AHL Watercolor Art Class

AHL Watercolor Art Class Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AHL Watercolor Art Class, 216 Riding Road, Balmoral.

06/11/2026

5.11.2026 အလင်းအမှောင် perspective

✨ 3 Months of Learning & Growth ✨Mastery Program-02 မှ သင်တန်းသား၊ သင်တန်းသူများရဲ့ သင်တန်းကာလ ၃ လရောက်တဲ့အချိန် လေ့လာလေ...
05/11/2026

✨ 3 Months of Learning & Growth ✨
Mastery Program-02 မှ သင်တန်းသား၊ သင်တန်းသူများရဲ့ သင်တန်းကာလ ၃ လရောက်တဲ့အချိန် လေ့လာလေ့ကျင့်ရင်း ဖန်တီးထားကြတဲ့ ပန်းချီလက်ရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ 💕

တစ်လထက်တစ်လ ပိုမိုနက်ရှိုင်းလာတဲ့ လေ့လာမှုတွေနဲ့အတူ အရောင်အသုံးပြုပုံ၊ အလင်းအမှောင်၊ ရေဆေးနည်းစနစ်နဲ့ ပန်းချီကားတစ်ချပ်ရဲ့ ဖွဲ့စည်းပုံတွေကို လက်တွေ့အသုံးချပြီး ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ ပုံဖော်ထားကြတဲ့ လက်ရာလေးများ ဖြစ်ပါတယ်။ ✨

ပန်းချီကားတစ်ချပ်ချင်းစီတိုင်းမှာ သင်ယူမှု၊ ကြိုးစားမှုနဲ့ တိုးတက်မှုတွေကို မြင်တွေ့ရလို့ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ❤️




🎨✨ AHL WATERCOLOR FOUNDATION PROGRAM 🖌️ပန်းချီကို အခုမှ စတင်လေ့လာမယ့် Beginner များအတွက် အခြေခံကနေ တစ်ဆင့်ချင်း သင်ယူနို...
05/11/2026

🎨✨ AHL WATERCOLOR FOUNDATION PROGRAM 🖌️

ပန်းချီကို အခုမှ စတင်လေ့လာမယ့် Beginner များအတွက် အခြေခံကနေ တစ်ဆင့်ချင်း သင်ယူနိုင်မယ့် ၃ လတာ Foundation Program လေးပါ။ 🎨

သင်တန်းစတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လူ ၅ ယောက်ပဲ ထပ်လက်ခံဖို့ ကျန်ပါတော့တယ်။ ✨

📅 သင်တန်းစတင်မည့်ရက် – ၂၁.၁၁.၂၀၂၆ (စနေနေ့)
⏰ Saturday & Sunday | 4:00 PM – 5:30 PM
💻 Online Live Class

📣 Limited Seats – Only 5 Seats Left!
စိတ်ဝင်စားသူများ အမြန်ဆုံးစာရင်းပေးသွင်းထားနိုင်ပါပြီရှင့်။

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။ 💛





🎨 AHL WATERCOLOR FOUNDATION PROGRAM
Build Your Skills · Paint Your World

ရေဆေးပန်းချီကို အခြေခံကနေ စနစ်တကျ လေ့လာချင်သူများအတွက် ၃ လတာ Online Live Class ကို ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ 🖌️

သင်တန်းသားတွေ ရရှိမယ့် အကျိုးကျေးဇူး

- ပန်းချီမဆွဲဖူးသူတွေလည်း အခြေခံကနေ စနစ်တကျ သင်ယူနိုင်ခြင်း
- Watercolor ပစ္စည်းတွေကို မှန်ကန်စွာ အသုံးပြုတတ်လာခြင်း
- အရောင်ဖော်စပ်ခြင်း၊ အလင်းအမှောင်နဲ့ ပုံဖွဲ့စည်းပုံ နားလည်လာခြင်း
- ကိုယ်တိုင် Artwork ဖန်တီးနိုင်ခြင်း
- Basic ပြီးဆုံးပါက Advanced / Mastery Program ကို ဆက်လက်တက်ရောက်နိုင်ခြင်း

📌 သင်တန်းအချက်အလက်များ

🎨 Program — AHL Watercolor Foundation Program
💻သင်ကြားမှုပုံစံ—Online zoom Live Class
📅 အချိန် — စနေ၊ တနင်္ဂနွေ
🕓 ညနေ ၄:၀၀ မှ ၅:၃၀ အထိ
💰 သင်တန်းကြေး — တစ်လ ၇၅,၀၀၀ ကျပ်
📚 သင်တန်းကာလ — ၃ လ (စုစုပေါင်း ၂၂၅,၀၀၀ ကျပ်)

