𝐊𝐡𝐢𝐧'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐖𝐨𝐫𝐥𝐝

𝐊𝐡𝐢𝐧'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐖𝐨𝐫𝐥𝐝 � Welcome to Khin’s Nature Journey �
� Sharing my garden, flowers & plant care
� Follow for nature inspiration & positive vibes �

ဘယ်အချိန်ပဲ တက်တက် မတူတဲ့ vibes တစ်မျိုးစီ အမြဲရတယ်။တောင်တန်းတွေဆီ ခဏခဏ ထွက်ပြေးရင်းနဲ့ ကိုယ့်စိတ်ကလေးလည်း တောင်နံရံတွေလ...
09/06/2026

ဘယ်အချိန်ပဲ တက်တက် မတူတဲ့ vibes တစ်မျိုးစီ အမြဲရတယ်။
တောင်တန်းတွေဆီ ခဏခဏ ထွက်ပြေးရင်းနဲ့ ကိုယ့်စိတ်ကလေးလည်း တောင်နံရံတွေလို မာကျောလာခဲ့တာ သတိထားမိလာတယ်။
မောပန်းမှုတွေ၊ စိတ်ရှုပ်မှုတွေကို တိတ်တိတ်လေး ကုစားပေးနိုင်တာလည်း တောင်တန်းတွေပဲ။

08/06/2026

No sunrise, no clear view — just laughter, tired legs, and good memories

မိုးရွာရင် ဘာရူခင်းမှမမြင်ရမှန်းသိသိကြီးနဲ့တက်တာ
အဲလောက်ထိ ရူးသွပ်နေပါပီ
တောင်တက်ပိုးဝင်သွားရင် ခြေလှမ်းတိုင်းက တောင်တွေဆီပဲ ဦးတည်နေတော့တာ
#宝満山

06/06/2026

သဘာဝတရားကြီးက ဆန်းပြားလိုက်တာ⛰️🥾

02/06/2026

တောင်တန်းတွေဆီ ခရီးသွားတာက
ကိုယ့်ကိုယ် ကိုယ် ပြန်မြင်စေတယ်..

ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ
ပိုပြီးသေချာစေတယ်..

အသက်ရှုဖို့ ပြန်သတိရစေတယ်..

တစ်ချို့ဒဏ်ရာတွေကို မေ့ပျောက်စေပြီး
တစ်ချို့အရာတွေကို လက်ခံလာစေတယ်..

ဒါကြောင့်

စွန့်စားခန်းတွေရှာဖို့
ဘဝအသစ်ကိုပြန်စဖို့
ဒါမှမဟုတ်
ကိုယ့်ကိုယ် ကိုယ် ပြန်တွေ့ရဖို့ဆို
တောင်တန်းတွေဆီ ခရီးထွက်ဖို့ လိုလိမ့်မယ်..။

#လူခေး

ရောင်စုံပန်းခင်းကြီးရယ် ခမ်းနားတဲ့ တောင်တန်းကြီးရယ် သဘာဝကဖန်တီးထားတဲ့ ပန်ချီကားလေး🪻⚘️🌻🏞⛰️
31/05/2026

ရောင်စုံပန်းခင်းကြီးရယ် ခမ်းနားတဲ့ တောင်တန်းကြီးရယ် သဘာဝကဖန်တီးထားတဲ့ ပန်ချီကားလေး🪻⚘️🌻🏞⛰️

Fukuoka နဲ့ Itoshima မှာရှိတဲ့ တောင်တက်ဝါသနာရှင်တွေ အတွက်တော့ ဒီနေရာကို တစ်ခါတော့ မဖြစ်မနေ try ကြည့်သင့်ပါတယ် 🌿⛰️တောင်လမ...
25/03/2026

Fukuoka နဲ့ Itoshima မှာရှိတဲ့ တောင်တက်ဝါသနာရှင်တွေ အတွက်တော့ ဒီနေရာကို တစ်ခါတော့ မဖြစ်မနေ try ကြည့်သင့်ပါတယ် 🌿⛰️
တောင်လမ်းတစ်လျှောက် ရေတံခွန်လေးတွေ ဆက်တိုက်တွေ့ရပြီး သဘာဝအလှတရားကို တကယ်ခံစားလို့ရတဲ့နေရာပါ။
ဒါပေမယ့် လမ်းကြောင်းက တောင်စောင်းဘက်ကို ကပ်လျှောက်ရတဲ့နေရာများပြီး မတ်စောက်တဲ့အပိုင်းတွေလည်း ရှိတဲ့အတွက် ပထမဆုံးတက်မယ့်သူတွေ အတွက်တော့ မလွယ်ကူနိုင်ပါဘူး။
ရာသီဥတုမကောင်းတဲ့နေ့တွေမှာတော့ လုံးဝမတက်သင့်တဲ့ တောင်လည်း ဖြစ်ပါတယ် ⚠️
ဒါပေမယ့် တောင်တက်အတွေ့အကြုံရှိသူတွေ အတွက်တော့ definitely recommend ပါ 💯
Sat / Sun တွေဆို bus နဲ့ တောင်ခြေအထိ ရောက်လို့ လမ်းစရိတ်လည်း သက်သာတာမလို့ recommend ပေးပါတယ်နော်🚎🚐
⛰️
🥾

"ဒီအသက်အရွယ်အထိ ကိုယ့်ဘဝကို ပြန်ကြည့်ရင် အမှားတွေ၊ နောင်တတွေနဲ့ မငြိမ်သက်ခဲ့တဲ့ စိတ်အစဉ်တွေက နေရာအတော်များများ ယူထားခဲ့တ...
10/03/2026

"ဒီအသက်အရွယ်အထိ ကိုယ့်ဘဝကို ပြန်ကြည့်ရင် အမှားတွေ၊ နောင်တတွေနဲ့ မငြိမ်သက်ခဲ့တဲ့ စိတ်အစဉ်တွေက နေရာအတော်များများ ယူထားခဲ့တာ တွေ့ရတယ်။ ဒါဟာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘဲ ကိုယ့်ရဲ့ ရွေးချယ်မှုတွေကြောင့် ရလာတဲ့ ရလဒ်တွေပါပဲ။
​တချို့အမှားတွေအတွက် 'မလုပ်ခဲ့ရင် ကောင်းမှာပဲ' လို့ နောင်တရမိသလို၊ တချို့အမှားတွေကျတော့လည်း 'ဒီလိုမှားခဲ့လို့ပဲ အခုလို သင်ခန်းစာရတာ' ဆိုပြီး လက်ခံနိုင်ခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်အထိတော့ ကိုယ့်ကိုယ်ကိုယ် အများကြီး နာကျင်အောင် လုပ်ခဲ့မိတယ်။ သူတစ်ပါးကိုသာ ခွင့်လွတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွတ်ဖို့ကျတော့ မေ့နေခဲ့တာ...။
​အဲဒီ စိတ်ဒဏ်ရာတွေကို ဆုပ်ကိုင်ထားမိလို့ ဘာလုပ်လုပ် ရှေ့မရောက်ဘဲ အဆင်မပြေမှုတွေနဲ့ပဲ ကြုံခဲ့ရတယ်။ အခုတော့... ကိုယ့်စိတ်လေး ငြိမ်းချမ်းသွားပါပြီ။ ကိုယ်လုပ်သမျှ အသေးအမွှားလေးတွေကအစ အဓိပ္ပာယ်ရှိလာသလို ခံစားရတယ်။
​ဒီလို ပြောင်းလဲလာဖို့ လမ်းစပြပေးခဲ့တဲ့ Dr. Phio Thiha ကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ ဆရာ့စာအုပ်ကို ဖတ်မိရာကနေ နာကျင်စေတဲ့ အတွေးတွေကို လွှတ်ချတတ်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ခွင့်လွတ်နိုင်ခဲ့တယ်။ တကယ်တော့ 'ခွင့်လွတ်ခြင်း' ဆိုတာ အတိတ်က နာကျင်မှုနဲ့ အမုန်းတရားတွေကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် လုပ်ပေးလိုက်တာပါပဲ။

ဒါနဲ့လေ ဒီအသက်အရွယ်ထိ ကိုယ့်နာမည်နဲ့ ကိတ်ခွဲဖူးတာ ပထမဆုံးပဲ ကိုယ့်မွေးနေကိုယ်တောင် မေ့နေခဲ့တာ သတိရနဲ့ လုပ်ပေတဲ့အတွက် ရင်ထဲထိစွဲနေအောင်သိမ်းထားပါ့မယ် Zue May Thu အရမ်းလဲချစ်ရပါတယ်❤️

住所

Mugino4chome
Fukuoka-shi, Fukuoka
8120882

ウェブサイト

アラート

𝐊𝐡𝐢𝐧'𝐬 𝐋𝐢𝐭𝐭𝐥𝐞 𝐖𝐨𝐫𝐥𝐝がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー