ကုန်များကို အတင်းအကြပ် စစ်ဆေးကာ သယ်ယူခွင့်မပြုဘဲ တားမြစ်ပိတ်ပင်ထားကြောင်း ကုန်သည်များထံမှ သိရသည်။

ပုံစာ - MNDAA ထုတ်ပေးသည့် အခွန်‌ပေးဆောင်မှု မှတ်တမ်းစာအုပ် (ဓာတ်ပုံ-ဒေသခံ ပေးပို့)





#သျှမ်းသံတော်ဆင့်

#လားရှိုး #မိုင်းရယ်

26/11/2025

#

 #
26/11/2025

#

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

စိုင်းခွန်မိန်း၊ ၂၀၂၅ နိုဝင်ဘာလ ၂၄ ရက်

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက်ရှိ နမ့်ပေါင်၊ ဟိုယကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်) က အစည်းအဝေး ခေါ်ယူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာနှင့်အတူ တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် MNDAA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများထံမှ သိရသည်။

“လွယ်ငင်းရွာမှာ ကိုးကန့်ဘက်က အစည်းအဝေးခေါ်ပြီး ဆိုင်းဘုတ်တွေကို ဗမာစာ အပေါ်က၊ တရုတ်စာ အလယ်က ပြီးတော့ သျှမ်းစာကို အောက်က အဲဒီလိုမရေးရင် ဆိုင်ပိတ်မယ်လို့ ပြောတယ်။ ဈေးဆိုင်တွေကို လိုင်စင်လုပ်ပေးပြီး အခွန်ကောက်မယ်၊ ၃ ရက်အတွင်း အပြီးလုပ်ခိုင်းနေတာ” - ဟု မိုင်းရယ်မြို့နယ် ဟိုယဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုး-မိုင်းရယ်ကြားတွင် နမ္မဗောဒ၊ နမ့်ပေါင်၊ ဟိုယ စသည်ဖြင့် ဈေးများရှိပြီး ယင်းမတိုင်မီ နိုဝင်ဘာလ (၁၄) ရက်တွင် ဟိုယကျေးရွာအုပ်စုရှိ ဆိုင်ရှင်များကို ၁၂ မိုင်ခန့် ကွာဝေးသည့် လွယ်ငင်းကျေးရွာတွင် ခေါ်ယူကာ မြန်မာစာနှင့် သျှမ်းစာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များ တပ်ဆင်ရန် MNDAA ဘက်မှ ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော် ယမန်နေ့တွင် ဈေးဆိုင်ဆိုင်းဘုတ်များ၌ တရုတ်စာပါ ထည့်သွင်းရေးသားရန် ထပ်မံညွှန်ကြားခဲ့ရာ ဆိုင်းဘုတ်အသစ် ထပ်မံပြုလုပ်ရပြီး စရိတ် နှစ်ခါ ကုန်ကျနေရခြင်းကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ပြီး MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗီနိုင်းဆိုင်းဘုတ်များကို အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်လိုက်ပြီး မြန်မာစာ၊ သျှမ်းစာ အသုံးပြုလိုပါက တရုတ်စာလည်း ထည့်သွင်းရေးသားရမည်ဟု MNDAA အရာရှိများက ပြောဆိုခဲ့ကြောင်း သိန္နီဒေသခံများထံမှ သိရသည်။

လက်ရှိတွင် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားတွင် နေရာယူတပ်စွဲထားသည့် ကိုးကန့်တပ်များမှာ နေရာ ပြောင်းရွှေ့ ဆုတ်ခွာခြင်း မရှိသည့်အပြင် စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာမှု မရှိဘဲ မူလအတိုင်း စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။

“လားရှိုးမြို့ရှောင်လမ်းကနေ ဟိုယအထိက ဘာမှ ပြောင်းလဲမှု မရှိသေးဘူး။ စစ်ရေးကတော့ တင်းမာနေတာမျိုး မရှိဘူး။ ကိုးကန့်တပ်ဆုတ်တယ် ဆိုတာလည်း မဟုတ်ဘူး၊ နဂိုအတိုင်း ရှိသေးတယ်။ စစ်တပ်ဘက်က ကိုးကန့်ဂိတ် ဖြတ်ဖို့ လူစာရင်း ပေးရတာ၊ ကားစစ်ခံရတာ အရင်လို ရှိတုန်းပဲ” - ဟု လားရှိုး-မိုင်းရယ် ပြေးဆွဲနေသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာရှိ စစ်ကောင်စီဂိတ်တွင် တရုတ်နယ်စပ်မှတစ်ဆင့် တင်သွင်းလာပြီး ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသများကို ဖြတ်သန်းလာသည့် တရုတ်ထုတ်ကုန်များကို အတင်းအကြပ် စစ်ဆေးကာ သယ်ယူခွင့်မပြုကြောင်း ကုန်သည်များထံမှ သိရသည်။

