Saw eh ka lo page

Saw eh ka lo page Follow me pls,

02/08/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

15/03/2025

၁-ခ-၄။ ဖားစည်အကြောင်း

ဖားစည်သည် ကရင်အမျိုးသားများ၏ တူရိယာပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး ကရင်အမျိုးသားများ၏ ရိုးရာလက္ခဏာတစ်ခုအဖြစ် ယနေ့ထိတိုင် ကရင်အမျိုးသားတို့၏ အလေးအမြတ်ထားရသော ပစ္စည်းတစ်ခု ဖြစ်သည်။ ကရင်အမျိုးသားပြတိုက်ထဲတွင် ထိန်းသိမ်းရလောက်အောင် တန်ဖိုးထား၊ အထွတ်အမြတ်ထား၊ အလေးထားရသော ပစ္စည်းတစ်ခုဖြစ်သည်။ ဖားစည်၏မူလဇစ်မြစ် မည်သည့်နေရာတွင် စတင်ခဲ့သည်ကိုမူ မသိရှိရသေးချေ။ သမိုင်းအထောက်အထား ရေးသားချက်များအရ မြန်မာနိုင်ငံအတွင်း BC-5000 တွင် စတင် ဖြစ်ပေါ်လာသည်ဟု ရေးသားဖော်ပြကြသည်။ ဖားစည်ကို ဗီယက်နမ်သင်္ချိုင်းများ၊ ကျောက်ဂူများထဲတွင် ရှာဖွေ တွေ့ရှိရလေ့ရှိသည်။

အရှေ့မြောက်အာရှတိုက်တွင်လည်း တွေ့ရှိရသကဲ့သို့ တရုတ်နိုင်ငံ ယူနန်ပြည်၊ ကုလားပြည် (အိန္ဒိယ)၊ သီဟိုကျွန်း (သီရိလင်္ကာနိုင်ငံ)၊ ကမ္ဘောဒီယားနိုင်ငံနှင့် လာအိုနိုင်ငံများတွင်တွေ့ရသည်။ အနောက်နိုင်ငံသားများ ကမူ Bronze Drum ဟုခေါ်ကြသည်။

ဖားစည်ကို ရွှေ၊ ငွေ၊ ကြေးနီ၊ သံဖြူ(သွပ်)၊ ခဲ စသည်တို့ဖြင့် သွန်းလုပ်လေ့ရှိသည်ဟု သိရှိရပြီး ကရင်လူမျိုးများ မြန်မာနိုင်ငံအတွင်း စတင်ဝင်ရောက်လာရာတွင် ဖားစည်ကိုသယ်ဆောင်လာခဲ့ကြပြီး တရုတ်ပြည် ယန်စီမြစ်ဖျား ဝလူမျိုးများနေထိုင်ရာဒေသမှ စတင်၍ ဖားစည်ကို ကောင်းမွန်စွာ သွန်းလုပ်တတ်မြောက်ပြီးဖြစ်သည်။ အမျိုးသမီး သွန်းလုပ်သောဖားစည်သည် အမျိုးသားသွန်းလုပ်သော ဖားစည်ထက်ပို၍ပင် လှပ တင့်တယ် သည်ဟုပြောစမှတ်ဖြစ်ခဲ့သည်။

ထိုအချိန်တွင် ဖားစည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ခဲ့ကြသည်။

(၁) ဖားစည်အမျိုးသမီး၊ ဖားစည်အမျိုးသား၊ (ဖားစည်ကို သဲသောင်ပြင်ချောင်းဖျားဒေသတွင် အမျိုးသမီး အမျိုးသားတို့ဖြင့် သွန်းလုပ်ရသည်။)

၂) ဝ-အမျိုးသမီး ၊ ဝ-အမျိုးသား (ဖားစည်ကို ဝ အမျိုးသမီး၊ ဝ အမျိုးသားများ ပါဝင်သွန်းလုပ်ခြင်း)

(၃) ပိုးကရင်အမျိုးသမီး- ပိုးကရင်အမျိုးသား (ဖားစည်ကို ပိုးကရင်အမျိုးသမီး-ပိုးကရင်အမျိုးသား ပါဝင် သွန်းလုပ်ခြင်း)

