01/09/2026
ဒီအိမ် ဘာကြောင့် မပြိုဘဲ ကျန်ခဲ့သလဲ? 👷♂️
RC Frame Structure (သံကူကွန်ကရစ် အဆောက်အအုံစနစ်) ပတ်ဝန်းကျင်က အုတ်စီရိုးရိုး (Unreinforced Masonry) အိမ်တွေဟာ ရေစီးရဲ့ ဘေးတိုက်တွန်းကန်အား (Lateral Hydrodynamic Force) ကို မခံနိုင်ဘဲ ပြိုကျခဲ့ပေမယ့် ဒီအိမ်ကတော့ တိုင် (Columns)၊ ယက်မ (Beams) တွေကို စနစ်တကျ ချိတ်ဆက်တည်ဆောက်ထားတဲ့အတွက် ဖွဲ့စည်းပုံခိုင်မာနေခဲ့ပါတယ်
Scour Depth ကို ခံနိုင်သော အုတ်မြစ် (Deep Foundation):
ရေကြီးချိန်မှာ အန္တရာယ်အရှိဆုံးက အိမ်အောက်ခြေမြေသားကို ရေတိုက်စားသွားတာ (Scour) ဖြစ်ပါတယ်။ ဒီအိမ်ရဲ့ Foundation ဟာ မြေတိုက်စားမှုဒဏ်ကို ခံနိုင်အောင် အောက်ခံမြေမာအထိ နက်ရှိုင်းစွာ စိုက်ထူထားပြီး Ground Tie-beam တွေနဲ့ တွဲဆက်ထားနိုင်ခဲ့ပါတယ်
စံချိန်စံညွှန်းပြည့်မီသော ပစ္စည်းနှင့် လက်ရာ (Quality Control & Workmanship):
ဘိလပ်မြေ/သဲ/ကျောက် အချိုးမှန်ကန်မှု၊ ရေ-ဘိလပ်မြေအချိုး (Water-Cement Ratio)၊ သံချောင်းကွေးချည်မှုနှင့် ကွန်ကရစ်လောင်းစနစ်တကျရှိမှုတို့က အရေးကြီးဆုံးအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်
တကယ်တမ်း ကျွန်တော်တို့ လေးစားဂုဏ်ပြုရမှာကတော့ — အဆောက်အအုံဒီဇိုင်းရေးဆွဲခဲ့တဲ့ Structural Engineer၊ ကြီးကြပ်ဆောက်လုပ်ခဲ့တဲ့ Contractor / Site Engineer နဲ့ သံချည်၊ လက်သမား၊ ပန်းရံ ကျွမ်းကျင်လုပ်သားကြီးများ ရဲ့ တိကျတဲ့ပညာရပ်နဲ့ ကြိုးစားအားထုတ်မှုပဲ ဖြစ်ပါတယ်
အိမ်တစ်လုံးဆောက်တဲ့အခါ "စျေးသက်သာရင် ပြီးရော" ဆိုတာထက် "စံချိန်စံညွှန်းနဲ့ ဘေးကင်းလုံခြုံမှု" ကို ဦးစားပေးဖို့ ဒီဖြစ်ရပ်က ကျွန်တော်တို့ကို သင်ခန်းစာကောင်းတစ်ခု ပေးနေပါတယ်
👷♂️👷♂️👷♂️👷♂️ 👷♂️