👥 သင်တန်းသား ၁၀ ဦးသာ လက်ခံပါမယ်။

သင်တန်းသား ၁၀ ဦး ပြည့်စုံတာနဲ့ သင်တန်းစတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဝင်စားသူများအနေနဲ့ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါတယ်။

ဒီသင်တန်းဟာ ပန်းချီကို အပျော်တမ်းရေးဆွဲချင်သူများ၊ အခြေခံပညာရပ်တွေကို စနစ်တကျ ပြန်လည်လေ့လာချင်သူများနဲ့ ကိုယ့်ရဲ့ Artistic Journey ကို စတင်ချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။

🖌️ သင်တန်းအပ်နှံရန်နှင့် အသေးစိတ်သိရှိလိုပါက Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင့်ရဲ့ Watercolor Journey ကို AHL နဲ့အတူ စတင်လိုက်ပါ။ ❤️





04/11/2026

3.11.2026 ကိုယ်တိုင်ရောက်ရှိနေတဲ့ နေရာလေးရဲ့ အလှတရားကိုWatercolor နဲ့ မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။
အလင်း၊ အရိပ်နဲ့ အရောင်တွေရဲ့ အတွေ့အကြုံလေးတွေကို
ပန်းချီချစ်သူတွေနဲ့အတူ မျှဝေလိုက်ပါတယ်။ 🎨

02/11/2026

🎨🌿 Outdoor Painting – Art in Nature 🖌️

သဘာဝအလှတရားတွေကြားမှာ အရောင်တွေနဲ့ ကိုယ်ပိုင်အနုပညာကို ဖန်တီးရင်း ရရှိခဲ့တဲ့ ပျော်ရွှင်စရာ အတွေ့အကြုံလေးတွေကို မျှဝေလိုက်ပါတယ်။ 💚✨

Paint what you see. Feel what you paint. 🎨

🎨✨ SHWEDAGON WATERCOLOR WORKSHOP ✨🖌️Paint the Golden Beauty of Shwedagonရွှေရောင်တောက်ပနေတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အလ...
02/11/2026

🎨✨ SHWEDAGON WATERCOLOR WORKSHOP ✨🖌️
Paint the Golden Beauty of Shwedagon

ရွှေရောင်တောက်ပနေတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အလှတရားကို ရေဆေးပန်းချီနဲ့ ကိုယ်တိုင်ဖန်တီးကြည့်ချင်ပါသလား။ 💛

AHL Art Space ရဲ့ Watercolor Workshop Series မှာ ဆရာ အောင်ထက်လွင် (Watercolor Artist) နဲ့အတူ ရွှေတိဂုံစေတီတော်ရဲ့ ရွှေရောင်အလင်းအမှောင်၊ မြို့ပြရှုခင်းနဲ့ လူပုံလေးတွေကို ရေဆေးနည်းစနစ်များအသုံးပြုပြီး လေ့လာဖန်တီးနိုင်မယ့် အခွင့်အရေးလေးပါ။ 🎨

📣 LIMITED SEATS – ONLY 10 PARTICIPANTS!
လူဦးရေ ၁၀ ယောက်သာ လက်ခံသင်ကြားပေးမှာဖြစ်လို့ စိတ်ဝင်စားသူများ အမြန်ဆုံးစာရင်းပေးသွင်းထားဖို့ ဖိတ်ခေါ်ပါတယ်။💕

📌 WORKSHOP DETAILS

📅 Date – 14.11.2026 (Saturday)
⏰ Time – 9:00 AM – 1:00 PM (4 Hours)
📍 Venue – Willow Cafe, Yangon
💰 Workshop Fee – 120,000 MMK / Person

🎨 WORKSHOP HIGHLIGHTS
• ရွှေတိဂုံစေတီတော်ကို ရိုးရှင်းလွယ်ကူစွာ ပုံဆွဲနည်း
• ရွှေရောင်နဲ့ အလင်းအမှောင် ဖော်ပြနည်း
• Watercolor Techniques – Wet-on-Wet & Layering
• Urban Landscape ထဲက လူပုံများနဲ့ လေထုအခြေအနေ ဖော်ပြနည်း

💝 WORKSHOP FEE မှာ ပါဝင်မယ့်အရာများ
✔️ ပန်းချီပစ္စည်းများ စီစဉ်ပေးခြင်း
✔️ Workshop Note Book 📒
✔️ Coffee & Cake ☕🍰
✔️ Workshop Certificate
✔️ Feedback & Guidance

