14/06/2025
**ကမ္ဘာ့ပဉ္စမမြောက်အသေးငယ်ဆုံးသောနိုင်ငံ** San Marino Historic Centre & Mount Titano 🇸🇲
ဆန်မာရီနိုသမ္မတနိုင်ငံ (San Marino)
2025 1လပိုင်း ကသွားခဲ့တဲ့ အီတလီခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်တဲ့ ဆန်မာရီနိုသမ္မတနိုင်ငံလေးအကြောင်းသိရှိသလောက်ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။
မြို့တော်က နိုင်ငံရဲ့ အမြင့်ဆုံးTitanoလို့ခေါ်တဲ့တောင်ပေါ်မှာတည်ထားတဲ့ ရှေးဟောင်းမြို့လေးပါ။ အလယ်ခေတ် ဗိသုကာအဆောက်အအုံတွေ သဘာဝအလှတရားတွေနဲ့ ဖမ်းစားထားတဲ့ ဒီနိုင်ငံငယ်လေးဟာဥရောပတိုက်ရဲ့ရှေးအကျဆုံးလွတ်လပ်သော သမ္မတ နိုင်ငံတစ်ခုဖြစ်ပါတယ်။
2008 ခုနှစ်မှာ UNESCO က "San Marino Historic Centre and Mount Titano" အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
ကမ္ဘာ့ပဉ္စမမြောက်အသေးငယ်ဆုံးနိုင်ငံဖြစ်ပြီး ဧရိယာ 61 km²သာရှိပါတယ်။ အရွယ်အစားသေးငယ်မူကိုမြင်သာထင်သာရှိအောင်နှိုင်းယှဉ်ပြရရင် တိုကျို Yamanote မီးရထားလိုင်းဧရိယာ(60 km²) လောက်သာရှိပါတယ်။ သက်တမ်း
နှစ်ပေါင်း 1700 ကျော်ရှိပြီး ကမ္ဘာ့ပထမဆုံးသောသမ္မတနိုင်ငံ(ခရစ်နှစ် 301ခန့်က တည်ထောင်)ခဲ့တာဖြစ်ပါတယ်။
မျှော်စင်ကြီး 3 ခု ဖြစ်တဲ့(Guaita, Cesta, Montale)ကကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်နိုင်တဲ့နေရာဖြစ်ပြီးခရီးသွားလုပ်ငန်း ထွန်းကားတဲ့နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။
နောက်ပြီး အီတလီထဲမှာ နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်တည်နေတာ (အီတလီက ဝိုင်းရံခြံရံထားပေမယ့် သူ့ဟာသူသီးသန့်ရှိနေတာ)ကတကယ့်ကိုထူးခြားပါတယ်။
Shopping Lovers များအတွက် San Marino က အီတလီနဲ့မတူတဲ့အချက်တစ်ခုကတော့ အခွန်သက်သာမှု (Tax-Free or Low VAT) ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ VAT (Value Added Tax) ကအီတလီထက်နည်းတဲ့အတွက် စျေးဝယ်တဲ့အခါမှာ ပိုသက်သာပါတယ်။အီတလီထဲကလူတွေတောင် အဲမှာတကူးတကစျေးလာဝယ်ရပါတယ်။
ခရီးသွားတွေအတွက် Passport မှာသင်္ကေတတံဆိပ် (အမှတ်တရတံဆိပ်) ထုပေးတဲ့ဝန်ဆောင်မှုလည်းရှိပါတယ်။
Tourism Office မှ €5 (ယူရိုငါးထောင်) နဲ့ဝန်ဆောင်မှုရယူနိုင်ပါတယ်။ တကယ့်ကိုအေးချမ်းတိတ်ဆိတ်ပြီးလှပမူတွေနဲ့ပြည့်နေတဲ့တောင်ပေါ်နိုင်ငံလေးပါ။
အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်လည်းသွားခဲ့တဲ့နေရာတွေကို ကြာမည်ဖြစ်သော်လည်းကြိုးစားပြီးရေးသွားချင်ပါတယ်။
#サンマリノ共和国 #世界遺産