Feeling The Vibe

Feeling The Vibe ☁️☁️☁️

The Grand Ringဂျပန်လူမျိုးတွေဟာ ရိုးရာယဉ်ကျေးမှုအရရော သမိုင်းမှာပါ သစ်သားအဆောက်အဦးတွေကို ရိုးရာမပျက်ဖန်တီးဆောက်လုပ်နေထို...
30/05/2025

The Grand Ring

ဂျပန်လူမျိုးတွေဟာ ရိုးရာယဉ်ကျေးမှုအရရော သမိုင်းမှာပါ သစ်သားအဆောက်အဦးတွေကို ရိုးရာမပျက်ဖန်တီးဆောက်လုပ်နေထိုင်ခဲ့ကြပါတယ်

ကမ္ဘာကို ဂျပန်ရဲ့ ရိုးရာယဉ်ကျေးမှုနည်းပညာကိုပြသချင်တဲ့ အတွက်The Grand Ring ကိုဆောက်လုပ်ခဲ့တာဖြစ်ပြီး

Expo 2025 Osaka, Kansai, Japan

ကို The Grand Ringမှာကျင်းပပြီး
ကမ္ဘာကို ဂျပန်ရဲ့ ရိုးရာအစဉ်အလာဆောက်လုပ်နည်းဖြစ်တဲ့ Nuki joint နည်းပညာကို ပြသခဲ့ပါတယ်

ဧရိယာ စတုရန်း 61,035.55 m² ကျယ်ဝန်းပြီးအမြင့်ပေ 20mရှိတဲ့ The Grand Ringကို

Japanese cedar (Domestic)
Japanese cypress (Domestic)
Scots Pine (Foreign)

အစရှိတဲ့ ပြည်တွင်းသစ်အမျိုးအစား၇၀% နဲ့
နိုင်ငံခြားသစ်အမျိုးအစား ၃၀%ကို
အသုံးပြုဆောက်လုပ်ခဲ့ပါတယ်

၂၀၂၅ မတ်လ ၄ ရက်နေ့မှာတော့
The Grand Ring ဟာ ကမ္ဘာ့အကြီးဆုံး သစ်သားအဆောက်အဦး

“The largest wooden architectural structure”

အဖြစ် ဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်

ဖွင့်ပွဲရက်မှ စပြီးတော့ ယနေ့အထိ The Grand Ringဆီသို့ စိတ်ဝင်တစား နေ့စဉ်သွားရောက်လည်ပတ်လေ့လာသူ များစွာရှိနေပါတယ်

Civil engineering ဆိုတာ engineering ပညာရပ်အားလုံးရဲ့ အဖိုး ဖြစ်ပါတယ်တဲ့အီဂျစ်ခေတ်ဟောင်းကတည်းကစတင်ပေါ်ပေါက်ခဲ့ပြီး ရောမခေ...
30/05/2025

Civil engineering ဆိုတာ engineering ပညာရပ်အားလုံးရဲ့ အဖိုး ဖြစ်ပါတယ်တဲ့

အီဂျစ်ခေတ်ဟောင်းကတည်းကစတင်ပေါ်ပေါက်ခဲ့ပြီး ရောမခေတ်ရဲ့ အဆောက်အအုံတွေနဲ့ရေပေးဝေရေးစနစ်တွေ၊ဥရောပမှာရှိတဲ့ ခရစ်ယာန်ကျောင်းတွေရဲ့အဆောက်အအုံတွေရဲ့ ဆောက်လုပ်မှုတွေကစပြီး လူတွေနေထိုင်ဖို့အတွက်နဲ့ ယဉ်ကျေးမှုသမိုင်းတွေကို ထိန်းသိမ်းဖို့အတွက် တာဝန်ယူထားတဲ့ ဘာသာရပ်ဖြစ်ပါတယ်

ခေတ်အဆက်ဆက်မှာ လမ်း၊တံတား စတာတွေကို တည်ဆောက်ပြီးမြို့နဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေနဲ့
ရေဆိုး သောက်သုံးရေတွေကို စနစ်တကျအသုံးပြုနိုင်အောင်ပြုလုပ်ပြီး
သဘာဝကိုလဲ ထိန်းသိမ်းပေးတဲ့ပညာရပ်ဖြစ်ပါတယ်

ယနေ့ခေတ်မှာတော့ မြင့်မားသောအဆောက်အဦးတွေ လှိုင်ခေါင်း အဝေးပြေးလမ်းမကြီးများ အစရှိသော ကြီးမားတဲ့ တိုးတက်မှုတွေကို လုပ်ဆောင်ရင်း နိုင်ငံတိုးတက်ဖွံ့ဖြိုးနေမှုကိုပြသပေးနိုင်သော ပညာရပ်လဲဖြစ်ပါတယ်