(၄) ဖားစည်ကို အမည်တပ်ခေါ်ရာတွင် အရှေ့တွင် ဂေါ် တပ်၍ ခေါ်ဆိုရသည်။ ထိုနည်းလည်းကောင်း ဖားစည် အမျိုးသမီး အမျိုးသား သို့မဟုတ် ဖားစည်ဇနီးမောင်နှံဟု တွဲ၍ ခေါ်ဆိုကြသည်။ ဖားစည်ဇနီး မောင်နှံ များထဲတွင် ရွှေကွပ် ငွေကွပ် (ဝေါ်ကော်ထူး-ဝေါ်ကော်စေး) ဖားစည်မှာ တန်ဖိုးအကြီးဆုံး ဖြစ်သည်။ ရံဖန်ရံခါ ဖားစည်မှ ချွေးများထွက်ရှိတတ်သဖြင့် တချို့က ဖားစည် မျက်ရည်ကျသည်ဟု ပြောဆိုကြသည်။ ထိုကဲ့သို့ဖြစ်ပါက ကြက်သွေး၊ ငှက်သွေးဖြင့် ဖြန်းပက်ပူဇော် သုတ်လိမ်းပေးရသော ယုံကြည်မှု ရှိကြသည်။

ဖားစည်မျက်နှာပြင်ပေါ်တွင် ဖားများ တစ်ကောင်နှင့်တစ်ကောင်နောက်လိုက်၍ လက်ယာဘက်မှ လက်ဝဲသို့ ရစ်ပတ်ထားသည်။ စည်းလုံးညီညွတ်ခြင်းနှင့် ကောင်းမွန်စွာ ဦးဆောင်ဦးရွက်ပြုခြင်းဟု အဓိပ္ပာယ်ရ သည်။

သမိုင်းအရ ဖားစည်မှာ ၂ မျိုး ၂ စားရှိသည်။ တစ်မျိုးမှာ မင်္ဂလာဖားစည်နှင့် နောက်တစ်မျိုးမှာ အမင်္ဂလာဖားစည် ဟူ၍ဖြစ်သည်။ ဖားစည်ပေါ်ရှိ ဖားများမှာ တစ်ကောင်နှင့်တစ်ကောင် မျက်နှာချင်းဆိုင်ရှိပါက ရန်ဘက်ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ အေးချမ်းခြင်းမရှိ၊ ညီညွတ်ခြင်းမရှိဟု အဓိပ္ပာယ်ရသည်။ ဤကဲ့သို့သော ဖားစည်ကို ချိတ်ဆွဲ၍ မတီးပါ။ ဖားစည်မျက်နှာပြင်ကို မိုးပေါ်သို့မျက်နှာမူလျက် တီးလျှင် သာယာသောအသံ မပေးပေ။ စည်းလုံးညီညွတ်ခြင်းမရှိသည့်အချိန်တွင် တီးလေ့ရှိသည်။

ဖူးတောအူး၊ ဆရာဘူးမူ ရေးသားချက်အရ ဖားစည်အမျိုးအစား (၇)မျိုးရှိသည်။

(၁) ဖား (၄) ကောင်မှာ ဖားစည်မျက်နှာပြင်ပေါ်တွင် ဖားများ တစ်ကောင်နှင့်တစ်ကောင် နောက်လိုက်၍ လက်ယာဘက်မှ လက်ဝဲသို့ ရစ်ပတ်ထားပြီး ဖားစည်၏ကျောပြင်တွင် ထွက်ပြေးနေသော ဆင် တစ်ကောင် ရှိပြီး ချေးတုံး ၁ တုံး ကျနေသော ပုံဖြစ်သည်။

(၂) ဖား (၄) ကောင်မှာ ဖားစည်မျက်နှာပြင်ပေါ်တွင် ဖား ၂ ကောင်စီထပ်၍ လက်ယာဘက်မှ လက်ဝဲသို့ ရစ်ပတ်ထားပြီး ဖားစည်၏ကျောပြင်တွင် ထွက်ပြေးနေသော ဆင်နှစ်ကောင်ရှိပြီး ချေးတုံး ၂ တုံး ကျနေသော ပုံဖြစ်သည်။

(၃) ဖား (၄) ကောင်မှာ ဖားစည်မျက်နှာပြင်ပေါ်တွင် ဖား ၃ ကောင်စီထပ်၍ လက်ယာဘက် မှ လက်ဝဲသို့ ရစ်ပတ်ထားပြီး ဖားစည်၏ကျောပြင်တွင် ပြေးနေသောဆင်သုံးကောင်ရှိပြီး ချေးတုံး ၃ တုံး ကျနေ

သော ပုံဖြစ်သည်။ (

၄) ဖား (၄) ကောင်မှာ မျက်နှာချင်းဆိုင်လျက် ဖားစည်၏ကျောပြင်တွင် ဆင်ကြီးတစ်ကောင် ပြေးတက်လာ နေသောပုံ။

