17/08/2026
InDesign ဆိုသည်မှာ..?
InDesign ဆိုရင် တချို့က ဂရပ်ဖစ်ဒီဇိုင်း သင်တန်းလို့ ထင်လိုက်ကြတယ်..
ဟုတ်တော့ ဟုတ်တယ် ဒါပေမယ့် မဟုတ်ပါဘူး။ တကယ်တော့ InDesign ဆိုတာ Adobe က ထုတ်တဲ့ software တစ်ခုပါပဲ
ဒီဇိုင်းလို့ ပြောလိုက်ရင် Photoshop, Illustrator, နဲ့ PageMaker တို့ကို ကြားဖူးကြပေမယ့်၊ ဒီနယ်ပယ်ထဲက မဟုတ်ဘူးဆိုရင် InDesign ကို သိတဲ့သူနည်းပါတယ်။
စာစီစာရိုက်လုပ်ငန်းတွေမှာ အရင်က PageMaker က နာမည်ကြီးပါ၊ ဒါခဲ့ပေမယ့် ၂၀၀၄ ခုနှစ်မှာတော့ PageMaker ကို version 7 နဲ့ပဲ အဆုံးသတ်ပြီး Update ထပ်မထုတ်ခဲ့တော့ပါဘူး။
အဲဒီနေရာမှာ InDesign ကို အစားထိုးပေးခဲ့ပါတယ်။ ဒါကြောင့် InDesign ဟာ ယနေ့ ခေတ်မီပုံနှိပ်လုပ်ငန်းတွေ၊ စာစီစာရိုက်လုပ်ငန်းတွေ အတွက် Layout ဒီဇိုင်းတွေ ရေးဆွဲတဲ့နေရာမှာ မရှိမဖြစ်တဲ့ software ဖြစ်နေပါပြီ။
လုပ်ငန်းခွင်ထဲမှာ တချို့တွေကလဲ PageMaker ကို အသားကျနေကြတဲ့ အတွက် InDesign ကို ပြောင်းမသုံးကြပဲ ခုထိ ဇွဲကောင်းကောင်းနဲ့ သုံးနေကြဆဲဖြစ်ပါတယ်။
InDesign က မဂ္ဂဇင်းစာအုပ်၊ သတင်းစာ ဂျာနယ်တွေလို စာမျက်နှာတွေ အများကြီးမှာ စာသားတွေ၊ ပုံတွေ၊ ဂရပ်ဖစ်တွေ အားလုံးကို သူ့နေရာနဲ့သူ၊ လှလှပပနဲ့ စနစ်တကျဖြစ်အောင် စီစဉ်တဲ့နေရာမှာတော့ တကယ့်ထိပ်တန်းပါပဲ။
လက်ကမ်းကြော်ငြာတွေ၊ လိပ်စာကတ် (Poster, Flyer, Brochure) စတာတွေကို ပုံနှိပ်တဲ့ နေရာမှာလဲ အမှားအယွင်းမဖြစ်အောင်လဲ စနစ်တကျစီစဉ်နိုင်ပါတယ်။
ရုံးလုပ်ငန်းအတွက်ဆိုရင် စာမျက်နှာတွေ အများကြီးပါတဲ့ အစီရင်ခံစာတွေ၊ Proposal တွေ Presentation တွေကိုလဲ ပရော်ဖက်ရှင်နယ်ဆန်ဆန်ဖြစ်အောင် စီစဉ်နိုင်ပါတယ်။
ပုံနှိပ်စာအုပ်တွေအပြင် eBook နဲ့ Smart device တွေပေါ်မှာ ဖွင့်ဖတ်နိုင်ပြီး၊ ရုပ်သံ မီဒီယာတွေကိုပါ ထည့်သွင်းထားနိုင်တဲ့ Interactive ePub လို စာအုပ်မျိုးတွေကိုလည်း ဖန်တီးနိုင်ပါတယ်။
အချုပ်ပြောရရင်တော့ စာမျက်နှာအများကြီးကို ရုပ်ပုံတွေ စာသားတွေနဲ့ စီစဉ်ရတော့မယ်ဆိုရင် InDesign က ရွေးကို ရွေးချယ်ရမယ့် အကောင်းဆုံး Software ဖြစ်ပါတယ်။
စာစီစာရိုက် လုပ်ငန်းစဖို့ပဲဖြစ်ဖြစ်၊ အလုပ်ခွင်ဝင်ဖို့ပဲဖြစ်ဖြစ်၊ PageMaker ကနေ InDesign ကို တဆင့်မြှင့်ပြီး ပြောင်းသုံးချင်လို့ပဲ ဖြစ်ဖြစ်..
အကြောင်းအမျိုးမျိုးကြောင့် InDesign ကို သင်ယူချင်တယ်ဆိုရင်တော့ အခြေခံကနေစပြီး မဂ္ဂဇင်း Layout ဒီဇိုင်းတွေ ရွေးဆွဲတာ၊ ပုံနှိပ်လုပ်ငန်း အဆင့်ဆင့်နဲ့ နောက်ဆုံး Interactive eBook တွေ ကိုယ်တိုင် ဖန်တီးနိုင်တဲ့အထိ စနစ်တကျ သင်ကြားထားတဲ့ 𝗜𝗻𝗗𝗲𝘀𝗶𝗴𝗻 𝗠𝗮𝘀𝘁𝗲𝗿 𝗖𝗹𝗮𝘀𝘀 အွန်လိုင်းသင်တန်းကို အချိန်မရွေး JOIN လို့ရနေပါပြီ။