တဖန် ကမ္ဘာကြီး ပူနွေးလာမှုတွေနဲ့ သဘာဝဘေးအန္တာရယ်တွေကို ကာကွယ်ဖို့အတွက် အသစ်သစ်သောနည်းလမ်းတွေကို ဖန်တီးစဉ်းစားပေးရတာဟာလဲ civil engineer တွေပဲဖြစ်ပါတယ်

အနာဂတ်အတွက် ကြိုတင်တွေးဆပြီး လူဦးရေ တိုးပွါးလာတာနဲ့အမျှ မြို့ရွာတွေကိုချဲ့ထွင်တာ တိုးတက်အောင် ပြုလုပ်ပေးတာတွေအတွက်လဲ civil engineering ကပဲ ဦးဆောင်နေရတာပါ

Digital စနစ်တွေပြောင်းလဲလာတာနဲ့ အမျှ တိုးတက်တဲ့နည်းစနစ်တွေ သုံးပြီးပြောင်းလဲမှုတွေ ကို လိုက်ပါဆောင်ရွက်နိုင်တာကလဲ civil engineering ရဲ့ အရွေ့တစ်ခုလဲ ဖြစ်ပါတယ်

လူသားမျိုးနွယ်တွေရဲ့ အဆင်ပြေမှု ၊ ယုံကြည်စိတ်ချစွာနေထိုင်နိုင်မှု ၊သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှု၊ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းနဲ့တိုးတက်မှု ကို ထုတ်ဖော်ပြသနေမှု
တွေကို တာဝန်ယူဆောင်ရွက်ရတာလဲ civil engineerတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်

Civil Engineerတွေ
ဘယ်နေရာတွေမှာ ပါဝင်ဆောင်ရွက်နိုင်လဲ

ဘယ်တာဝန်တွေရဲ့ နေရာမှာ တည်ရှိနေလဲ

ဘယ်လောက်ထိအသိပညာတွေ ကျယ်ပြန့်စွာလေ့လာရလဲဆိုတာကို ဗဟုသုတ အနေနဲ့ တင်ပြပေးခြင်းဖြစ်ပါတယ်

စိတ်ဆိုးတဲ့ အသံနဲ့မပြောနဲ့ ဖြေးဖြေးပြောတဲ့အသံနဲ့ပြောဘယ်ဟာအရင်ချက်ရမလဲ မေးပေးကြဦး😂😁
27/05/2025

စိတ်ဆိုးတဲ့ အသံနဲ့မပြောနဲ့ ဖြေးဖြေးပြောတဲ့အသံနဲ့ပြော
ဘယ်ဟာအရင်ချက်ရမလဲ မေးပေးကြဦး😂😁

၄ နှင့် ၉'ရဲ့ ကံတရားဂျပန်မှာ (၄ကို ' ရှိ ' လို့အသံထွက်ပါတယ် ) 'ရှိ'ဆိုတာ သေဆုံးခြင်း 死 'ရှိ'ဆိုတဲ့ စကားလုံးနဲ့အသံတူတာကြေ...
24/05/2025

၄ နှင့် ၉'ရဲ့ ကံတရား

ဂျပန်မှာ (၄ကို ' ရှိ ' လို့အသံထွက်ပါတယ် )

'ရှိ'ဆိုတာ သေဆုံးခြင်း 死 'ရှိ'ဆိုတဲ့ စကားလုံးနဲ့အသံတူတာကြောင့် ကံမကောင်းစေတဲ့ နံပါတ်အနေနဲ့ သတ်မှတ်ကြပါတယ်

နောက်တစ်လုံးကတော့ ( ၉ ကို ' ခု ' လို့အသံထွက်ပါတယ် )
' ခု ' ကတော့ 苦 ဆိုတဲ့ ပင်ပန်းခက်ခဲခြင်း စကားလုံးအသံထွက် နှင့် ဆင်တူတာကြောင့် ၉ကိုလဲ ‌ ကံမကောင်းစေတဲ့ နံပါတ်အနေနဲ့ သတ်မှတ်ကြပါတယ်

ဂျပန်နိုင်ငံရဲ့ ဟော်တယ် အိမ်ခန်းနံပါတ်နှင့် ဆေးရုံများမှာ ၄ နှင့် ၉ ကို အသုံးမပြုကြပါဘူး

