14/08/2026
#ဂျပန်ကိုဘာဗီဇာနဲ့လာလို့ရမလဲ?သိကြပြီလား..
အခုမှ ဂျပန်လာချင်တယ် တွေးနေရင် ဖတ်ကြည့်ပါနော်။သိသလောက် ရေးပေးပါမယ်။
ဂျပန်ကို လာချင်ပေမယ့် “ဘယ်ဗီဇာနဲ့လာရမလဲ၊ ဘာကစပြင်ဆင်ရမလဲ” မသိသေးတဲ့ အခုမှစတင် Try မယ့်သူတွေအတွက် အလွယ်နားလည်အောင် ရှင်းပြပေးပါမယ်။
လာလို့ရတာ လောလောဆယ် ၅နည်း ရှင်းပြပေးပါမယ်နော်
①留学ビザ(Student Visa)
②技術・人文知識・国際業務ビザ(Work Visa)
③特定技能ビザ(Specified Skilled Worker Visa)
④技能実習ビザ(Technical Intern Training Visa)
⑤家族滞在ビザ(Dependent Visa)
💢💢💢💢💢💢💢💢💢💢💢💢
① 留学ビザ — ကျောင်းသားဗီဇာ
⚠️ပုံမှန်အားဖြင့် မိမိနိုင်ငံမှာ 12 နှစ်ပညာရေး ပြီးဆုံးထားသူ ဖြစ်ရပါတယ်။
ပညာဆက်သင်ချင်တယ်၊ ဂျပန်မှာ ကျောင်းတက်ချင်တယ် ဆိုရင် 留学ビザ နဲ့လာနိုင်ပါတယ်။
ဂျပန်စာမကောင်းသေးရင် 日本語学校 (Language School / LS) ကနေ စတင်ပြီး နောက်မှ 専門学校 (College) / 大学 (University) ဆက်တက်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်ပါတယ်။
1️⃣🇯🇵日本語学校 (Language School / LS)
ပုံမှန်အားဖြင့် 1〜2 နှစ်ခန့်
💴 ကျောင်းလခ — တစ်နှစ် ¥700,000〜¥900,000 ဝန်းကျင်
※ Admission fee၊ စာအုပ်ဖိုး စတာတွေပါရင် ကျောင်းအလိုက် ကွာနိုင်ပါတယ်။
2️⃣専門学校 (College / Vocational School)
ပုံမှန် 2 နှစ်ခန့်
💴 ကျောင်းလခ — တစ်နှစ် ¥1,000,000〜¥1,500,000 ဝန်းကျင်
ဥပမာ — IT, CAD, Design, Hotel, Business, Automobile, 介護 စတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်တွေကို သင်ယူနိုင်ပါတယ်။
3️⃣大学 (University)
ပုံမှန် 4 နှစ်ခန့်
💴 国公立大学 — တစ်နှစ် ¥500,000〜¥800,000 ဝန်းကျင်
💴 私立大学 — တစ်နှစ် ¥800,000〜¥1,500,000+ ဝန်းကျင်
※ ဆေးပညာ၊ အင်ဂျင်နီယာ၊ Art စတဲ့ ဘာသာရပ်နဲ့ ကျောင်းပေါ်မူတည်ပြီး ဒီထက်ပိုများနိုင်ပါတယ်။
※ အပေါ်ကငွေပမာဏတွေက ကျောင်းစရိတ်အကြမ်းဖျင်း ဖြစ်ပြီး အိမ်လခ၊ စားစရိတ်၊ သွားလာစရိတ် စတဲ့ နေထိုင်စရိတ်တွေ သီးခြားလိုပါတယ်။
အခုမှ ဂျပန်စာစလေ့လာမယ်ဆို N5 → N4 ကို အရင်ရည်မှန်းထားရင်ကောင်းပါတယ်။
Japan စာ Level မြင့်လေ ဂျပန်မှာ အဆင်ပြေလေပါပဲ။
💥💥💥💥💥💥💥
② 技術・人文知識・国際業務ビザ — ဘွဲ့နဲ့လာမယ့် Work Visa
ဘွဲ့ရပြီးသားဖြစ်ပြီး ကိုယ့်ပညာရပ်နဲ့ သက်ဆိုင်တဲ့အလုပ်ကို ဂျပန်မှာလုပ်ချင်တယ် ဆိုရင် ဒီ Work Visa နဲ့လာနိုင်ပါတယ်။
ဥပမာ👇
Mechanical Engineer
Civil Engineer
Electrical Engineer
IT Engineer / Programmer
CAD / BIM
Accounting / Office / Business
Interpreter / Translator စတဲ့အလုပ်တွေပါ။
👉 N2 က Visa အတွက် မဖြစ်မနေလိုအပ်တာ မဟုတ်ပါဘူး(ရှိသင့် လို့ ယူထားပါ)
ဒါပေမယ့် ဂျပန်မှာ အလုပ်ရှာဖို့၊ Interview ဖြေဖို့နဲ့ အလုပ်ခွင်မှာ ဆက်သွယ်ဖို့အတွက် N2 ,N1ဝန်းကျင်ရှိရင် အခွင့်အရေးပိုများပါတယ်။
📌 အခုမှစမယ်ဆို
ဂျပန်စာလေ့လာ → ကိုယ့်ဘွဲ့နဲ့သက်ဆိုင်တဲ့ Skill တိုး → အလုပ်ရှာ → အလုပ်ရရင် Work Visa လျှောက်ပါ။
💥💥💥💥💥💥💥
③ 特定技能ビザ — ဘွဲ့မရှိလည်း အလုပ်နဲ့လာနိုင်တဲ့ဗီဇာ
ဘွဲ့မရှိဘူး၊ ကျောင်းတက်တာထက် အလုပ်နဲ့ပဲ ဂျပန်လာချင်တယ် ဆိုရင် 特定技能 (တိုကုတဲအိ Visa)ကို စဉ်းစားနိုင်ပါတယ်။
အလုပ်အမျိုးအစား ဥပမာ👇
介護 — ဘိုးဘွားစောင့်ရှောက်ရေး / Caregiver
外食 — Restaurant / စားသောက်ဆိုင်
飲食料品製造 — အစားအသောက်ထုတ်လုပ်ရေး/စက်ရုံ
宿泊 — Hotel
建設 — ဆောက်လုပ်ရေး
自動車整備 — ကားပြုပြင်ထိန်းသိမ်းရေး
農業 — စိုက်ပျိုးရေး စတာတွေရှိပါတယ်။
👉 特定技能 1 နဲ့ အခုမှလာမယ့်သူဆို အများအားဖြင့် JLPT N4 သို့မဟုတ် JFT-Basic စတဲ့ ဂျပန်စာလိုအပ်ချက်အပြင်
ကိုယ်ရွေးထားတဲ့ အထက်ပါ အလုပ်နယ်ပယ်ရဲ့
技能試験 (Skill Test) ကို အောင်ဖို့လိုပါတယ်။
※ 介護 လို နယ်ပယ်တချို့မှာ ထပ်ဆောင်းစာမေးပွဲ လိုအပ်နိုင်ပါတယ်။
📌 အခုမှစမယ်ဆို
ဂျပန်စာ N5 → N4 လေ့လာ → လုပ်ချင်တဲ့အလုပ်ရွေး → သက်ဆိုင်ရာSkill test စာမေးပွဲဖြေ → အလုပ်ရှာ → 特定技能 Visa လျှောက်ပါ။
💥💥💥💥💥💥💥
④ 技能実習 — Technical Intern Training
ဂျပန်မှာ သတ်မှတ်ထားတဲ့လုပ်ငန်းတွေမှာ အလုပ်လုပ်ရင်း နည်းပညာနဲ့ Skill သင်ယူတဲ့စနစ် ဖြစ်ပါတယ်။
ဥပမာ👇
ဆောက်လုပ်ရေး
စက်ရုံ/ထုတ်လုပ်ရေး
အစားအသောက်ထုတ်လုပ်ရေး
စိုက်ပျိုးရေး စတဲ့အလုပ်တွေရှိပါတယ်။
အများအားဖြင့် မြန်မာဘက်က 送出機関 Agency နဲ့ ဂျပန်ဘက်က သက်ဆိုင်ရာအဖွဲ့အစည်း/ကုမ္ပဏီတွေကတစ်ဆင့် သွားရပါတယ်။
⚠️ 技能実習制度 က နောက်ပိုင်း 育成就労制度 ကို ပြောင်းလဲသွားမယ့် စနစ်ဖြစ်တာကြောင့် အခုမှစပြင်ဆင်သူတွေက လျှောက်မယ့်အချိန်မှာ စည်းမျဉ်းအသစ်တွေကို ပြန်စစ်ဆေးဖို့လိုပါတယ်။
💥💥💥💥💥💥💥
⑤ 家族滞在ビザ — မိသားစုမှီခိုဗီဇာ
ဂျပန်မှာ Work visaနဲ့ အလုပ်လုပ်နေပြီး
ကိုယ့်မိသားစုကို ဂျပန်ကို ခေါ်ခွင့်ရှိတဲ့ Visa ဖြစ်ပါတယ်။
📌 家族滞在 နဲ့ အခြေခံအားဖြင့် ခေါ်လို့ရတာ👇
အိမ်ထောင်ဖက် (夫・妻)
သား/သမီး (子ども)
⚠️ မိဘ၊ မောင်နှမ၊ ယောက္ခမ/ယောက္ခထီး စတဲ့သူတွေကို 家族滞在ビザ နဲ့ ခေါ်လို့မရပါဘူး။
👉 ဂျပန်စာအတွက် JLPT စာမေးပွဲအောင်ထားဖို့
မလိုအပ်ပါဘူး။
⚠️ဒါပေမဲ့ ဂျပန်စာရမှာ ဂျပန်မှာ အဆင်ပြေမှာပါ
💥💥💥💥💥💥💥
💡 အခုမှစပြီး ဂျပန်လာဖို့ Try မယ့်သူဆို ကိုယ့်ရဲ့ ပညာအရည်အချင်း + ဂျပန်စာ Level + လုပ်ချင်တဲ့အလုပ် + ငွေကြေးအခြေအနေကို အရင်ကြည့်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့လမ်းကြောင်းကို ရွေးချယ်တာက အရေးကြီးပါတယ်။
Visa