25/08/2026
ကျိုတိုမြို့ရဲ့ ကမ္ဘာကျော်တဲ့နေရာတစ်ခု Arashiyama (嵐山)ဝါးတောလမ်း
Arashiyama (嵐山 / အာရရှိယာမ)
Kyoto မြို့ရဲ့ အနောက်ဘက်မှာရှိပြီး ဝါးတောလမ်း (Arashiyama Bamboo Grove / 嵐山竹林) ကြောင့် ကမ္ဘာကျော်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
Arashiyama ရဲ့သမိုင်းအကျဉ်းကတော့
Arashiyama ဟာ ၈ ရာစုကတည်းက ဂျပန်မင်းမျိုးမင်းနွယ်နဲ့ အထက်တန်းလူတန်းစားတွေ အပန်းဖြေသွားလာခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ နွေဦးမှာ ပန်းကြည့်၊ ဆောင်းဦးမှာ သစ်ရွက်နီကြည့်ပြီး Hozu မြစ်မှာ လှေစီးလေ့ရှိကြပါတယ်။
၁၃ ရာစု လောက်မှာ Emperor Go-Saga က Yoshino ဒေသက နာမည်ကြီး ချယ်ရီပင်တွေကို Arashiyama ဘက် ရွှေ့စိုက်ခဲ့တာကြောင့် ဒီဒေသဟာ ပန်းကြည့်တဲ့နေရာအဖြစ် ပိုပြီးနာမည်ကြီးလာခဲ့ပါတယ်။
နောက်ပိုင်း ၁၄ ရာစု မှာ Tenryu-ji ဘုရားကျောင်း တည်ဆောက်လာပြီး Arashiyama ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးအရေးပါမှု ပိုမိုမြင့်တက်လာပါတယ်။ ယနေ့ Tenryu-ji ဟာ UNESCO World Heritage Site တစ်ခုလည်း ဖြစ်ပါတယ်။
နာမည်ကြီးတဲ့ ဝါးတောလမ်း
Arashiyama Bamboo Grove ရဲ့ နာမည်ကျော် 竹林の小径 (Chikurin no Komichi) လမ်းဟာ Nomiya Shrine ကနေ Tenryu-ji မြောက်ဘက်တံခါးကို ဖြတ်ပြီး Okochi Sanso ဘက်အထိ ခန့်မှန်း ၄၀၀ မီတာခန့် ရှည်ပါတယ်။
ဝါးပင်တွေ အလွန်မြင့်ပြီး လမ်းနှစ်ဘက်မှာ တန်းစီနေတဲ့အတွက် အစိမ်းရောင်ဝါးဥမင်လို ဖြစ်နေပါတယ်။ နေရောင်က ဝါးရွက်တွေကြားက ဝင်လာတဲ့မြင်ကွင်းက အထူးလှပါတယ်။
နေရာ: Ukyo-ku, Kyoto
🚃 JR Saga-Arashiyama Station ကနေ လမ်းလျှောက် ၁၀ မိနစ်ခန့်ပါ။
အတိုချုပ်ပြောရရင် —
“Arashiyama ဟာ ရှေးခေတ်က ဂျပန်မင်းမျိုးမင်းနွယ်တွေ အပန်းဖြေခဲ့တဲ့ နေရာကနေ ယနေ့ Kyoto ရဲ့ အထင်ကရ ခရီးသွားနေရာတစ်ခု ဖြစ်လာတာပါ။ အထူးသဖြင့် ရာနဲ့ချီတဲ့ ဝါးပင်ကြီးတွေကြားက ဝါးတောလမ်းဟာ Arashiyama ရဲ့ အမှတ်အသားတစ်ခု ဖြစ်နေပါတယ်ခင်ဗျာ။