Wings Over Burma

Wings Over Burma We are a group of bird photographers from Myanmar, capturing the beauty and diversity of Burma’s birdlife.

From rare species to everyday moments in the wild, our photos showcase the vibrant world of birds across forests, wetlands, and skies.

ငှက်ချစ်သူတို့အတွက်    #ပိန်ညှင်းရင်ဖြူ ဆိုတဲ့ ငှက်ကလေး အစာကိုသုတ်ယူပြီး အသိုက်ထဲမှာရှိနေတဲ့ သားပေါက်လေးတွေကို အစာသွားခွ...
12/05/2026

ငှက်ချစ်သူတို့အတွက် #ပိန်ညှင်းရင်ဖြူ ဆိုတဲ့ ငှက်ကလေး အစာကိုသုတ်ယူပြီး အသိုက်ထဲမှာရှိနေတဲ့ သားပေါက်လေးတွေကို အစာသွားခွံ့ပြီး ပြန်ထွက်လာတဲ့အထိ မှတ်တမ်းတင်ထားတာလေးကို မျှဝေပေးလိုက်ပါတယ်ဗျ။.😍ငှက်ချစ်သူများအားလုံး ကျန်းမာဘေးကင်း ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေဗျ။

ဒီနှစ်ရဲ့အစမှာ ရိုက်ဖို့နေနေ မြင်ဖို့တောင်ခက်ခဲတဲငှက်ကလေး ၂ မျိူးကို အလွယ်တကူနဲ့ မြင်ခွင့် ရိုက်ခွင့် ရခဲ့ခြင်းဟာ ကံကောင...
23/01/2026

ဒီနှစ်ရဲ့အစမှာ ရိုက်ဖို့နေနေ မြင်ဖို့တောင်ခက်ခဲတဲငှက်ကလေး ၂ မျိူးကို အလွယ်တကူနဲ့ မြင်ခွင့် ရိုက်ခွင့် ရခဲ့ခြင်းဟာ ကံကောင်းခြင်းတစ်ခုပါပဲ။
တစ်ကောင်က တောင်ကြီးသားလေး
နောက်တစ်ကောင်က ရန်ကုန်သားလေး
သဘာဝတရားကြီးကို ချစ်မြတ်နိူးသူတိုင်းကို သဘာဝတရားကြီးက ကံကောင်းခြင်းလက်ဆောင်တွေ ယူလာပေးခြင်းကို ခံစားရရှိနိုင်ကြပါစေဗျ။
အားလုံးကို ကျေးဇူးတင်ပါတယ် 😍။

တောလုံငှက် (Collar scops owl )လို့ခေါ်တဲ့ဒီလို ချိုထောင် ဇီးကွက်ကို ရန်ကုန်မြို့လယ်ခေါင်မှာတွေ့ရတယ်ဆိုရင်သင်ယုံနိုင်မလား...
22/01/2026

တောလုံငှက် (Collar scops owl )လို့ခေါ်တဲ့ဒီလို ချိုထောင် ဇီးကွက်ကို ရန်ကုန်မြို့လယ်ခေါင်မှာတွေ့ရတယ်ဆိုရင်သင်ယုံနိုင်မလား။
ဟုတ်ပါတယ်၊ဒီလိုဇီးကွက်အမျိုးစားဟာ တောထူတဲ့ကျွန်းပင်တွေကြားမှာကျက်စားကြတယ်၊နေ့အခါမှာသစ်ခေါင်း၊သစ်ရွက်ကြားတွေမှာအိပ်ကြပြီး၊ညမှာအစာရှာထွက်ကြတယ်၊ကြွက်၊ပိုးကောင်ငယ်‌များနဲ့ငှက်ငယ်တွေကိုစားကြတယ်။
တွေ့ဖို့ဆုံလာတာကတော့ သဘာဝကိုချစ်မြတ်နိုးတဲ့မိတ်‌ ဆွေယောက်က ပြည်သူ့ရင်ပြင် အပြင်ဘက်လမ်းမှာ ညဘက်သူ့ခွေးကိုကျောင်းတယ်၊ခွေးကျောင်းရင်းထူးဆန်းတဲ့ငှက်သံကြားမိတော့ သတိထားပြီးရှာကြည့်တယ်၊ဒီငှက်ကလေးကိုတွေ့တော့ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီး အကောင်တွေ၊ငှက်တွေ၊အပင်တွေမျိုးစိတ်ခွဲပေးတဲ့ group မှာတင်လိုက်တယ်။
ကျနော်တို့ငှက်ဓာတ်ပုံရိုက်တဲ့အဖွဲ့က ထိုမိတ်ဆွေကိုဆက်သွယ်ပြီးဒီဓာတ်ပုံကိုရိုက်ဖြစ်ပါတယ်။
သဘာဝကို တိရိစ္ဆာန်လေးကိုချစ်မြတ်နိုးပြီးပတ်ဝန်းကျင်ကိုဂရုပြု၊စူးစမ်းတတ်တဲ့မိတ်ဆွေကိုကျေးဇူးအထူးတင်ပါတယ်။
သဘာဝကိုချစ်မြတ်နိုးတဲ့မိတ်ဆွေများလဲ မိမိတို့ပတ်ဝန်းကျင်၊ဒေသမှာ တွေ့ရတဲ့ငှက်လေးတွေ၊အကောင်လေးတွေကိုအကြောင်းကြားပေးစေချင်ပါတယ်ခင်ဗျား။