ဒါပေမယ့် အနောက်နိုင်ငံတွေမှာတော့ ၄ ကို lucky number အဖြစ်သုံးကြပါတယ်။

ချစ်စရာကောင်းတဲ့ ၄ တွေလဲရှိပါတယ်။ အရွက်၄ခုပါတဲ့ cloverလေးတွေ့မိရင်လဲ ကံကောင်းတဲ့နိမိတ်ရသလို ၊၄လပိုင်း ၄ရက်နေ့ဟာလည်း ပျော်ရွှင်စရာကောင်းတဲ့နေ့လို့ သတ်မှတ်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာလည်း ၉ ဂဏန်းဟာ နိမိတ်ကောင်းသလို တရုပ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွေမှာလည်း ၉ ဟာ lucky number ဖြစ်ပါတယ်။ဖုန်းနံပါတ်နှင့်ကားနံပါတ်တွေမှာ ‌ရွေးချယ်အသုံးပြုသူများပါတယ်။

***************************

ကံကောင်းစေတဲ့ ၄နှင့်၉ တွဲစပ်ခြင်းများ (angel number messages)

၂၄

ရွှေ၊ ‌ငွေကံနှင့် ပတ်သက်ပြီး တောင်းသမျှဆုကိုပြည့်စေတဲ့ နံပါတ်လို့ သိထားကြတာကြောင့် ဖုန်းရဲ့wallpaper မှာ၂၄ ကိုထားခြင်း၊ ပေါင်းခြင်း၂၄ကို ‌ရွေးချယ်ကြခြင်းများရှိပါတယ်

၄၉

ကံမကောင်းတဲ့ နံပါတ် ၂ခု 死苦 ကိုပေါင်းစပ်ထားပေမဲ့ angel numberအနေနဲ့ 'မင်းဟာ ကောင်းမွန်တဲ့ရှင်သန်ခြင်းကို ဦးတည်နေပါတယ် 'ဆိုတဲ့angleတွေက အသိပေးတဲ့ message ဖြစ်ပါတယ် တခါတလေမှာmessageတင်မဟုတ်ပဲ ကောင်းမွန်တဲ့ သတင်းကောင်းတွေကိုလဲ ယူဆောင်လာပေးတတ်ပါတယ်

၄၄၄၄

ကိုယ်မက်ထားတဲ့အိမ်မက်တွေဟာ တဖြည်းဖြည်းနဲ့ လက်တွေ့မှာတကယ်ဖြစ်လာနေပါပြီ ဆက်လက်လုပ်ဆောင်ပါ ဆိုတဲ့ messageကိုပေးပါတယ်

၉၉၉၉

၉၉၉၉ကိုမြင်တွေ့ခြင်းဟာ
‘မင်းရဲ့အသက်ရှင်မှုက လူတွေကိုကြီးမားတဲ့ အထောက်အကူဖြစ်နေပါတယ်’
‘မင်းရဲ့လုပ်ဆောင်ချက်တွေနဲ့ လုပ်ငန်းတွေက လူတွေကိုကောင်းကျိုးပေးတဲ့ အလုပ်ဖြစ်နေပါတယ် ‘
‘မင်းရဲ့ဘဝမှ ကြီးမားတဲ့ အပြောင်းအလဲတွေကိုစတင်နေပါပြီ’
ဆိုတဲ့ angelရဲ့ message လမ်းညွှန်မှုကိုရရှိနေပါတယ်

၄၄၉၉

ရည်မှန်းချက်တွေဟာ တဖြည်းဖြည်းနဲ့ ရှေ့ဆက်ဖြစ်လာနေပါတယ်။တကယ်လက်တွေ့အစီအစဉ်ချပြီး ရည်မှန်းချက်တွေကိုလုပ်ဆောင်ရင်အောင်မြင်မှုတွေရလာတော့မှာပါဆိုတဲ့ angel numberပဲဖြစ်ပါတယ်

စကားမစပ် ဒီကနေ့ ဟာ တိုက်တိုက်ဆိုင်ဆိုင် ၅လပိုင်း ၂၄ရက်ဖြစ်တဲ့အတွက်
၂၄ဂဏန်းရဲ့ အကျိုးတွေသက်ရောက်ပြီး ငွေဝင်ကံကောင်းနိုင်ကြပါစေ😇🤩

久しぶりに🌸🐳
18/03/2025

久しぶりに🌸🐳

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
28/02/2025

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

住所

Tokorozawa-shi, Saitama

ウェブサイト

アラート

Feeling The Vibeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー