06/03/2026
‼️‼️‼️အရေးကြီးအသိပေးကြေငြာခြင်း!
ပြည်တွင်းစစ်ရှောင်ဒေသကူညီပေးနေမှုများကိုရပ်တန့်လာအောင်ကြိုးစားလာသူများဂျပန်တွင်တဖြည်ဖြည်းအင်အားစုအနေနဲ့များလာခြင်းကိုအသိပေးချင်ပါသည်။
စကစရဲ့ကူညီမှုတစ်စက်လေးမှမရတဲ့ပြည်တွင်းစစ်ရှောင်ပြည်သူတွေအတွက်Japan မြို့အသီးသီးက တလရအင်အားစုတွေက အမြဲကြိုးစားကူညီပေးနေပါတယ်။
အထူးသဖြင့်ဒီလိုသင်္ကြန် ပွဲတွေမှာရန်ပုံငွေကောင်းကောင်းရှာနိုင်မှန်းသိတဲ့အတွက်တိုက်ခိုက်မှုတွေပိုများပါတယ်။
လွန်ခဲ့တဲ့နှစ်ပိုင်းအနည်းကတည်းက မသိမသာ တလရ လုပ်နေသူတွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ဖို့ လုပ်လာကြပါတယ်။ ဝင်ကြေးအခမဲ့ပွဲတော်တွေလုပ်လာပြီးမြန်မာပြည်တွင်းစကစအုပ်ချုပ်မှုအောက်က
နေရာဒေသတွေကိုပေါ်တင်ကူညီပေးမှုတွေလုပ်လာပါတယ်။
လူသားစာနာအနေနဲ့ဆိုရင်တောင်နိုင်ငံခြားအကူညီ ကူပေးလောက်ရတဲ့အထိ ဒုက္ခရောက်နေကြတာမဟုတ်ပါဘူး။ တကယ်ဒုက္ခရောက်နေကြတာပြည်တွင်းကစစ်ရှောင်ကကလေးတွေပါ။
ကူညီပေးဖို့နေနေသာသာ ဒုက္ခရောက်နေသောပြည်သူတွေအတွက်ကြိုးစားကူညီနေတဲ့နေရာတွေကို ဆက်မရပ်တည်နိုင်အောင် အပျော်ပွဲတော်တွေလုပ်လာခြင်းဟာတော်တော် ဆိုးဝါးပြီး ကျက်သရေအင်မတန်တုံးလှတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။ လူချင်းတူတာတောင်စစ်ရှောင်ကလေးတွေကလူမဟုတ်ကြပါလို့လား။
လက်မှတ်ဝင်ကြေးအခမဲ့ကိုပိုလူသိများလားအောင်ပို့စ်တွေကိုအချိန်ကိုက်တင်ပြီး အပြိုင်လုပ်လာကြတာဟာတကယ့်ရိုးသားမှုဟုတ်ပါရဲ့လား။
အဲ့တော့ ဒီလိုအဖွဲ့စည်းတွေနဲ့ပတ်သက်ဆက်နွယ်နေရင် ကျွန်တော်တို့တလရအင်အားစုတွေလုပ်တဲ့ ပွဲတွေမလာဖို့ပွင့်လင်းစွာနဲ့ကြေငြာပါသည်။
ကျွန်တော်တို့လုပ်နေသောလုပ်ရပ်များသည် ဘယ်ပွဲမှ လူသားစာနာခေါင်းစဉ်တပ်ပြီး ခွဲခြားလှူဒါန်းမှုတွေမလုပ်ခဲ့သလို ငလျင်ဖြစ်ခဲ့စဉ်ကလည်းပြည်တွင်းဒုက္ခအတိရောက်ခဲ့သောနယ်မြေများကိုကူညီပေးခဲ့ပါသည်။ စစ်ရှောင်ဒေသကပြည်သူတွေကိုလည်း လူသားထဲကလူသားတွေမို့ဆက်လက်ကူညီပါမည်။
ဒါကြောင့်ထပ်မံပြောပါမည်။ စစ်ရှောင်ပြည်သူတွေကို ကူညီပေးမှုတွေ မလိုလားဘူးမနှစ်သက်ဘူးဆိုရင် Federalတန်ခူးKyushuသင်္ကြန်ကို မလာဖို့အသိပေးကြေငြာအပ်ပါသည်။
်ခူးkyushuသင်္ကြန်2026