Tain Nyo-တိမ်ညို

Tain Nyo-တိမ်ညို Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tain Nyo-တိမ်ညို, Photography Videography, Hpa-an.
(1)

ကိုယ်တိုင်ကယိုင်‌လဲတော့မလိုဖြစ်နေခဲ့ရင်တောင်...သက်သောင့်သက်သာ နားခိုရင်ဖွင့်နိုင်တဲ့သစ်ပင်ကလေးတစ်ပင် ဖြစ်ရရုံလည်းဝမ်းသာပ...
08/06/2025

ကိုယ်တိုင်ကယိုင်‌လဲတော့မလို
ဖြစ်နေခဲ့ရင်တောင်...
သက်သောင့်သက်သာ နားခိုရင်ဖွင့်နိုင်တဲ့
သစ်ပင်ကလေးတစ်ပင် ဖြစ်ရရုံလည်း
ဝမ်းသာပါတယ်။

ကိုယ်ကြောင့်တပါး‌သူ
အေးချမ်း‌ပျော်ရွင်ရတာလည်း...

ကုသိုလ် ကောင်းမှုတစ်ခုပဲမဟုတ်ဘူးလား။

ညို(မှတ်စု)

မေတ္တာတွေ ဘယ်လောက်ပဲ ပိုပေးခဲ့ပါစေလျှော့သွားတယ်ဆိုတာမရှိပါဘူး။မေတ္တာစစ်ဆိုတာ ခံစားတတ်လာရင်ပေးရတဲ့သူလည်းပျော်ရွှင်ရသလိုလက...
08/04/2025

မေတ္တာတွေ ဘယ်လောက်ပဲ ပိုပေးခဲ့ပါစေ
လျှော့သွားတယ်ဆိုတာမရှိပါဘူး။

မေတ္တာစစ်ဆိုတာ ခံစားတတ်လာရင်
ပေးရတဲ့သူလည်းပျော်ရွှင်ရသလို
လက်ခံရရှိသူဟာလည်းပျော်ရွင်ရတာအမှန်ပင်။

-တိမ်ညို(မှတ်စု)

လူတွေရဲ့သင်ခန်းစာကလူတွေကပဲသင်ပေးသွားတာ။ #နိုဝင်ဘာညို၂၀၂၄
15/03/2025

လူတွေရဲ့သင်ခန်းစာက
လူတွေကပဲသင်ပေးသွားတာ။

#နိုဝင်ဘာညို
၂၀၂၄

အနိစ္စလက္ခဏာ များဟာတစ်ရက်ပြီးတစ်ရက်ပိုပြလာသလိုပါပဲ။နောက်ဆုံးတော့စွန့်လွတ်ရမှာခြင်းအတူတူပကာသနတွေနဲ့တင့်တယ်စွာနေထိုင်နိုင်...
28/01/2025

အနိစ္စလက္ခဏာ များဟာ
တစ်ရက်ပြီးတစ်ရက်ပိုပြလာသလိုပါပဲ။

နောက်ဆုံးတော့စွန့်လွတ်ရမှာခြင်းအတူတူ
ပကာသနတွေနဲ့တင့်တယ်စွာနေထိုင်နိုင်ဖို့
ရုန်းကန်းရတာဟာလည်း
လူသားတွေရဲ့လက်ဆင့်ကမ်းအမွှေပါပဲလား။

အရာရာကိုငွေနဲ့တန်ဖိုးတိုင်းကြတဲ့ခေတ်မှာငြိမ်းချမ်းမှုနဲ့ချစ်ခြင်းမေတ္တာစစ်မှန်မှုတွေဟာ
စျေးကြီးလာသလိုပါပဲ။

#တိမ်ညို(မှတ်စု)

ညှိုးနွမ်းသွားတဲ့ပန်းတစ်ပွင့်ဟာတစ်ချိန်တုန်းကအရမ်းလှပတဲ့ပန်းတစ်ပွင့်ဖြစ်ခဲ့ဖူးတယ်။ဟောင်းနွမ်းသွားသောဓာတ်ပုံများဟာအရင်က ဖ...
20/11/2024

ညှိုးနွမ်းသွားတဲ့ပန်းတစ်ပွင့်ဟာတစ်ချိန်တုန်းက
အရမ်းလှပတဲ့ပန်းတစ်ပွင့်ဖြစ်ခဲ့ဖူးတယ်။

ဟောင်းနွမ်းသွားသောဓာတ်ပုံများဟာ
အရင်က ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။

ဗီလိန်တစ်ယောက်ဟာ တစ်ချိန်တုန်းက
လူကောင်းဖြစ်ခဲ့ဖူးတယ်။

ခံစားမှု ကင်းမဲ့သွားသူတစ်ယောက်ဟာ
အရင်က သူ့ရဲ့မေတ္တာတွေစစ်မှန်ခဲ့တယ်။

အဆိပ်တွေမသင့်မီအချိန်ထိပေါ့။

# ညို(မှတ်စု)-နိုဝင်ဘာညို

အိုမင်းသွားတဲ့တစ်နေ့ကျရင်ဖြတ်သန်းခဲဲ့ကိုယ့်ရဲ့သမိုင်းကြောင်းကိုတခမ်းတနားပြန်တွေးမယ်။ဘဝမှာမှားခဲ့တာတွေ၊ပျော်စရာမှတ်တမ်းတွ...
17/10/2024

အိုမင်းသွားတဲ့တစ်နေ့ကျရင်
ဖြတ်သန်းခဲဲ့ကိုယ့်ရဲ့သမိုင်းကြောင်းကို
တခမ်းတနားပြန်တွေးမယ်။

ဘဝမှာမှားခဲ့တာတွေ၊
ပျော်စရာမှတ်တမ်းတွေ
သင်ခန်းစာ များစွာနဲ့ရေးဖွဲ့ထားခဲ့တဲ့
လင်္ကာမညီ ၊ကာရန်မဲ့ကဗျာလိုလိုရေးဖွဲထားတဲ့
ကိုယ်ပိုင်ဒိုင်ယာရီစာအုပ်ကိုပြန်ဖတ်မယ်။

ပြတင်းပေါက် နားမှာ
အေးဆေးငြိမ်သက်စွာနေထိုင်ရင်း
နောင်တကင်းစွာရှင်သန်ချင်တယ်

ငါ့ရဲ့နောက်ဆုံးအသက်ရှုသံ မှာ
နာကျင်မှု တွေကင်းဝေး‌ချင်တယ်။

Tain Nyo-တိမ်ညို
17/10/2024

ဘဝမှာထွက်သွားခွင့်မပေးချင်တဲ့သူကစောစွာခွဲခွာရတယ်။လက်မလွတ်ချင်တဲ့သူတွေကစောစွာနှုတ်ဆက်ရတယ်။ လူတိုင်းက ဘဝရဲ့အကောင်းဆုံးအရာတ...
07/10/2024

ဘဝမှာထွက်သွားခွင့်မပေးချင်တဲ့သူက
စောစွာခွဲခွာရတယ်။
လက်မလွတ်ချင်တဲ့သူတွေက
စောစွာနှုတ်ဆက်ရတယ်။
လူတိုင်းက ဘဝရဲ့အကောင်းဆုံးအရာတွေကို
ရယူပိုင်ဆိုင်ချင်ကြတာပဲလေ။
သေမင်းလည်းထပ်တူပါပဲ။

-တိမ်ညို(note)

လိုချင်တာကမေတ္တာစစ်ပေးလိုက်မိတဲ့ချစ်ခြင်းတွေကဟန်ဆောင်မှုတွေ။လိုချင်တာကမျှတမှုကိုယ်တိုင်တော့တစ်ကိုယ်ကောင်းဆန်မိခြင်းများစ...
30/08/2024

လိုချင်တာကမေတ္တာစစ်
ပေးလိုက်မိတဲ့ချစ်ခြင်းတွေကဟန်ဆောင်မှုတွေ။

လိုချင်တာကမျှတမှု
ကိုယ်တိုင်တော့တစ်ကိုယ်ကောင်းဆန်မိခြင်းများစွာနဲ့။

လိုချင်တာကအေးချမ်းမှု
ရင်ထဲမှာတော့ပြည့်လိုက်တဲ့သောကမီးတွေ။

ငါဆိုတဲ့အတ္တကိုငြိမ်းစေနိုင်ဖို့
ဗုဒ္ဓ နဲ့ငါတစ်ဖန်မလွဲချင်တော့ပါ။

#တိမ်ညို

Address

Hpa-an

Website

Alerts

Be the first to know and let us send you an email when Tain Nyo-တိမ်ညို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share