ဒီတစ်ခေါက် တောင်ကြီးမှာ ရိုက်ခဲ့တဲ့ ချယ်ရီနဲ့အလှချင်းပြိုင်နေကြတဲ့ ငှက်ငယ်လေးတစ်ချို့ကို ငှက်ချစ်သူတွေအတွက် မျှဝေပေးလိုက...
22/01/2026

ဒီတစ်ခေါက် တောင်ကြီးမှာ ရိုက်ခဲ့တဲ့ ချယ်ရီနဲ့အလှချင်းပြိုင်နေကြတဲ့ ငှက်ငယ်လေးတစ်ချို့ကို ငှက်ချစ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်ဗျ🥰

ချယ်ရီတွေ့နဲ့အပြိုင် လှပြီးချစ်စရာကောင်းတဲ့ငှက်ငယ်ကလေးကို ငှက်ချစ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်ဗျ။
10/01/2026

ချယ်ရီတွေ့နဲ့အပြိုင် လှပြီးချစ်စရာကောင်းတဲ့ငှက်ငယ်ကလေးကို ငှက်ချစ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်ဗျ။

Happy New Years to all Birdlovers😍
01/01/2026

Happy New Years to all Birdlovers😍

နာမည်ကြီးနေတဲ့     ကိုမနက်စောစောရောက်ဖြစ်တယ်ရောက်တာနဲ့ jay အသံတွေကြားရတယ်၊အုပ်လိုက်ပျံလာကြတာ၊ hide ထဲကနေရိုက်တာဆိုတော့အန...
14/12/2025

နာမည်ကြီးနေတဲ့ ကိုမနက်စောစောရောက်ဖြစ်တယ်
ရောက်တာနဲ့ jay အသံတွေကြားရတယ်၊အုပ်လိုက်ပျံလာကြတာ၊ hide ထဲကနေရိုက်တာဆိုတော့အနီးကပ်ပုံတွေရတယ်၊ ကျေးဇူးပါ ကိုမောင်ကြီး
ဝါသနာတူတဲ့သူတွေ စည်းစည်းလုံးလုံး လုပ်နေကြတာဝမ်းသာစရာ၊ တချိန်မှာ မြန်မာပြည်မှာ ထင်ရှားတဲ့ Bird hide တခုဖြစ်လာမယ်လို့ယုံကြည်ပါတယ်။



ဒီတစ်ခေါက် INLE 100 ပွဲအတွက် လမ်းကြောင်းတွေ သွားကြည့်ပြီး နောက်တစ်ရက် ငှက်ဆရာသူငယ်ချင်းတွေနဲ့ အင်းထဲမှာ ငှက်လိုက်ရိုက်ခဲ...
14/12/2025

ဒီတစ်ခေါက် INLE 100 ပွဲအတွက် လမ်းကြောင်းတွေ သွားကြည့်ပြီး နောက်တစ်ရက် ငှက်ဆရာသူငယ်ချင်းတွေနဲ့ အင်းထဲမှာ ငှက်လိုက်ရိုက်ခဲ့ကြတယ်။မရဖူးသေးတဲ့ ငှက်ကလေးတွေရော ၊ရဖူးပြီးသားငှက်ကလေးကို
မရဖူးသေးတဲ့ပုံစံလေးရခဲ့တာရောကြောင့် အတော်ကျေနပ်ရပါတယ်။ ခုပုံထဲက ငှက်ကလေးကတော့ #အင်းလေးကန် နှင့် #အင်တော်ကြီး မှာပဲတွေ့ရတဲ့ အင်းသားလေး ဆိုတဲ့ငှက်ကလေးပါ။ ဒီငှက်လေးကို အရင်တစ်ခေါက်က ခက်ခက်ခဲခဲရှာရိုက်ခဲ့ရပေမဲ့ ဒီတစ်ခေါက်မှာတော့ အလွယ်တကူ ပေါပေါများများ မြင့်တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့်အရင်တစ်ခေါက်နဲ့မတူအောင် သူ့ရဲ့ အစာရှာနေတဲ့ပုံလေးတွေ Inflight ပုံလေးတွေကိုပဲ ကြိုးစားရိုက်မယ်လို့ အားခဲပြီး ရိုက်ထားပါတယ်ဗျ။😍
ငှက်ချစ်သူအားလုံး ကျန်းမာဘေးကင်းကြပါစေဗျ။

Address

Yangon
Kamayut

Website

Alerts

Be the first to know and let us send you an email when Wings Over Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share