04/02/2024
Japanese ဝန်ထမ်းတွေက အလုပ်လုပ်ချင်စိတ် မရှိတာ ကမ္ဘာ မှာ No1 တဲ့…😂
(သတင်းဆောင်းပါးတခုမှ)
နိုင်ငံခြားသားတယောက်အနေနနဲ့ သူတို့တွေနဲ့ အတူ အလုပ်လုပ်ခဲ့ရ ကျောင်းတက်ခဲ့ရတာ ပိုသိတယ် .. လက်ကြော မတင်းတဲ့သူတို့တွေ အဲ့ဒီဌာနထဲ နိုင်ငံခြားသားရှိရင် တာဝန်ယူခိုင်းတယ်…သူတို့ကျ ခေါင်းရှောင်တယ် စာသာမတတ် နားမလည်ရင် ခံရမယ်သာ မှတ်ပါ..
သူတို့ နိုင်ငံသားတွေက စိတ်ဖိစီးမှု မခံနိုင်ကြတာများလား… သူတို့ကို အလုပ်လေး ဖိ ပီး လုပ်ခိုင်းကြည့်လိုက်ပါ… အဲ့လိုဖိပါများရင်power harassment ဆိုပီး ထွက်ကြပါတယ်… နောက်လူငယ်တွေ…
Loan အကြွေးယူထားသူ အသက်ကြီးသူက မထွက်နိုင်ရင် နေ့စဉ်ငရဲပဲ … ဒါနေ့စဉ် တွေ့ရတဲ့ အရာပါ..ယူတတ်ရင် နေ့စဉ်တရားရတယ်🥴
ဒါကြောင့် များမကြာမှီ ၅ လပိုင်း လောက် ကိုယ်ကို အဆုံးစီရင်ကျတဲ့ လူတွေထဲ ဂျပန်က များလာတာပဲ..
After COVID မှာ ဂျပန်တွေက social platform သုံးကျလာတော့ အလုပ်၂ချင်စိတ်မရှိတာက ပိုသိသာလာတယ် …
လုပ်ငန်းခွင်ဝင်နေသူ တွေ အချိန်ပိုင်းလုပ်နေသူတွေ ဂျပန်လူမျိုးစိတ်ဓါတ် အထူးသဖြင့် လူငယ်လေးတွေဘယ်လိုဆိုတာ သိကြတယ်မဟုတ်လား…
အရမ်း အချိန်ခိုး အိမ်သာထဲ ဖုန်းသုံး အပတ်တိုင်း မီတင် လုပ် အဖြေမထွက် ဝက်အူရစ် အလုပ်မပီး မပီးရင် အဖွဲ့ထည့်ရှိတဲ့ နိုင်ငံခြားသားကို အပြစ်တင် စသည်ကကိုယ်မြင်နေရတာပဲ …သူတို့လည်း ပျော်နေလို့ လုပ်ကြတယ်ဆိုတာထက် အခွန်ထမ်းနေရတာ စားဝတ်နေရေးကြောင့်ပါ …
moti မကျအောင် နေကြလုပ်ကြ ကြိုးစားကြတဲ့ သူတွေရှိပါတယ်… challenge လုပ်ချင်သူကြတော့ အနောက်နိုင်ငံထွက်ကြ တယ် ပြည်တွင်း ဂျပန်ဆူရှီ သမား လစာက ပြည်ပရောက်ဆူရှီသမားထက်ယှဉ်ရင် လစာက အင်မတန်ကွာတာကို တွေ့လာကြတာပဲ…
အလုပ်၂ချင်စိတ် ရှိဖို့ဆိုတာ လစာ ပတ်ဝန်းကျင် နေရာက သူတို့ကို မဆွဲဆောင်နိုင်ရင် နောက်ပိုင်းဂျပန်မှာ အတော်ဆိုးဝါးတဲ့ပြသာနာ ဖြစ်လာတော့မှာပါ..
(လူအင်အားမလောက်တော့ နိုင်ငံခြားသားတွေ ရာထူးမြင့်position ယူထားသူတွေကို နောင်တချိန် ပိုတွေ့လာရတော့မှာပါ
အထူးသဖြင့် IT /Engineer ဌာနမှာ project manager တွေဆို အခုနိုင်ငံခြားသားတွေ များလာနေပါပီ)
အဲ့တော့ ကိုယ်တွေက သူတို့ဆီက ကောင်းတာတွေယူဖို့ပဲ လိုတယ် ဂျပန်စာ တတ်ကျွမ်းဖို့လိုတယ် ရေရှည်နေမယ်ဆို သူတို့နိုင်ငံရဲ့ ငွေကြေးစနစ် အခွန် ဥပဒေကို လေ့လာထားမှ တော်ကာကြမယ် မဟုတ်ရင် ကိုယ်တွေက သူတို့နိုင်ငံသားကိုယ်စား အလုပ်ကျွေးပြုနေရပါလိမ့်မယ်…
တကယ်က ဂျပန်က စာအုပ်ထဲကလို လုပ်ငန်းခွင်မှာ လေးစား အားကြရတဲ့သူတွေဆိုတာ နည်းသွားပါပီ… ဥပဒေတခုကြောင့်သာ စနစ်ကောင်း ရှိနေလို့သာ ငြိမ်းချမ်းသာယာနေတာက အပြင်ပန်းပါ အတွင်းမှာတော့ အတော် လက်ရည်ကျနေပါပီ… စနစ်ဟောင်း လူဟောင်းစွဲနေသ၍…
(မနေ့က admin ကိုယ်တိုင် အားပေးခဲ့တဲ့ ဂျပန် အီရန် ဘောပွဲရှုံးလို့ ပေါက်ကွဲသံစဉ်🥴)
#ဂျပန်ကောင်းကြောင်းတွေပဲပြောလို့ပါ
Admin အမြင်တခုသာ
adminတို့က အလုပ်ထဲ ပါဝါပြရင် hello work မှာ သွားတိုင်ပီး အာဏာပြပါတယ်..😂
ဂျပန်နိုင်ငံရောက်နေပီ ဂျပန်စာလုပ်ပါတော့ဗျာ
သူတပါးကို အမေးနဲ့တင်လမ်းမဆုံးနဲ့ သူတို့ပေးသလောက်မယူနဲ့ ရပိုင်ခွင့် တွေ ရှိတယ်ဆိုတာ လေ့လာပါ
တောင်းဆိုပါHRကို တိုင်ပင်ပါ သူတို့နိုင်ငံ ကုန်စျေးနှုန်း ဝင်ငွေနည်းလို့ အိမ်ထောင်မပြုသူတွေတောင် အတော်များလာနေပါပီ…
#日本