Workshop မှာ သင်ယူခဲ့တဲ့ နည်းစနစ်တွေကို နောက်ပိုင်းမှာ ပြန်လည်လေ့လာနိုင်ဖို့ Workshop Note Book လေးကိုလည်း တက်ရောက်သူတိုင်းအတွက် စီစဉ်ပေးထားပါတယ်။💕

ပန်းချီကို ချစ်မြတ်နိုးသူတွေအားလုံးအတွက် အနုပညာနဲ့ အမှတ်တရနေ့လေးတစ်နေ့ ဖန်တီးကြရအောင်။❤️

📩 REGISTRATION & DETAILS
Workshop တက်ရောက်လိုသူများ Page Messenger မှာ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။

Let’s paint Yangon together! 🎨💕







🎨ပန်းချီကို အခြေခံကနေ စတင်လေ့လာပြီး Advanced အဆင့်အထိ ဆက်လက်သင်ယူလေ့ကျင့်လာတဲ့အခါ ဘယ်လောက်အထိ ဖန်တီးနိုင်လာမလဲ…? 🥰အခုမြင...
29/10/2026

🎨ပန်းချီကို အခြေခံကနေ စတင်လေ့လာပြီး Advanced အဆင့်အထိ ဆက်လက်သင်ယူလေ့ကျင့်လာတဲ့အခါ ဘယ်လောက်အထိ ဖန်တီးနိုင်လာမလဲ…? 🥰

အခုမြင်တွေ့နေရတဲ့ လက်ရာလေးတွေကတော့ Basic Painting Class မှာ အခြေခံပညာရပ်တွေကို သင်ယူပြီး Advanced Class ကို ဆက်လက်တက်ရောက်လာတဲ့ ၄ လတာကာလအတွင်း သင်တန်းသား၊ သင်တန်းသူများ ကိုယ်တိုင်ဖန်တီးထားတဲ့ ပန်းချီလက်ရာလေးတွေ ဖြစ်ပါတယ်။ 🎨💕

အရောင်စပ်နည်း၊ အလင်းအမှောင်၊ အရိပ်အယောင်နဲ့ ရေဆေးနည်းစနစ်တွေကို တစ်ဆင့်ချင်း လေ့လာလေ့ကျင့်ရင်း ကိုယ်ပိုင်လက်ရာတွေ ဖန်တီးလာနိုင်ကြတာဟာ တကယ်ကို ဝမ်းသာဂုဏ်ယူစရာပါပဲ။ ❤️
ပန်းချီဆွဲတတ်ဖို့ အရည်အချင်းပါမှ မဟုတ်ပါဘူး။ အခြေခံကနေ စနစ်တကျ သင်ယူပြီး စိတ်ရှည်ရှည်နဲ့ လေ့ကျင့်သွားဖို့က ပိုအရေးကြီးပါတယ်။ 🖌️

ကိုယ်တိုင်လည်း ပန်းချီဆွဲတတ်ချင်တယ်၊ ကိုယ့်လက်ရာလေးတွေကို ကိုယ်တိုင်ဖန်တီးချင်တယ်ဆိုရင် အခုကစပြီး စတင်လေ့လာလိုက်ပါနော်။ 🎨✨

Basic ကနေ စတင်ပြီး ပိုမိုအဆင့်မြင့်တဲ့ ပန်းချီလက်ရာတွေ ဖန်တီးနိုင်ဖို့ ဆရာအောင်ထက်လွင် နဲ့အတူ လေ့လာသင်ယူလိုက်ကြရအောင်။💕

📩 သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။






📢 သင်တန်းပိတ်ရက် အသိပေးကြေညာခြင်း 🎨ချစ်ခင်ရပါသော သင်တန်းသား၊ သင်တန်းသူများ ခင်ဗျာ💕သီတင်းကျွတ်အခါသမယတွင် အားလုံး အေးချမ်း...
25/10/2026

📢 သင်တန်းပိတ်ရက် အသိပေးကြေညာခြင်း 🎨

ချစ်ခင်ရပါသော သင်တန်းသား၊ သင်တန်းသူများ ခင်ဗျာ💕

သီတင်းကျွတ်အခါသမယတွင် အားလုံး အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရန်အတွက် အောက်တိုဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် ပန်းချီသင်တန်းများအားလုံးကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ 🙏✨

သင်တန်းများကို ၂၈ရက်နေ့မှစပြီး သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။🎨🖌️

အားလုံးပဲ သီတင်းကျွတ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းသော အချိန်လေးများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။🪔💛

Happy Thadingyut Festival! 🪔✨



Address

216 Riding Road
Balmoral, QLD
4171

Website

Alerts

Be the first to know and let us send you an email when AHL Watercolor Art Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share