“ကုန်ကတော့ တကယ် တားထားတယ်၊ လုံးဝ ပေးမဖြတ်ဘူး။ ဟိုယမှာရှိတဲ့ စစ်တပ်ဂိတ်က ကြွပ်ကြွပ်အိတ်မှာ တရုတ်စာ ပါရင်တောင် ပြန်လဲခိုင်းပြီးမှ ပေးယူတာ၊ ဒါတောင်မှ ဒေသခံ ဈေးသွားဝယ်လာတာ။ ကား၊ ဆိုင်ကယ်နဲ့ သယ်လာရင် လုံးဝကို မရဘူး။ အဝတ်အထည်၊ အစားအသောက်ဆို တရုတ်စာပါတာနဲ့ ပေးမဖြတ်တော့ဘူး၊ အကုန်သွန်ချခိုင်းတာ” - ဟု အဆိုပါ ယာဉ်မောင်းအမျိုးသားက ထပ်လောင်း ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှုများကြောင့် ပြည်သူများ သွားလာရေး ခက်ခဲနေသည်။

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်သည် MNDAA နှင့် နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် သီပေါတံတားကြီးကို နိုဝင်ဘာလ ၁၄ ရက်မှ စတင်၍ နှစ်ပတ်နီးပါးအကြာ ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ပြီး ယနေ့အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေးကြောင်း မန္တလေး-လားရှိုး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။

ပုံစာ-အောက်တိုဘာလအတွင်း သိန္နီမြို့၌ MNDAA တပ်သားများ မြန်မာစာ သင်ယူနေစဉ် (ဓာတ်ပုံ-The Kokang)

#သျှမ်းသံတော်ဆင့်



#ဈေးဆိုင်ဆိုင်းဘုတ် #တရုတ်စာ #လားရှိုး #မိုင်းရယ် #ဟိုယ #နမ့်ပေါင်

တီႈၶၢဝ်ႇ BBC တႅမ်ႈတၢင်ႇဝႆႉဝႃႈသဵင်ၵွင်ႈဢွၵ်ႇတီႈႁူဝ်ယမိူဝ်ႈၼႆႉဢၼ်ဝႃႈၼၼ်ႉ ဢမ်ႇၸႂ်ႈလွင်ႈတေႉၶႃႈ ႁဝ်းၵူၼ်းပိုၼ်ႉတီႈ တိူင်းႁူႉလ...
15/11/2025

တီႈၶၢဝ်ႇ BBC တႅမ်ႈတၢင်ႇဝႆႉဝႃႈသဵင်ၵွင်ႈဢွၵ်ႇတီႈႁူဝ်ယမိူဝ်ႈၼႆႉဢၼ်ဝႃႈၼၼ်ႉ ဢမ်ႇၸႂ်ႈလွင်ႈတေႉၶႃႈ ႁဝ်းၵူၼ်းပိုၼ်ႉတီႈ တိူင်းႁူႉလိူဝ်ပိူၼ်ႈယဝ်ႉ ပိူင်ပဵၼ်ပိုၼ်ႉတီႈ

15/11/2025

သင်မီးငဝ်းလၢႆးၶိုၵ်ႉၶၢၵ်ႉတေႉတေႉၼႆ ယူႇတီႈၶၢဝ်ႇၼမ်ႉလွင်း ႁူဝ်ယ တေတၢင်ႇပၼ်ၾၢင်ႉထိုင်ပီႈၼွင်ႉႁဝ်းလွင်ႈပဵၼ်တေႉမီးတေႉယူႇၶႃႈ #ယႃႇယုမ်ႇၶၢဝ်ႇၼိူဝ်လူမ်းၼိူဝ်လႅင်းတၢင်ႇတီႈတၢင်ႇလႅၼ်ၼၼ်ႉၶႃႈ ႁႂ်ႈမီးသတိၺၢၼ်ႇၵၼ်သေၵမ်း

15/11/2025

#ၵိၵ်ႉလၢၼ်ႇတီႈႁူဝ်ယ တင်းသွင်ၽၢႆႇသွင်ၸုမ်း ဢမ်ႇမီးလွင်ႈဢိုတ်းတၢင်းသင်သေ တိုၵ်ႉၵႂႃႇမႃးလႆႈၵၢင်ၼႂ် 6 မူင်း တေႃႇထိုင် ၵၢင်ၶမ်ႈ 6 မူင်း မိူၼ်ၵဝ်ႇၶႃႈ

Address

Möng Yai

Telephone

+959666666661

Website

Alerts

Be the first to know and let us send you an email when ၶၢဝ်ႇ - ႁူဝ်ယ Namt Rong News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share