(၅) ဖား(၄)ကောင်မှာ မျက်နှာချင်းဆိုင်လျက် ဖားစည်၏ကျောပြင်တွင် ဆင်ကြီးနှစ်ကောင် ပြေးတက်လာ နေသော ပုံ။

(၆) ဖား (၄) ကောင် နှင့် ဆင် (၄)ကောင် တစ်ကောင်နောက်တစ်ကောင်လိုက်ပြီး လက်ယာဘက်မှ လက်ဝဲဘက်သို့ ရစ်ပတ်နေပုံ။

(၇) ဖားစည်မျက်နှာပြင်ပေါ်တွင် ဖား (၄) ကောင်ပျောက်သွားပြီး ဆင် (၄)ကောင်သာကျန်ရစ်ပြီး တစ်ကောင်နောက်တစ်ကောင် လိုက်နေကြသည်။

ဤအမှတ်အသားများမှာ အဓိပ္ပာယ်ကိုယ်စီ ရှိနေကြသည်။

ဖားစည်တစ်မျိုး၏ အဓိပ္ပာယ်မှာ စည်းလုံးညီညွတ်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ မှန်ကန်ဖြောင့်မတ်ခြင်း ဖြစ်ပြီး ရဲစွမ်းသတ္တိရှိသော ဆင်ပြောင်ကြီးပင် ရင်ဆိုင်ရဲသောသတ္တိမရှိခြင်းကြောင့် ထွက်ပြေးသည်မှာ ချေးပင် ထွက်ကျသည်ဟု အဓိပ္ပာယ်ရသည်။

ဒုတိယဖားစည်တစ်မျိုးဖြစ်သည့် ဖား ၂ ကောင်ထပ် အဓိပ္ပာယ်မှာ အထက်ဖော်ပြပါ အဓိပ္ပာယ်အပြင် ဒုက္ခရောက်နေသူများအား မေတ္တာဖြင့် ရိုင်းပင်းကူညီခြင်း၊ ထိခိုက်လွယ်သူများ (အခက်အခဲရောက် နေသူများ) ဆင်းရဲတွင်းရောက်သူများအား လက်တွဲကူညီဖေးမခြင်း (ထမ်းပိုးခြင်း)ဖြစ်ပြီး၊ စသည်တို့ ကြောင့် ရဲစွမ်းသတ္တိရှိသော ဆင်ပြောင်ကြီးပင် ကြောက်ရွံ့၍ ထွက်ပြေးသည်မှာ ချေး ၂ တုံး ထွက်ကျ သည်ဟု အဓိပ္ပာယ်ရသည်။

တတိယဖားစည်တစ်မျိုးဖြစ်သည့် ဖား ၃ ကောင်ထပ် အဓိပ္ပာယ်မှာအကောင်းဆုံးဖြစ်ပြီး စည်းလုံး ညီညွတ်ခြင်း၊ ချစ်ခြင်းမေတ္တာရှိခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ထိခိုက်လွယ်သူများကို ကူညီခြင်း စသည့် စွမ်းအားအကြီးဆုံးဖြစ်သည့်အတွက် ရဲစွမ်းသတ္တိရှိသော ဆင်ပြောင်ကြီး ၃ ကောင်ပင် ရင်ဆိုင်ရဲသော သတ္တိမရှိခြင်းကြောင့် ထွက်ပြေးသည်မှာ ချေးတုံး ၃ တုံးပင် ထွက်ကျသည်ဟု အဓိပ္ပာယ်ရသည်။

ဖား (၄) ကောင် မျက်နှာချင်းဆိုင်လျက် အမှတ်အသားမှာ- စည်းလုံးညီညွတ်ခြင်းမရှိ၊ မသင့်မမြတ် ဖြစ်လျှင် ဆင်ပြောင်ကြီးကဲ့သို့ အင်အားကြီးလာပြီး ဖျက်ဆီးရန်အတွက် ဆိုက်ရောက်လာမည်ဟု အဓိပ္ပာယ်ရသည်။

(ဖူးဘသင်စိန်၏ “နိုင်ငံရေး”စာအုပ်မှ အခန်း ၂၂ “ဖားစည်အကြောင်း")

လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။

11/01/2025
22/09/2022
14/09/2022

13/09/2022

Address

အာရှလမ်း
Kyondo

Telephone

+959776308076

Website

Alerts

Be the first to know and let us send you an email when Saw eh ka lo page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category